macOS Monterey ရဲ့ latest version ကို ယခု download လုပ်ဖို့ ရပါပြီ

Apple’s new M1-equipped iMac.Photo by Amelia Holowaty Krales / The Verge

macOS ၏ latest version ဖြစ်သော Monterey ကို Apple ဖော်ပြချက် အရ ယခု download လုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။ Software ကို public beta မှာ လ အတော်ကြာ အသုံးပြု နိုင်ပြီ ဖြစ်သော်လည်း ယနေ့ ထုတ်လွှတ်မှုက Apple မှ software ကို အမြဲ သုံးဖို့ အတွက် အဆင်သင့် ဖြစ်နေပြီဟု ယူဆ ရပါတယ်။

အစဉ်အလာ အတိုင်း Apple က ဇွန်လက WWDC တွင် ၎င်းရဲ့ macOS ၏ latest version ကို ကြေညာခဲ့ ပါတယ်။ Features အသစ်တွေမှာ Macs တွေကို iPhone နှင့် iPad တွေမှ အကြောင်းအရာတွေ ဖွင့်ဖို့ AirPlay ပစ်မှတ် တစ်ခု အဖြစ် သတ်မှတ်နိုင်မှု စွမ်းရည် အပြင် Shortcuts တွေ ၊ Apple ၏ iOS automation software တွေ ပါဝင် ပါတယ်။ FaceTime နှင့် Quick Note feature အသစ်တွေ ကိုလည်း မြှင့်တင်မှုတွေ ပြုလုပ် ထားပါတယ်။ မကြာခင် ထွက်ရှိလာဖို့ ရှိတဲ့ အရာ အပြည့်အစုံ အတွက်၊ ဇူလိုင်လမှ preview ကြည့်ခြင်း အပြင် Apple ၏ ကိုယ်ပိုင် feature list ကို ၀င်ပြီး ကြည့်ရှု နိုင်ပါတယ်။

ကံမကောင်းတာကတော့ Monterey ၏ အကြီးမားဆုံး နောက်ထပ် အသစ်တွေ ဖြစ်သော Universal Control နှင့် SharePlay အချို့ကို စစခြင်း အချိန်တွင် ရနိုင်ပုံ မပေါ်ပါဘူး။ Feature နှစ်ခု စလုံးကို “later this fall.” မှာ ရနိုင် လိမ့်မည်ဟု Apple က မှတ်ချက် ချထား ပါတယ်။

Universal Control က Apple ၏ Craig Federighi ဟာ WWDC မှာ ပြသထား သကဲ့သို့ မတူညီတဲ့ machines တွေ များစွာကြားမှာ ဖိုင်တွေကို drag and drop လုပ်နိုင် စေမှာပဲ ဖြစ်ပါတယ်။ ၎င်းဟာ Macs ၊ MacBooks နှင့် iPads အပါအဝင် Apple devices အများအပြားကို တူညီတဲ့ mouse နှင့် keyboard ဖြင့် ထိန်းချုပ် နိုင်စေမှာ ဖြစ်ပါတယ်။

SharePlay က FaceTime ဖြင့် ချိတ်ဆက် ထားစဉ်မှာ music ၊ TV shows များ ၊ movies များနှင့် အခြား အရာများကို မျှဝေ ခံစား နိုင်စေမှာပဲ ဖြစ်ပါတယ်။ ၎င်းကို ရရှိ နိုင်တာနှင့် တပြိုင်နက် Apple Music ၊ Apple TV+ နှင့် အမည် မဖော်ပြထားတဲ့ “popular third-party services.” တို့ဖြင့် feature ကို အသုံးပြု နိုင်သည်ဟု Apple မှ ပြောကြားခဲ့ ပါတယ်။

Safari ၏ ဒီဇိုင်း အသစ်နှင့် ပတ်သက်လာလျှင် သတင်းကောင်း ဖြစ်ပါတယ်။ WWDC တွင် မိတ်ဆက်ထားတဲ့ အငြင်းပွားဖွယ်ရာ tab design အသစ် ထက် ယခု ပုံမှန်အားဖြင့် ပိုပြီး သာလွန်တဲ့ traditional interface ကို အသုံးပြု ပါတယ်။ အစောပိုင်း အသုံးပြုသူများက အခြားအရာတွေ ကြားမှာ အပြောင်းအလဲတွေက ဘယ် tab ကို လက်ရှိ အသုံးပြု နေတယ်ဆိုတာကို ဖော်ထုတ်ဖို့ အလွန် ခက်ခဲစေတယ်ဟု စောဒက တက်ခဲ့ကြ ပါတယ်။

Monterey ကို run နိုင်တဲ့ Macs ရဲ့ list အပြည့်အစုံကို အောက်မှာ တွေ့ရှိ နိုင်ပါတယ်။

Track လိုက်တဲ့ သူတွေအတွက် ပြီးခဲ့တဲ့နှစ်က Big Sur ရရှိခဲ့သော models အချို့ဟာ Monterey party မှ ထွက်ခွာသွားခဲ့ပါတယ်။ ၎င်းတို့တွင် 2015 MacBook ၊ 2013 MacBook Air ၊ 2013 နှောင်းပိုင်း MacBook Pro နှင့် 2014 iMac တို့ ပါဝင်ပါတယ်။ ဒီမှာ အထူး model ကို ခွဲခြား သတ်မှတ်ဖို့အတွက် Apple ၏ လမ်းညွှန်ချက် ဖြစ်ပြီး စက်ကို update လုပ်ဖို့အတွက် လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။

Monterey ကို install လုပ်ဖို့ System Preferences -> Software Update ကို သွားပါ ( သို့မဟုတ် Spotlight မှာ “Software Update” ကို ရှာဖွေပါ)။ Monterey က ရရှိနိုင်တဲ့ install တစ်ခု အဖြစ် ပေါ်လာပါက install process စတင်ဖို့ upgrade button ကို နှိပ်နိုင်ပါတယ်။ မပေါ်ပါက ၎င်းဟာ ဆက်လက် ထွက်ရှိလာဖို့ ရှိသောကြောင့် နောက်ပိုင်းတွင် ပြန်လည် စစ်ဆေးရန် လိုအပ်နိုင် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။