iPhone 13 Pro Max ကို အမြန်ဆန်ဆုံး အားသွင်းနိုင်ဖို့ မှန်ကန်တဲ့ Power Brick

Photo by Vjeran Pavic / The Verge

YouTuber ChargerLAB ၏ စမ်းသပ်ချက်များ (and backed up by other tests) အရ iPhone 13 Pro Max ဟာ သဟဇာတ ဖြစ်တဲ့ charging brick နဲ့ အားသွင်းတဲ့ အခါ phone က power 27 watts အထိ ဖြည့်ပေးသော စုပ်ယူ နိုင်ပြီး အခြား models တွေထက် အနည်းငယ် ပိုပြီး မြန်မြန် အားသွင်း နိုင်ပါတယ်။ iPhone 13 Pro Max တစ်လုံး ရှိ၍ ၎င်း၏ massive battery ကို တတ်နိုင်သမျှ မြန်မြန် အားသွင်ချင်လာပြီးဆိုရင် 30W charger တစ်ခုကို ရှာကြည့်ချင် လာမှာ အမှန်ပဲ ဖြစ်ပါတယ်။ @duanrui1205 မှ ကိုးကား၍ စမ်းသပ်မှုတွေ အရ ၎င်းဟာ သုည ကနေ မိနစ် ၉၀ အတွင်း အားအပြည့်ထိ အားသွင်း နိုင်မှာပဲ ဖြစ်ပါတယ်။

၎င်းဟာ previous generation ဆီကနေ upgrade လုပ်ထားတဲ့ ပုံပါပဲ။ 9to5Mac reports အရ iPhone 12 က 22W charging speeds နဲ့ အနီးစပ်ဆုံး မြန်ဆန်ပါတယ်။ ၎င်းဟာ 5W မြှင့်တင်ခြင်း အကြောင်း ဖြစ်ပြီး sneeze ဖြစ်စရာ မလိုပါဘူး။ @duanrui1205 ၏ အဆို အရ bigger charger တစ်ခု၏ အကျိုး ကျေးဇူးဟာ Pro Max အတွက်သာ ဖြစ်ပြီး ကန့်သတ် ထားတာပဲ ဖြစ်ပါတယ်။ သေးငယ်တဲ့ iPhone 13 Pro က 20W ဖြင့်သာ အားသွင်း နိုင်ပါတယ် ဟု ဆိုပါတယ်။ ကြိုးမဲ့ အားသွင်းတာ ( wireless charging ) ဒါမှမဟုတ် Apple’s MagSafe puck နဲ့ အားသွင်းရင် ဒါတွေ အားလုံးဟာ အများဆုံး 15W လောက်ပဲ ရှိပါ လိမ့်မယ်။

iPhone 13 Pro Max ကို နည်းနည်း ပိုမြန်အောင် အားသွင်းဖို့ 30W brick တစ်ခုကို ရှာနေတယ် ဆိုရင် ပထမဆုံး အိမ်မှာ အရင် လှည့်ပတ် ရှာကြည့်တာ ပိုကောင်း ပါတယ်။ Apple က ၎င်း၏ MacBook Air အသစ် နှင့်အတူ 30W chargers တွေ ပါ၀င် လာပြီး MacBook Pros နှင့် အတူ ပါ၀င် လာတဲ့ 61W charger တို့ဟာ phone ကို 27 watts နဲ့ ပိုပြီး မြန်အောင် အားသွင်း နိုင်ပါတယ်။ အိမ်မှာ ရှိတဲ့ အခြား မည်သည့် အားသွင်းကြိုး ကိုမဆို များသော အားဖြင့် အားသွင်းတဲ့ brick မှာ ရှိတဲ့ အနားကွပ် ( prongs ) တွေ အနီးမှာ ရိုက်နှိပ် ထားတဲ့ စည်းမျဉ်း စည်းကမ်း စာသားတွေကို ဖတ်ပြီး စစ်ဆေး ကြည့်လို့ ရနိုင် ပါတယ်။ watt ဘယ်လောက် ရှိတယ် ဆိုတာကို သေချာ အတိအကျ မပြောပြ ထားရင် amps နှင့် voltage ကို မြှောက်ခြင်း အားဖြင့် ၎င်းမှာ watt ဘယ်လောက် ရှိတယ် ဆိုတာကို သိနိုင် ပါတယ်။

This one just says it runs at 100W, so no math to do.

30W charger တစ်ခုကို ဘယ်မှာမှ ရှာလို့ မတွေ့ဘူး ဆိုရင်တော့ Apple က ပျော်ရွှင်စွာနဲ့ ရောင်းချ ပေးပါ လိမ့်မယ်။Anker ၏ သေးငယ်တဲ့ Nano II GaN brick ကဲ့သို့ third-party တွေ များစွာ ကိုလည်း ရှာနိုင် ပါတယ်။ Chargers တွေကို ကြည့်တဲ့ အခါ သတိပြု ရမည့် အချက် တစ်ခုက သူတို့ ထောက်ပံ့တဲ့ အားသွင်းနှုန်း ( charge rates ) ပဲ ဖြစ်ပါတယ်။ ChargerLAB’s video မှာ 27W charging ကို ရရှိဖို့ 9V ကို amps သုံးခုနှင့် ရှာနေ ပါတယ် ဟု ဖော်ပြ ထားပါတယ် ( ၎င်းဟာ 18W ရှိ iPhone ကို အားသွင်း ပေးတဲ့ 30W charger တစ်လုံးကို ပြသ ထားပါတယ် )။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။