iPhones ၊ iPads နှင့် Macs တွေ အတွက် မကြာခင် ရောက်ရှိလာတော့မယ့် Program အသစ် တစ်ခု

The Digital Legacy program lets users choose up to five people who can access their iCloud account when they pass away. Image: Apple

Apple က ၎င်းရဲ့ နောက်ဆုံးထွက် latest iOS update ဖြင့် survivorship နဲ့ ဆိုင်တဲ့ ရှုပ်ထွေး နေတဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ လုပ်ဆောင် နေပါတယ်။ ယခုအချိန် အထိ ချစ်ရသူ တစ်ဦး ( သို့မဟုတ် ) မိသားစုဝင် တစ်ဦး သေဆုံး သွားတဲ့ အခါ ၎င်းတို့၏ iCloud account ကို ဝင်ရောက်ဖို့ လွယ်ကူတဲ့ နည်းလမ်း မရှိခဲ့ဘဲ သူတို့ရဲ့ passcode ကို မသိဘဲ ဖုန်းကို lock ဖွင့်ဖို့ လုံးဝ နည်းလမ်း မရှိသေး ပါဘူး။

iCloud service စည်းမျဉ်း ( iCloud terms of service ) တွေ အရ ကွယ်လွန်သူရဲ့ data တွေက death certificate တစ်ခု အနေနဲ့ပဲ သူတို့ နှင့်အတူ လိုက်ပါ သွားခဲ့ ပါတယ်။

Digital Legacy program အသစ်ကို ယခုနှစ် အစောပိုင်းတွင် WWDC မှာ ပထမဆုံး ကြေညာ ခဲ့ပြီး iOS 15.2 တွင် ရောက်ရှိ လာကာ လူ ငါးဦး အထိ Legacy Contacts အဖြစ် သတ်မှတ် နိုင်ပါတယ်။ Photos တွေ ၊ Documents တွေ နှင့် Purchases တွေ ကဲ့သို့သော အရာ တွေကို သေဆုံးတဲ့ အခါမှာ အဲ့ဒီ Legacy Contacts အဖြစ် သတ်မှတ် ထားတဲ့ လူပုဂ္ဂိုလ်တွေက iCloud မှာ သိမ်းဆည်း ထားတဲ့ data နှင့် personal information တွေကို ဝင်ရောက် ကြည့်ရှု နိုင်မှာပဲ ဖြစ်ပါတယ်။

Digital Legacy ကို activate လုပ်ဖို့ အတွက် Apple က သေဆုံးကြောင်း သက်သေ ( proof of death ) နှင့် ဝင်ရောက်ခွင့် access key တစ်ခု လိုအပ် နေသေး ပါတယ် ။ ဒီအထိ ၎င်းဟာ ယခင်ကထက် ပိုမို ရိုးရှင်းတဲ့ process တစ်ခု ဖြစ်ပြီး ၊ အမွေဆက်ခံပိုင်ခွင့် ( inheritance )ကို အတည်ပြုဖို့ တရားရုံး အမိန့် (a court order confirming) တစ်ခု လိုအပ် နိုင်ပြီး ၊ ထိုအချိန်ထိပင် data ကို ဝင်ရောက်ခွင့် ရရှိမယ်လို့ အာမခံချက် မရှိသေးပါ။

ဝမ်းနည်းကြေကွဲနေတဲ့ မိဘတွေ နှင့် အိမ်ထောင်ဖက်တွေက သူတို့ အိမ်ထောင်ဖက် တွေရဲ့ photos တွေကို ဝင်ခွင့် မပေးတဲ့ အတွက် ကုမ္ပဏီကို ပြစ်တင် ရှုံ့ချတာဟာ ကြည့်လို့ ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူတွေရဲ့ data ကို တမင်တကာ ဖျက်လိုက်တာ မဟုတ်ပါဘူး။

Google နှင့် Facebook နှစ်ခု စလုံးမှာ အခြား သူတွေထံ account ဝင်ရောက်ခွင့် သတ်မှတ် ပေးခြင်း အတွက် systems များ ပါရှိပြီး Apple က အဲဒါတွေကို လုပ်ဆောင် လာတာကို မြင်တွေ့ ရခြင်းဟာ ကောင်းတဲ့အရာပဲ ဖြစ်ပါတယ်။

LEGACY CONTACT ကို SET UP ပြုလုပ်နည်း

( Notes : ဒီ feature ကို အသုံးပြုဖို့ဆိုရင် iOS 15.2 တင်ထားပြီးသား ဖြစ်ဖို့ လိုအပ်ပါတယ်။)

  • iOS device မှာ Settings -> [your name] -> Password & Security ကို သွားပါ။
  • Mac မှာ System Preferences -> Apple ID -> Password & Security ကို သွားပါ။
  • Legacy Contact အောက်မှာ Legacy Contact တစ်ခု ထည့်ဖို့ instructions တွေအတိုင်း လိုက်နာ လုပ်ဆောင်ပါ ။ Family Sharing ကို အသုံးပြုပါက list ထဲမှ family member တစ်ဦးကို ရွေးချယ် နိုင်ပါတယ် ။ တစ်နည်းအားဖြင့် တစ်စုံတစ်ဦးအား ၎င်းတို့ရဲ့ email (သို့မဟုတ်) ဖုန်းနံပါတ်ကို အသုံးပြုပြီး ထည့်ပါ။

You can set up your Legacy Contacts in Settings on an iPhone, iPad, or Mac computer Image: Apple

  • Legacy Contact ကို အကြောင်းကြားပြီ Messages မှတစ်ဆင့် access key ကို share ပါ။ လက်ခံပါက access key ရဲ့ copy ကို ၎င်းတို့ရဲ့ Apple ID settings တွေမှာ အလိုအလျောက် သိမ်းဆည်းမှာပဲ ဖြစ်ပါတယ် ။ ငြင်းဆိုပါက notification တစ်ခု ရရှိမှာပဲ ဖြစ်ပါတယ်။ မိမိ ကွယ်လွန်သွားသူရဲ့ account ထဲကို ဝင်ဖို့ access key လိုအပ်ပါတယ်။
  • iOS 15.2 မှာ မရှိတဲ့ Legacy Contact ကို ထည့်သွင်း နိုင်သော်လည်း၊ ၎င်းတို့ဟာ ၎င်းတို့ရဲ့ device မှာ ရှိတဲ့ settings တွေမှာ access key ကို store လုပ်လို့ ရနိုင်မှာ မဟုတ်သောကြောင့် ၎င်းတို့အား အခြား နည်းလမ်းဖြင့် ပေးသင့် ပါတယ်။

Legacy Contact ဟာ Digital Legacy program ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး iPhone အတွက် iOS 15.2 ရဲ့ public beta version မှာ အခု ရရှိ နိုင်ပါတယ် ။ iOS 15.2 ကို fully launches ရတဲ့အခါမှာ ၎င်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်ပါတယ်။ Apple က feature ကို ဘယ် macOS version ကို support မယ် ဆိုတာကို ပြောကြားခြင်း မရှိသေး ပါဘူး။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။