iPadOS 15မှာ ဘယ်လိုမျိုး Feature တွေ ပါ၀င်လာသလဲ ?

Apple မှနေပြီး iPadOS 15 ဆိုပြီး အမည်ပေးထားတဲ့ Operating System အသစ်ကို iPad Devices တွေအတွက် ထုတ်လွှင့်လိုက်ပါတယ်။ ဒီ Operating System အသစ်မှာ Widgets, Multitasking နှင့် Pen Features များကို Productivity အရင်ထက် ပိုမိုကောင်းမွန်စေရန် အဆင့်မြှင့်တင်ပေးထားပါတယ်။

iPadOS 15 မှာ ဘယ်လို Features အသစ်အဆန်းတွေ ပါလာလဲ?

widget

Widget ဆိုသည်မှာ iOS 14 မှာစပြီး ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ယခု iPadOS 15 မှာတော့ တော်တော်ကို အဓိကကျတဲ့ Feature တစ်ခုအဖြစ် ထည့်သွင်းပေးထားပါတယ်။ အရင် Version မှာတုန်းက Home Page တစ်ခုမှာပဲသုံးလို့ရခဲ့တာပါ။ အခုတော့ ဘယ်နေရာမှမဆို Widget များကို ထည့်သွင်းအသုံးပြုနိုင်ပါပြီ။

အဆင့်မြှင့်တင်ထားသည့် Multitasking

Multitasking အသုံးပြုရလွယ်အောင် iPadOS 15 မှာ အဆင့်မြှင့်တင် ပေးထားပါတယ်။ Split screen ခွဲအများဆုံး ၃ ခုထိအသုံးပြုနိုင်တဲ့ Options ပေးထားတာကို Screen အလယ် ထိပ်ပိုင်းလေးမှာမြင်ရမှာဖြစ်ပါတယ်။

ဒါတင်မကသေးပဲ Screen အောက်ပိုင်းနားမှာလည်း ဖွင့်ထားတဲ့ Apps တွေကို ရွေးချယ်နိုင်ဖို့ Option တွေထပ်ထည့်ပေးထားပါသေးတယ်။ ရွေးချယ်လိုက်တဲ့ App က Normal Fullscreen ပုံစံ သို့မဟုတ် Windows နှစ်ခု ယှဥ်ထားတဲ့ ပုံစံ မျိုးပေါ်နေမှာပါ။ ဒီ Feature ကြောင့် Apps တွေသုံးတာ နောက်တစ်ခုချိန်းတာတွေ ပိုမိုလွယ်ကူလာမှာပါ။

Quick Notes

ဒီ Features ကတော့ သူ့နံမည်အတိုင်း Notes မှတ်စုတွေကို မြန်မြန်ဆန်ဆန် ချရေးနိုင်မှာပဲဖြစ်ပါတယ်။ Apple Pencil သုံးနေတဲ့အချိန်မှာ ညာဘက် အောက်ခြမ်းကနေ အပေါ်ကို ဆွဲတင်လိုက်ရင် Notes App လေးက Windows သေးသေးလေးအနေနဲ့ ပွင့်သွားပီး ရေးချင်တာရေးလို့ရပါပြီ။ ဒီ Feature ကတော့ iPad မှာသာမဟုတ်ပဲ Mac OS နှင့် iOS မှာပါ အသုံးပြုလို့ရပါတယ်။

Quick Note Feature အပြင်, တစ်စုံတစ် ဦး ကို @ ရိုက်ထည့်ခြင်းဖြင့်မှတ်ချက်ပေးနိုင်သော Shared Notes Feature လည်းရှိသေးသည်။မှတ်စုများကို ဖေ့စ်ဘွတ်ခ်တွင် mention လုပ်သလို @ နှိပ်ခြင်းဖြင့် မည်သည့်အခါ၌ tag လုပ်သည်စသည်ဖြင့်ဖတ်နိုင်ပါသည်။

automatic translation

iPadOS 15 မှာ Auto Translate Feature ကိုထည့်သွင်းပေးထားပါတယ်။ ဘာသာပြန် ပေးပို့လိုက်တဲ့ စာကို အလိုလျှောက် သိရှိနိုင်ပါတယ်။

iPad ပေါ်တွင် Send App တစ်ခု ရေးခြင်း

Developer များအတွက်သတင်းကောင်းတစ်ခုကတော့ iPad ပေါ်မှာ Apps တွေရေးလို့ရသွားတာဖြစ်ပါတယ်။ ရေးပြီးသား App များကို review ပို့တဲ့အခါ Swift Playgrounds ကတစ်ဆင့်လုပ်ဆောင်နိုင်ပါတယ်။

Summary of new features in iPadOS

ဘယ်မော်ဒယ်တွေက iPad OS 15 ကို update လုပ်နိုင်မလဲ ?

• iPad Gen 5
• iPad Air 2
• iPad Mini 4
• All iPad Pro models

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။