LG ရဲ့ 2021 Gram လက်ပ်တော့တွေကို အမေရိကန်မှာစတင်ဖြန့်ချီ

LG က ပြီးခဲ့တဲ့ လ CES မှာ Gram လက်ပ်တော့ အသစ်တွေကို ကြေညာခဲ့ပြီး အခုတော့ ၁၄ လက်မ၊ ၁၆ လက်မနဲ့ ၁၇ လက်မ မော်ဒယ်တွေကို အမေရိကန်မှာ ရောင်းပေးလိုက် ပါပြီ။ ၁၄ လက်မ မော်ဒယ်မှာ Intel 11 Gen Tiger Lake i3 Processor မောင်းနှင်ထားပြီး ၉၉၉ ဒေါ်လာက စကာ ၉၉၉ ဂရမ် အလေးချိန်ရှိပါတယ်။ ၁၄ သိန်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။မော်ဒယ် အားလုံးမှာ 16:10 Aspect Ratio မျက်နှာပြင်နဲ့ Iris Xe GPUs တွေ ထည့်ထားပြီး 8/16GB LPDDR4x RAM ထောက်ပံ့ ထားပါတယ်။

2TB NVMe SSDs အထိ ရွေးချယ်နိုင်ပြီး ဈေးအကြီးဆုံး ၁၇ လက်မ မော်ဒယ်ကို ၁,၇၉၉ ဒေါ်လာ သတ်မှတ်ထားကာ ၂၅ သိန်း ၃ သောင်းလောက် တန်ကြေးရှိပါတယ်။၁၇ လက်မ မော်ဒယ်မှာ IPS 2560x1600p မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်အစား ကြီးပေမယ့် ၁.၃၅ ကီလိုဂရမ်ပဲ အလေးချိန်ရှိပါတယ်။ Gram လက်ပ်တော့ အားလုံးမှာ MIL-STD-810G စံနှုန်း၊ လက်ဗွေရာ ကိရိယာ၊ WiFi 6 နဲ့ Backlit ကီးဘုတ်တွေ ထောက်ပံ့ ထားပါတယ်။

LG က ပြီးခဲ့တဲ့ လ CES မှာ Gram လက်ပ်တော့ အသစ်တွေကို ကြေညာခဲ့ပြီး အခုတော့ ၁၄ လက်မ၊ ၁၆ လက်မနဲ့ ၁၇ လက်မ မော်ဒယ်တွေကို အမေရိကန်မှာ ရောင်းပေးလိုက်ပါပြီ။

၁၄ နဲ့ ၁၆ လက်မ ၂ မျိုးသုံး မော်ဒယ်တွေမှာ Wacom AES 2.0 Stylus နည်းပညာ ပါလာပြီး မတ်လလယ်မှာ ရောင်းမှာပါ။ ၁၄ လက်မ ၂ မျိုးသုံး မော်ဒယ်ကို ၁,၆၉၉ ဒေါ်လာနဲ့ ၁၆ လက်မ မော်ဒယ်ကို ၁,၉၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။