iPhone 14 Pro နှင့် Pro Max တို့က နောက်ဆုံးမှာ အမြဲတမ်း-ပေါ်တဲ့ မျက်နှာပြင်(always-on display) ကို ရပြီ

Photo by Amelia Holowaty Krales / The Verge

နောက်ဆုံးတွင် Apple က လာမယ့် iPhone 14 Pro နှင့် Pro Max မှာ အမြဲတမ်း-on display ကို ယူဆောင် လာမှာပဲ ဖြစ်တယ်။ Bloomberg ရဲ့ Mark Gurman ရဲ့ အစီရင်ခံစာ အရ Apple ဟာ iPhone ကို lock ချထားချိန်မှာတောင် အကန့် အသတ်ရှိတဲ့ အချက်အလက် တွေကို ပြသ နိုင်စေမယ့် iOS 16 နဲ့ feature ကို မိတ်ဆက် နိုင်တယ်လို့ ဆိုပါတယ်။

Gurman မှ ပြောကြားသည်မှာ iPhone ရဲ့ always-on mode version က Apple Watch Series 5 နှင့် အထက်မှာ ပြုလုပ်တဲ့ ပုံစံ အတိုင်း လုပ်ဆောင်နိုင် ပါတယ်။ iPhone 14 Pro နှင့် Pro Max က always-on mode ဖွင့်ထားခြင်းဖြင့် lock screen ရဲ့ frame rate ကို ချပေးလိမ့်မယ်။ Screen ကို ပါဝါ ဖွင့်ထားသော်လည်း စွမ်းအင်ကို ချွေတာတာပဲ ဖြစ်ပါတယ်။ iPhone အသစ်က Apple Watch မော်ဒယ်အသစ် တွေမှာ Apple အသုံးပြုတဲ့ low-temperature polycrystalline oxide (LTPO) display ကို အသုံးပြုမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပါဝါ အလွန်အကျွံ သုံးစွဲခြင်းမှ ကင်းဝေးစေဖို့ ဖန်တီး ထားသောကြောင့် အဆိုပါ ပါဝါနိမ့်သော မျက်နှာပြင်များက always-on mode ကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အတွက် ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

ယမန်နှစ်က iPhone 13 က always-on display ကို ဖွင့်ဖို့ LTPO display ပါလာမယ်ဟု လေ့လာသူ တွေက ခန့်မှန်း ခဲ့ကြပါတယ်။ Android စက်အများအပြားဟာ always-on mode ကို နှစ်ပေါင်းများစွာ ပံ့ပိုး ထားပြီးဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ Samsung စက် အချို့မှာ အမြဲတမ်း ဖွင့်ထားတဲ့ မျက်နှာပြင်ဟာ ဖုန်းကို လော့ခ်ချ ထားစဉ်တွင် time ၊ battery level ၊ widgets တွေနှင့် အခြား အရာတွေကို ပြသနိုင် ပါတယ်။

Gurman က iOS 16 တွင် “widget-like capabilities.” ပါရှိတဲ့ wallpapers တွေ အပါအဝင် အလားတူ လုပ်ဆောင်ချက်တွေ ပါလာမယ်ဟု မျှော်လင့် ပါတယ် ။ ” Always-on display က iPhone 14 Pro နှင့် Pro Max တွင် သီးသန့် ဖော်ပြထားတဲ့ တစ်ခုတည်းသော feature မဟုတ်ကြောင်း၊ ယခင် ပေါက်ကြားမှုတွေ အရ Apple က ၎င်းရဲ့ A16 chip အသစ်ကို premium devices နှစ်ခု တွင်သာ ထည့်သွင်း နိုင်တယ်ဟု ဆိုပါတယ်။

Apple က ဇွန်လ ၆ ရက်နေ့တွင် ၎င်းရဲ့ အနီးကပ် နီးကပ် လာနေသော Worldwide Developers Conference (WWDC) တွင် အခြားသော အပြောင်းအလဲ များစွာကို ကြေငြာဖို့ စီစဉ် ထားပါတယ်။ ယခင် ခန့်မှန်းချက်တွေ နှင့်အညီ Apple က iPad မှာ ပိုမို ကောင်းမွန်တဲ့ windowing နှင့် multitasking features တွေကို မိတ်ဆက် နိုင်မယ်ဟု Gurman က ယုံကြည် ပါတယ်။ Apple က အသုံးပြုသူ တွေအား windows များကို လွတ်လပ်စွာ အရွယ်အစား ပြောင်းလဲနိုင်တဲ့ feature တစ်ခုတွင် လုပ်ဆောင် နေနိုင်ကြောင်း မကြာသေးမီက တွေ့ရှိခဲ့တဲ့ developer Steve Troughton-Smith မှ တွေ့ရှိချက်တွေကို ကိုးကား ဖော်ပြ ခဲ့ပါတယ်။ Apple က ၎င်းရဲ့ အက်ပ်အချို့ ကိုလည်း ပြုပြင် မွမ်းမံနိုင် ပါတယ်။ Messages တွင် audio features တွေ ထပ်ထည့်ခြင်း အပြင်၊ Apple က iOS ရှိ Settings app နှင့် ပိုမို တူစေဖို့ Apple မှ ၎င်းရဲ့ System Preferences menu ကို ပြန်လည် ပြင်ဆင်မယ်ဟု Gurman က ခန့်မှန်း ထားပါတယ်။

Apple’s iPhone 13. ​​​​​Photographer: Jeenah Moon/Bloomberg

WWDC မှာ တစ်ပတ်ကျော်ကျော် ကြာတော့မှာ ဖြစ်သောကြောင့် ဤခန့်မှန်းချက်တွေ ဘယ်လို အမှန်ဖြစ်လာမယ် ဆိုတာကို သိဖို့ အချိန်ကြာကြာ စောင့်စရာ မလိုတော့ပါဘူး။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။