iOS 16 မှာ iMessage ကို edit ( သို့မဟုတ် ) unsend ဘယ်လိုလုပ်ရမလဲ ?

Photo by Amelia Holowaty Krales / The Verge

Signal ၊ WhatsApp နှင့် Viber ကဲ့သို့သော စာတို ပေးပို့ခြင်း Apps တွေ အားလုံးမှာ “delete for everyone,” version အချို့ ရှိသော်လည်း ယခုအချိန် အထိ iMessage မှာ ၎င်းကို “I didn’t mean that!” ပဲ ရှိပါသေးတယ်။

iOS 16 beta မှာ ၊ Apple က ပေးပို့လိုက်တဲ့ message ကို unsend လုပ်ဖို့နှင့် edit လုပ်နိုင် စေမယ့် ၎င်းရဲ့ iMessage chat app မှာ feature တစ်ခုကို မိတ်ဆက် ပေးခဲ့ ပါတယ်။ အောက်မှာ ရှင်းပြ ပေးမယ့် စည်းမျဉ်း အချို့ ရှိပါတယ်။

( ထို့ပြင် လက်ခံသူက iOS 16 ၊ iPadOS 16 ( သို့မဟုတ် ) macOS Ventura မှာ မပါပါက feature က အလုပ် မလုပ်နိုင်ပါ။)

MESSAGE ဖျက်ဖို့

  • Message ကို အချိန် ကြာကြာ နှိပ်ထားပါ။
  • drop-down menu မှာ ၊ Undo Send ကို နှိပ်ပါ။
  • message က ချက်ချင်း ပျောက်ကွယ် သွားပါ လိမ့်မယ်။

ပထမဆုံး အများသူငှာ စမ်းသပ်ဆော့ဖ်ဝဲ public beta မှာ ၊ message ကို ပြန်ဖျက်ဖို့ 15 မိနစ် ခွင့်ပြု ထားပေး ပါတယ်။ သို့သော် ဒုတိယ public beta ကို ထည့်သွင်းပါက၊ ၎င်းကို နှစ်မိနစ်သို့ ပြောင်းလဲ ထားပါတယ် ။ နှစ်မိနစ်ကြာ ပြီးနောက်၊ ရွေးချယ်စရာက drop-down menu မှ ပျောက်ကွယ် သွားပါ လိမ့်မယ်။

ပေးပို့ထားသော စာတိုကို ဖျက်ရန်၊ ပေးပို့ပြီး နှစ်မိနစ်အတွင်း မက်ဆေ့ချ်ကို ကြာကြာနှိပ်ပါ။

MESSAGE ကို ပြောင်းလဲဖို့

  • Message ကို အချိန် ကြာကြာ နှိပ်ထားပါ။
  • drop-down menu က Edit ကို နှိပ်ပါ။
  • Message ကို edit လုပ်ပြီး အမှား ပြင်ဆင်ချက်ကို ပေးပို့ဖို့ message ရဲ့ ညာဘက်မှာ ရှိတဲ့ check mark ကို နှိပ်ပါ။ ( သို့မဟုတ် စာသားပြောင်းဖို့ စိတ်ပြောင်း သွားပါက message ရဲ့ ဘယ်ဘက်ရှိ “x” ကို နှိပ်ပါ။)
  • တည်းဖြတ်မှုတွေ အားလုံးကို ကြည့်လိုပါက message အောက်မှာ ရှိတဲ့ Edited link လေးကို နှိပ်ပါ။ ထို့နောက် နောက်ဆုံး message ကို မြင်နိုင်ဖို့ Hide Edits ကို နှိပ်နိုင် ပါတယ်။

Message ကို edit လုပ်ဖို့ အချိန် အနည်းငယ် ပိုရပါတယ် (15 မိနစ်အပြည့်) ။ 15 မိနစ် ကြာပြီးနောက် message ကို ကြာရှည်စွာ နှိပ်ပါက၊ Edit option က menu မှာ ရှိတော့မှာ မဟုတ်ပါဘူး ။

သို့သော် ဒုတိယ အများပြည်သူဆိုင်ရာ စမ်းသပ်ဆော့ဖ်ဝဲ public beta မှာ ကန့်သတ်ချက် အသစ်ကို ထပ်လောင်း ထည့်သွင်းထား ပါတယ်။

ပထမ public beta မှာ အလိုရှိသလောက် အကြိမ် များစွာ တည်းဖြတ် နိုင်သော်လည်း ယခုအခါ ၎င်းကို ငါးကြိမ် အထိသာ တည်းဖြတ် နိုင်မှာပဲ ဖြစ်ပါတယ်။ ထို့နောက် drop-down menu မှ Edit option က ပျောက်သွား ပါတယ်။

လက်ခံရရှိသူက OS ရဲ့ အစောပိုင်း ဗားရှင်းမှာ ရှိနေပါက ရွေးချယ်စရာ နှစ်ခုလုံးဟာ အလုပ် မဖြစ်ကြောင်း သတိပေးချက် ( ထို့ကြောင့် အများသူငှာ စမ်းသပ် ဆော့ဖ်ဝဲ public beta ကာလအတွင်း ဒီ feature ကို အားမကိုးပါနှင့် ) ဖော်ပြ ထားပါတယ် ။

ထို့အပြင် ဒီ feature အသုံးပြုတဲ့ အခါမှာ သတိပြု စေလိုတဲ့ အခြား ပြဿနာတွေ ရှိကောင်း ရှိနိုင်ပါတယ် ။ ၎င်းဟာ အလွန် အဆင်ပြေနိုင် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။