‘Mac-level’ Power နှင့်အတူ လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် Apple ရဲ့ AR Headset

Illustration by Alex Castro / The Verge

Apple ရဲ့ ပထမဆုံး AR headset ကို 2022 ခုနှစ် စတုတ္ထ သုံးလပတ် ( fourth quarter ) မှာ ထွက်ရှိ လာမှာ ဖြစ်ကြောင်း MacRumors နှင့် 9to5Mac တို့မှ လေ့လာ သုံးသပ်သူ Ming-chi Kuo ရဲ့ research note တစ်ခု အရ သိရ ပါတယ်။

Kuo က headset ကို လာမည့် နှစ်တွင် ထွက်ရှိ လာမယ် ဟု မတ်လ အတွင်းက ခန့်မှန်း ခဲ့ပြီး ယခု အခါမှာ device ပေါ်ရှိ နည်းပညာ ဆိုင်ရာ အချက်အလက်များ ( technical information ) ကို ကြည့်ပြီးလည်း ခန့်မှန်းလို့ ရပါတယ်။

Ming-chi Kuo ရဲ့ အဆို အရ headset မှာ processors နှစ်ခု ပါရှိမှာ ဖြစ်ပြီး တစ်ခုက ” M1 chip ကဲ့သို့ computing power ရဲ့ တူညီတဲ့ level ” ရှိပြီး sensors အမျိုးမျိုး မှ input ကို handle လုပ်ဖို့ lower-end chip တစ်ခု ပါရှိ ပါတယ်။ ဥပမာ အားဖြင့် ၊ headset မှာ “AR services တွေ ကနေ တဆင့် ဆက်တိုက် video ကြည့်ရှုတာ တွေကို တပြိုင်နက်တည်း ပံ့ပိုး ပေးဖို့ အတွက် အနည်းဆုံး 6-8 optical modules တွေ ” ပါရှိ ပါတယ် လို့ Kuo က ပြောထား ပါတယ်။ Headset မှာ Sony မှ 4K OLED microdisplay နှစ်ခု ပါရှိတယ် လို့လည်း သိရ ပါတယ်။

Ming-chi Kuo က Headset ရဲ့ “Mac-level (PC-level) computing power,” ကို ၎င်းရဲ့ လုပ်ဆောင်ချက် တွေက ကြိုးမဲ့ လည်ပတ် နိုင်တဲ့ စွမ်းရည် နှင့် ၎င်း applications ရဲ့ ကျယ်ပြန့်တဲ့ range တွေကို competitors တွေနှင့် ကွဲပြား စေမယ့် အကြောင်းရင်း အဖြစ် ကိုးကား ထားပါတယ်။

Device ပေါ်ရှိတဲ့ အမျိုးမျိုးသော reports တွေဟာ အကြောင်း အရာ content တွေကို stream ထုတ်လွှင့်ဖို့ iPhone ( သို့မဟုတ် ) သီးခြား processor box ကို မှီခိုခြင်း ရှိ ၊ မရှိ ဆိုတာကို ဖော်ပြချက် တွေက တူညီ နိုင်မှာ မဟုတ်ပါဘူး။

Kuo က ၎င်းဟာ standalone platform တစ်ခု ဖြစ်လာမယ် ဟု ယုံကြည် နေပုံ ရပြီး “AR headset ကို Mac ( သို့မဟုတ် ) iPhone အတွက် accessory ဆက်စပ် ပစ္စည်း အဖြစ်သာ သတ်မှတ် ထားပါက ၊ ၎င်းက ထုတ်ကုန် တိုးတက်မှု အတွက် အထောက်အကူ ဖြစ်မှာ မဟုတ်ပါဘူး။

အမှီအခို ကင်းစွာ အလုပ် လုပ်တဲ့ AR headset ဟာ ၎င်းရဲ့ own ecosystem ရှိမှာ ဖြစ်ပြီး အပြည့်စုံဆုံး နှင့် လိုက်လျော ညီထွေ ရှိတဲ့ သုံးစွဲသူ အတွေ့အကြုံ ( most complete and flexible user experience ) ကို ပေးဆောင် လိမ်မယ် ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။”

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။