Jarviz Application ရှိ Operation Log Feature ရဲ့ ရရှိနိုင်သော အကျိုးကျေးဇူးများ

ယခုလို ခေတ်မှီ ဖွံ့ဖြိုး တိုးတက် အဆင့်မြင့် လာသော ခေတ်ကြီးမှာ ကျွန်တော်တို့သည်လည်း ခေတ်မှီ ဖွံ့ဖြိုး တိုးတက် အဆင့်မြင့်စွာ နေထိုင်ဖို့ လိုအပ် လာပါသည်။ဒါကြောင့် ခေတ်နဲ့ အညီ အလုပ်များ လုပ်ဆောင်ရာတွင်လဲ အရင်ကထက် ပိုမိုမြန်ဆန် လျှင်မြန်စွာ လုပ်ဆောင်နိုင်ရန် လိုအပ်လာပါသည်။ယခင်ကဆို အလုပ်မှာ လိုအပ်သော အချက်အလက် တစ်ခုခုကို ရှာဖွေချင်လျှင် စာရွက်စာတန်းများကို ရှာဖွေ ဖတ်ရှု ရပါသည်။ ယခုခေတ်မှာဆို အချက်အလက် တစ်ခုခုကို ရှာဖွေချင်လျှင် အင်တာနက်ပေါ်တွင် Click လေး အနည်းငယ်နှိပ်ရုံဖြင့် ရှာဖွေ ဖတ်ရှု နိုင်ပါသည်။ Jarviz Application တွင် ပါရှိသော Operation Log Feature သည် စီးပွားရေး လုပ်ငန်းရှင်များ HR ဌာနတွင် လိုအပ်သော စီမံ ခန့်ခွဲ မှုများကို လွယ်ကူ ရိုးရှင်းစွာ ဆောင်ရွက်နိုင်ရန် လုပ်ဆောင် ပေးနိုင်ပါသည်။Operation အတွက် လိုအပ်သော အချက်အလက်များကို ပြောကြားဖို့ လိုအပ်လာပါက ယခင်ကလို စာရွက်စာတမ်းများဖြင့် ရေးသား တင်ပြစရာ မလိုအပ်တော့ပဲ HR ဆီကို ပြောကြားလိုလျှင် ဖုန်းဆက်စရာ မလိုအပ်တော့ပဲ မိုဘိုင်းဖုန်း ရှိရုံဖြင့် Jarviz Application တွင် ပါရှိသော Operation Log Feature မှ တစ်ဆင့် အသိပေး ပြောကြားနိုင်မှာပဲ ဖြစ်ပါသည်။

စီမံခန့်ခွဲမှုဌာနမှ HR များဘက်ကလဲ ဝန်ထမ်းများရဲ့ အသိပေး ပြောကြားလိုသော နေ့စဉ် အလုပ်မှတ်တမ်းများကို Website မှ တစ်ဆင့် Approve လုပ်ပေးရုံပဲ ဆိုတော့ ယခင်ကလို အလုပ်မရှုပ်စေဘဲ ပိုမို လွယ်ကူ လျှင်မြန်စွာ ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါသည်။Jarviz Application တွင် ပါရှိသော Operation Log Feature သည် လုပ်ငန်းရှင်များ လုပ်ငန်း လည်ပတ်မှု မှတ်တမ်းများ ၊ ဝန်ထမ်း တစ်ဦးအတွက် နေ့စဉ် တာ၀န် ပေးအပ်ထားသော အလုပ်တစ်ခုချင်းစီ အတွက် အလုပ်ရဲ့ နေ့စွဲ နှင့် အချိန် ကို Click လေး တစ်ချက် နှိပ်လိုက်ရုံဖြင့် လွယ်ကူ လျှင်မြန်စွာ သိရှိနိုင်မှာပဲ ဖြစ်ပါသည်။ဝန်ထမ်းများ လုပ်ဆောင်နိုင်သည့် လုပ်ငန်းမှတ်တမ်းများကို မိုဘိုင်းဖုန်းများ မှတဆင့် အလွယ်တကူ မြန်ဆန်စွာ မှတ်တမ်းတင်နိုင်သည့်အချိန်မှာ ၂ မိနစ်သာလျှင် လိုအပ်ပါသည်။

Operation Log Feature For Jarviz Application မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • ဝန်ထမ်းများနေ့စဉ်အလုပ်မှတ်တမ်းများ တင်နိုင်ခြင်း။
  • အလုပ်ရှင်မှလည်း ဝန်ထမ်းများ လုပ်ငန်းတာဝန်များကို လွယ်ကူစွာ စောင့်ကြည့်စစ်ဆေးနိုင်ခြင်း။
  • မည်သည့်နေရာ မည်သည့်အချိန်မှာမဆို မိုဘိုင်းဖုန်းဖြင့် အလွယ်တကူ မှတ်တမ်းတင်နိုင်ခြင်း။
  • သက်ဆိုင်ရာ Line Manager ( or ) HR များက Website မှ တဆင့် နေ့စဉ် အလုပ် မှတ်တမ်းများကို Approve လုပ်ပေးနိုင်ခြင်း။
  • အလုပ် မှတ်တမ်းများကို တည်းဖြတ်ရန် (သို့မဟုတ်)ဤမူကြမ်းကို ဖျက်ရန် တောင်းဆိုနိုင်ခြင်း။

Jarviz Application ရှိ Operation Log Feature

လုပ်ငန်းခွင်မှတ်တမ်းကို မူကြမ်းအဖြစ် သိမ်းဆည်းရန် ၀န်ထမ်းမှ Save ခလုတ်ကိုနှိပ်ပြီးသောအခါ စစ်ဆင်ရေးမှတ်တမ်း အစီရင်ခံစာသည်အချိန်မှန် ပြသသည်။ ၎င်းကို Admin (သို့) HR သို့မပေးပို့မီ ပြန်လည် ဆန်းစစ်နိုင်ပါသည်။ အကယ်၍ ၀န်ထမ်းက Submit ခလုတ်ကိုနှိပ်လျှင် ၀န်ထမ်းသည် မှတ်တမ်းများကို ပြန်လည်တည်းဖြတ်ရန်အတွက် သော့ခတ်လိမ့်မည်။

ဒါ့အပြင် Attendance, Leave Request, Petty Cash , Operation Log Features တွေလဲ ပါဝင်သောကြောင့် HRတိုင်းအတွက် အလွန်အကျိုးပြုစေမယ့် Mobile Application တစ်ခုဆိုတာ အသေချာပဲ ဖြစ်ပါတယ်။

Jarviz Application ကို သုံးစွဲချင်တယ်ဆိုရင် App Store (သို့) Google Play Store မှာ အခမဲ့ download လုပ်နိုင်ပါတယ်ခင်ဗျာ။

iOS ကို အောက်ကလင့်ကနေ ဒေါင်းလုဒ် လုပ်နိုင်ပါတယ်။

https://apps.apple.com/en/app/jarviz/id1486572595?l=en

Android အတွက် အောက်ပါလင့်ခ်တွင် ဒေါင်းလုဒ် ဆွဲနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.fusionsol.jarvis

Reference: JarvizApp

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။