iPad တွေဟာ iOS 16 မှာ ၎င်းတို့ရဲ့ smart home hub စွမ်းရည်တွေ ဆုံးရှုံးသွားနိုင်

Photo by Amelia Holowaty Krales / The Verge

Apple က iOS 16 မှ စတင်၍ HomeKit accessories တွေကို ထိန်းချုပ်ဖို့ အတွက် iPad ကို home hub အဖြစ် အသုံးပြုခွင့် မပြုတော့ကြောင်း MacRumors မှ ဖော်ပြ ခဲ့ပါတယ်။

MacRumors မှ ပံ့ပိုး ကူညီသော စာရေး ဆရာ Steve Moser မှ iOS 16 ရဲ့ ဒုတိယ developer beta မှာ တွေ့ရသည်မှာ ထင်ရှားတဲ့ Text က အပြောင်းအလဲကို စာလုံးပေါင်း ပေးပါတယ်။

“Accessory နဲ့ အသိပေးချက် notifications တွေကို လက်ခံ ရရှိခြင်း နှင့် အခြား လူတွေက အိမ်ကို ထိန်းချုပ်ခွင့် ပေးခြင်း ကဲ့သို့သော features တွေကို ရယူဖို့ Home hub တစ်ခု လိုအပ် ပါတယ် ” ဟု Home app မှာ ရှိတဲ့ text မှာ ဖော်ပြ ထားပါတယ် ။

“ ထို homes တွေကို နောက်ဆုံး HomeKit သို့ အဆင့်မြှင့် မွမ်းမံထားမှု မလုပ်မချင်း မျှဝေထားတဲ့ homes တွေကို ကြည့်ရှု နိုင်မှာ မဟုတ်ပါဘူး ။ iPad ကို home hub အဖြစ် ပံ့ပိုးပေး တော့မှာ မဟုတ်ပါဘူး ။”

တွေ့ရှိတဲ့ စာသား အကြံပြုထားတဲ့ အတိုင်း အပြောင်းအလဲက အသက်ဝင် လာခဲ့ပါက ၊ iOS 16 သို့ အဆင့်မြှင့်တဲ့ အခါမှာ HomePod ၊ HomePod mini ဒါမှမဟုတ် Apple TV ကို home hub အဖြစ် အသုံးပြုဖို့ လိုအပ် မှာပဲ ဖြစ်ပါတယ် ။ Apple က တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်ခြင်း မရှိပါ။ မှတ်ချက် : ဒါပေမယ့် MacRumors မှ ထောက်ပြထားတဲ့ အတိုင်း ကုမ္ပဏီရဲ့ iOS 16 preview ကြည့်ရှုတဲ့ webpage မှ ” Apple TV နှင့် HomePod ကိုသာ home hubs တွေ အဖြစ် ပံ့ပိုးထား ပါတယ် ” ဟု ဆိုပါတယ်။ ၎င်းဟာ Apple က iPad တွေ အတွက် အထောက်အပံ့ကို ဖယ်ရှားဖို့ အမှန်တကယ် စီစဉ် နေပြီဟု ညွှန်ပြနေ ပါတယ်။

အပြောင်းအလဲက စိတ်ပျက်ဖွယ် ကောင်းသော်လည်း iOS 16 အတွက် smart home front မှာ သတင်းကောင်း အချို့ ရှိပါတယ်။ အဆိုပါ အပ်ဒိတ်မှာ အမျိုးအစားခွဲ အသစ် နှင့် ဒီဇိုင်း ပြန်လည် ပြင်ဆင်ထားတဲ့ home tab ကဲ့သို့သော features ပါရှိသော Home app အသစ် တစ်ခု ပါဝင်မှာပဲ ဖြစ်ပါတယ် ။

နောက်ပိုင်းမှာ iOS 16 အပ်ဒိတ်က ယခု ဆောင်းဦးရာသီမှာ ရောက်ရှိလာမယ့် ကျယ်ပြန့်တဲ့ စက်မှု လုပ်ငန်း ပံ့ပိုးမှု နှင့်အတူ Matter အတွက် ပံ့ပိုးမှု ထည့်သွင်း ပေးမှာပဲ ဖြစ်ပါတယ်။ ယခုလာမယ့် Matter ပံ့ပိုးမှုမှာ Apple က iPad home hub ပံ့ပိုးမှုကို အဘယ်ကြောင့် ကျဆင်း စေတာလံ ဟု သဲလွန်စကို ပေးစွမ်းနိုင် ပါတယ်။ iPads မှ Thread ကို ပံ့ပိုးခြင်း မရှိသော်လည်း Matter မှ အသုံးပြုတဲ့ smart home networking protocol ၊ Apple TV 4K နှင့် HomePod mini တို့က လုပ်ဆောင်ပါတယ်။

Image : https://www.macrumors.com/

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။