Lenovo က Brand ၏ ပထမဆုံး 5G tablets များဖြစ်တဲ့ Tab P11 နှင့် Tab P12 Pro

Lenovo က Brand ၏ ပထမဆုံး 5G အသုံးပြု နိုင်သော tablet ကို ထုတ်လုပ် ဖြန့်ချိ ခဲ့ပါတယ်။ Entertainment နှင့် Serious Work အတွက် အကျိုးရှိရှိ အသုံးပြု နိုင်မှာပဲ ဖြစ်ပါတယ်။

Lenovo Tab P12 Pro

Lenovo Tab P12 Pro ဟာ Tab P11 Pro ထက် Snapdragon 870 chipset များစွာ ပါ၀င် ပါတယ်။ ၎င်းတွင် RAM 8 GB နှင့် Storage 256 GB တို့ ပါ၀င်တာကြောင့် လေးနက်တဲ့ အလုပ် အချို့ကို လုပ်ဆောင် နိုင်ပါတယ်။

Tablet ၏ ကိုယ်ထည်ဟာ သတ္တု ကိုယ်ထည် ( all-metal body )ဖြစ်ပြီး အလေးချိန် ၅၆၅ ဂရမ် ( weighs 565g ) နှင့် ၅.၆၃ မီလီမီတာ အထူ ( 5.63 mm thick )သာ ရှိပါတယ်။ 1.3 mm key travel နှင့် ပေါင်းစပ် ထားသော trackpad ပါတဲ့ Lenovo ၏ အရွယ်အစား အပြည့် keyboard (19 mm key pitch) တို့ဖြင့် compact laptop တစ်ခု အဖြစ် ၎င်းကို အသုံးပြု နိုင်ပါတယ်။ Tablet ပေါ်တွင် သံလိုက်ဓာတ် ပါ၀င်ပြီး ကြိုးမဲ့ အားသွင်း ( charges wirelessly) နိုင်သော Lenovo Precision Pen 3 အတွက် အထောက်အပံ့ တစ်ခုလည်း ပါရှိ ပါတယ်။

Panel တွင် color များစွာကို ရောစပ် ဖန်တီးထားပြီး တိကျသော color များ ပါ၀င်တဲ့ NTSC plus ၏ 107% coverage နှင့်အတူ Dolby Vision နှင့် HDR10+ အတွက် ထောက်ပံ့ ပေးပါတယ်။ ၎င်းဟာ အထွတ်အထိပ်တွင် brightness 600 nits ကို ထုတ်လွှတ်ပေးပြီး flicker-free operation အတွက် DC dimming ကို ထောက်ပံ့ ပေးပါတယ်။

Lenovo Tab P12 Pro တွင် JBL speaker ( 4 )လုံး တပ်ဆင်ထားပြီး Dolby Atmos နှင့် Lenovo Premium Audio tuning features များ ပါ၀င် ပါတယ်။ 10,200 mAh battery ဖြင့် 45W fast charging (အမြန်အားသွင်းစနစ်)တို့ ပါ၀င် ပါတယ်။

P12 Pro က Android 11 ကို သုံး၍ Project Unity ကို ပထမဆုံး ပြသ ပါလိမ့်မယ်။ ၎င်းဟာ Tablet ကို Windows 10 ( သို့မဟုတ် ) 11 Lenovo PC နှင့် တွဲ၍ wireless second display တစ်ခု အဖြစ် သုံးနိုင်ပါတယ်။ Unity က platform-agnostic multitasking experience အတွက် Windows နှင့် Android app များကို side by side ပြသနိုင် ပါတယ်။

Lenovo Tab P12 Pro ဟာ Wi-Fi only နှင့် 5G ဆိုပြီး versions နှစ်မျိုးနဲ့ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။ Wi-Fi only version ကို ဒေါ်လာ ၆၁၀ ($610) ဖြင့် အောက်တိုဘာလမှ စတင် ရောင်းချမှာ ဖြစ်ပြီး Lenovo.com မှ ရရှိနိုင် ပါတယ်။ 5G version ကို Europe ၊ အရှေ့ အလယ်ပိုင်း ( Middle East )နှင့် Africa တို့မှာ VAT မတိုင်မီ ယူရို ၉၀၀ ( €900 ) စျေးနှုန်းဖြင့် ရောင်းချ ပေးသွားမှာပဲ ဖြစ်ပါတယ်။

Lenovo Tab P11 5G

Tab P12 Pro က စျေးကြီး လွန်းနေရင် Lenovo က ပိုပြီး စျေးသက်သာတဲ့ ရွေးချယ်စရာ တစ်ခု ရှိပါတယ်၊၊ Tab P11 5G တွင် 11” IPS LCD ပါ၀င်တဲ့ resolution 2,000 × 1,200 pixels ၊ refresh rate 60 Hz တို့ ပါ၀င် ပါတယ်။ Dolby Vision ကို ( HDR10+ မပါသော်လည်း ) peak brightness မှာ 400 nits ဖြစ်ပါတယ်။

Lenovo Tab P12 Pro တွင် Qualcomm Snapdragon 750G chipset ကို တပ်ဆင် ပေးထားပြီး၊ sub-6 GHz bands များတွင် 5G ဆက်သွယ်မှုကို ထောက်ပံ့ ပေးကာ RAM 8GB နှင့် storage 256GB ပါ ၀ င် ပါတယ်။

၎င်းက keyboard add-on နှင့် stylus ( older Precision Pen 2 ) တို့အပြင် USB-C port နှင့် DisplayPort features တို့ ပါ၀င် ပါတယ်။ Dolby Atmos ကို ထောက်ပံ့သော JBL speaker ( 4 )လုံး ၊ 7,700 mAh battery က video streaming အတွက် 12 ကြာ အသုံးပြုနိုင်ပြီး 20W fast charging (အမြန်အားသွင်းစနစ်) ကို ထောက်ပံ့ပေး ပါတယ်။

Lenovo Tab P11 5G ကို Europe ၊ အရှေ့ အလယ်ပိုင်း ( Middle East )နှင့် Africa တို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ယူရို ၅၀၀ ( €500 ) စျေးနှုန်းဖြင့် ရောင်းချပေးမှာပဲ ဖြစ်ပါတယ်။

Reference: gsmarena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။