iPhone 14 Pro အသုံးပြုသူတွေက third-party apps တွေကို အသုံးပြုတဲ့ အခါ camera shakiness နှင့် grinding noise အကြောင်းကို အစီရင်ခံတင်ပြ

iPhone 14 Pro camera. Photo by Amelia Holowaty Krales / The Verge

iPhone 14 Pro ( သို့မဟုတ် ) Pro Max အသစ်ကို ဝယ်ယူ အသုံးပြုသူ တွေက ထိန်းချုပ် မရတဲ့ မှန်ဘီလူး လှုပ်ရှားမှု (uncontrollable lens movement) ( 9to5Mac မှတဆင့် ) မှာ ထူးဆန်းတဲ့ ပြဿနာကို ကြုံတွေ့ ရနိုင် ပါတယ် ။

Web ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေ နှင့် တိုင်ကြားချက် တွေမှာ သရုပ်ပြထားတဲ့ အတိုင်း Instagram ၊ Snapchat ( သို့မဟုတ် ) TikTok ကဲ့သို့သော third-party app တစ်ခုမှာ ကင်မရာကို ဖွင့်လိုက်တဲ့ အခါမှာ ၎င်းတို့ရဲ့ ကင်မရာ လှုပ်ယမ်းပြီး တုန်လှုပ်ဖွယ် အသံထွက်နေတယ် ဆိုတာကို သုံးစွဲသူ အချို့က သတိပြု မိကြ ပါတယ်။

Apple YouTuber Luke Miani က Snapchat ကို အသုံးပြုတဲ့ အခါ ၎င်းရဲ့ iPhone 14 Pro Max ကင်မရာ တုန်ခါပုံကို ပြသတဲ့ ဗီဒီယိုဖိုင်ကို Twitter မှာ တင်ခဲ့ပြီး ဓာတ်ပုံကို လုံးဝ မှုန်ဝါး သွားစေခဲ့ ပါတယ် ။

အသံ မကောင်းတဲ့ မှန်ဘီလူးမှ ကျယ်လောင်သော ( သို့မဟုတ် ) တဆတ်ဆတ် တုန်နေသော အသံ ကိုလည်း ရှင်းရှင်း လင်းလင်း ကြားနိုင် ပါတယ်။

ယခု အချိန် အထိ၊ ၎င်းက bug ဟာ iPhone ရဲ့ Camera app ကို သက်ရောက်မှု ရှိပုံ မပေါ်ပါ။ ဆိုလိုတာ ကတော့ ပြဿနာက Apple ရဲ့ hardware ထက် Third-party app software နှင့် ဆက်နွှယ် နေတာဟု ဆိုလို နိုင်ပါတယ် ။

Instagram ၊ Snapchat နှင့် TikTok တို့က iPhone 14 Pro အတွက် အထူး မွမ်းမံမှု တစ်ခုကို တွန်းအားပေးဖို့ လိုအပ် နိုင်ပါတယ်။

ဒေါ်လာ ၁၀၀၀ နှင့် အထက် စက်ပစ္စည်း အကြောင်း ပြောတဲ့ အခါမှာ ၎င်းဟာ ကင်မရာ ကိုယ်နှိုက်က ဘယ်လို ထိခိုက်မှုမျိုး ရှိ / မရှိ ဆိုတာကို မသိနိုင်ပါ။

The Verge က အဆိုပါ ပြဿနာကို သိရှိခြင်း ရှိ၊ မရှိ သိရဖို့ Apple သို့ ဆက်သွယ် ခဲ့ပြီး ၎င်းအား ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ ရှိတဲ့ အပ်ဒိတ် တစ်ခု လုပ်ဆောင် နေပါက Instagram ၊ Snapchat နှင့် TikTok တို့ကိုလည်း မေးမြန်း ခဲ့တယ်လို့ ဆိုထားပါတယ် ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။