Iron Man ကဲ့သို့ လေပေါ်တွင်ပျံသန်းနေသော ထူးဆန်းသောလူတစ်ဦး

လေပေါ်တွင်ပျံသန်းနေသော

လေပေါ်တွင်ပျံသန်းနေသော ထူးဆန်းသောလူတစ်ဦး  ကိုအမေရိကန် လေကြောင်းလိုင်းတွင်တာဝန်ထမ်းဆောင်နေသောလေယာဥ်မှူးတစ်ယောက်က ပျံသန်းနေသော လေယာဥ်အနီးတွင် ဂျက်အင်ဂျင်ကို ကျောပိုးအိတ်ကဲ့သို့ဝတ်ဆင်ထားပြီး လေပေါ်၉၀၀မီတာအထက်မှာ ပျံသန်းနေတဲ့ထူးဆန်းသောလူတစ်ယောက်ကိုတွေ့ခဲ့ရတယ်လို့ Augest 31 တနင်္ဂနွေနေ့ ၆.၃၅ pm က FBI ကို သတင်းပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာလော့စ်အိန်ဂျာ်လိစ်လေဆိပ်အထက်တွင် လေယာဥ်မှ ၂၇မီတာအကွာတွင် ပျံသန်းနေသော လူတစ်ယောက်ကိုတွေ့ရှိခဲ့လို့ လေယာဥ်မှူးက လေယာဥ်ထိန်းချုပ်ရေးစင်တာသူတွေ့ရှိခဲ့တာကိုချက်ခြင်းအကြောင်းကြားခဲ့ပါသည်။

အမေရိကန်လေကြောင်းလိုင်း လေယဥ်မှူးတစ်ဦးတည်းတွေ့ရှိခဲ့တာမဟုတ်ဘဲဂျက်အင်ဂျင်အိတ်ဝတ်ထားသောလူတစ်ယောက်ကို အခြားလေကြောင်းလိုင်းမှ လေယာဥ်မှူးကလဲ အလားတူတွေ့ခဲ့ဖူးပါတယ်။ ထိုနောက် လေကြောင်းထောက်လှန်းရေးဌာနကို ’ဂျက်လေယာဥ်အိတ်တစ်လုံးဝတ်ထားတဲ့ လူတစ်ယောက်ကိုငါတို့တွေ့ခဲ့တယ်’ လိုအကြောင်းကြားခဲ့သည်။ ထိန်းချုပ်ရေးစင်တာက ချက်ချင်းအနီးအနားက လေယာဥ်တွေကို သတိထားစောင့်ကြည့်ဖို့ထုတ်လွှင့်ခဲ့သည်။အခုလက်ရှိမှာ FBIက ထိုထူးဆန်းသောလူက ဘယ်သူလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်။ ထိုသူဘယ်ကိုဦးတည်ပျဲသန်းနေသလဲ၊ Iron man ကဲ့သို့ လေပေါ်ပျံသန်းနိုင်စွန်းရှိသော စွမ်းဆောင်ရည် မြင့်မား​တဲ့ဂျက်အင်ဂျင်တွေ ဘယ်ကရရှိခဲ့သလဲဆိုတာ စုံစမ်းနေပါသည်။

အမေရိကန် လေကြောင်းလိုင်းတွင်တာဝန်ထမ်းဆောင်နေသောလေယာဥ်မှူးတစ်ယောက်က ပျံသန်းနေသော လေယာဥ်အနီးတွင် ဂျက်အင်ဂျင်ကို ကျောပိုးအိတ်ကဲ့သို့ဝတ်ဆင်ထားပြီး လေပေါ်၉၀၀မီတာအထက်မှာ ပျံသန်းနေတဲ့ထူးဆန်းသောလူတစ်ယောက်ကိုတွေ့ခဲ့ရတယ်လို့ Augest 31 တနင်္ဂနွေနေ့ ၆.၃၅ pm က FBI ကို သတင်းပေးခဲ့သည်။

FBIရုံး၏ပြောရေးဆိုခွင့်ရှိသူ Ian Gregor က ‘ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဌာနက ဒီသတင်းကို ဒေသခံဥပဒေအာဏာပိုင်တွေကို သတိပေးခဲ့ပြီးဖြစ်တယ်’လိုပြောကြားခဲ့တယ်။ အခုလက်ရှိတွင်တော့ ထိုသူနဲ့ပတ်သက်ပြီး သဲလွန်စတစ်စုံတစ်ရာမရရှိသေးပါဘူးလို့ ပြောကြားခဲ့ပါတယ်။

JetPack နည်းပညာကို အေဂျဂ်စီအများအပြားနှင့်အဖွဲအစည်းတွေက စမ်းသပ်ထုတ်လုပ် နေကြပါပြီ။ Swiss လေတပ်သားဟောင်း Evrossi က ဝတ်ဆင်ပြီး ပျံ့သန်းနိုင်သော JetPackကိုတီထွင်ခဲ့သူဖြစ်သည်။ဒါပေမဲ့ JetPackဝတ်ဆင်ထားသူက ပျံသန်း နေသောလေယာဥ်သို့မဟုတ် ဟယ်လီကော်ပတာ ကနေ စတင်ထွက်ခဲ့ဖို့လိုပါတယ်။

JetPack တီထွင်သူများက ကျောပိုးအိတ်ကသိ့လွယ်၍ရနိုင်သော JetPack ကို တည်ဆောက်ရန်ကြိုးစားခဲ့ကြပြီး လွန်ခဲ့သော၅နှစ်က လေဘာတီရုပ်တုအနီးတဝိုက်မှာ စမ်းသပ်ပျံ့သန်းခဲ့ပါတယ်။ယခုချိန်တွင် စက်၅လုံးသာထုတ်လုပ်ထားပြီး ရောင်းချရန် မထုတ်လုပ်သေးပါ။

FBIရုံး၏ပြောရေးဆိုခွင့်ရှိသူ Ian Gregor က ‘ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဌာနက ဒီသတင်းကို ဒေသခံဥပဒေအာဏာပိုင်တွေကို သတိပေးခဲ့ပြီးဖြစ်တယ်’လိုပြောကြားခဲ့တယ်။ အခုလက်ရှိတွင်တော့ ထိုသူနဲ့ပတ်သက်ပြီး သဲလွန်စတစ်စုံတစ်ရာမရရှိသေးပါဘူးလို့ ပြောကြားခဲ့ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။

လေပေါ်တွင်ပျံသန်းနေသော