LG က Rollable ဖုန်း စီမံကိန်းရပ်နားမယ့်သတင်းကို ငြင်းဆို

LG ဟာ CES 2021 မှာ Rollable ဖုန်းကို ပြသခဲ့ပြီး အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ ဒီဇိုင်းပါ။ မကြာခင်က သူ့ကို အမြောက်အများ ထုတ်လုပ်ရောင်းချမယ့် အစီအစဉ် ပျက်သွား ပြီဖြစ်ပြီး LG ဟာ စမတ်ဖုန်း လုပ်ငန်းကို စွန့်ခွာမယ် ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။

LG CEO ဟာ မိုဘိုင်း လုပ်ငန်းကို စွန့်ခွာဖို့ စဉ်းစားနေပြီး ဝယ်ယူမယ့် ကုမ္ပဏီကို လိုက်ရှာ နေတယ်လို့ သတင်းထွက်နေပါတယ်။ LG ဟာ စမတ်ဖုန်း‌လောကကို အစောထဲက ဦးဆောင် ခဲ့သူတွေထဲက ၁ ခု ဖြစ်ပေမယ့် အခုတော့ နှစ်များစွာကြာ တောက်လျှောက် ရှုံးနေတဲ့အတွက် စွန့်ခွာတော့မယ်လို့ သတင်းထွက်နေပါတယ်။ LG ဟာ စမတ်ဖုန်း လုပ်ငန်းကို ရောင်းဖို့၊ ငှားဖို့ သို့မဟုတ် လျှော့ချဖို့ နည်းလမ်းတွေကို စဉ်းစားနေပါတယ်။

အခုတော့ LG ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က “ LG ဟာ စမတ်ဖုန်း လောကကို စွန့်ခွာဖို့ မဆုံးဖြတ်ရသေးသလို Rollable ဖုန်းကို မထုတ်လုပ်တော့ဘူးဆိုတာလည်း မဟုတ်သေးဘူးလို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

LG ဟာ CES 2021 မှာ Rollable ဖုန်းကို ပြသခဲ့ပြီး အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ ဒီဇိုင်းပါ။ မကြာခင်က သူ့ကို အမြောက်အများ ထုတ်လုပ်ရောင်းချမယ့် အစီအစဉ် ပျက်သွားပြီ ဖြစ်ပြီး LG ဟာ စမတ်ဖုန်း လုပ်ငန်းကို စွန့်ခွာမယ် ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။

                                                                                                              

LG ဟာ စမတ်ဖုန်း လုပ်ငန်းမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရမ်း ရုန်းကန်ခဲ့ရပါတယ်။ နောက်ဆုံး ၅ နှစ်အတွင်း ဒေါ်လာ ၄.၅ ဘီလီယမ်လောက်နဲ့ ၂၀၂၀ တစ်နှစ်လုံးမှာ ဒေါ်လာ ၇၂၃ သန်းလောက် ရှုံးခဲ့တယ်လို့ သိရပါတယ်။

Photo : Gizmochina

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။