iOS 16 က အချို့သော apps တွေနှင့် websites တွေမှာ CAPTCHA တွေကို ကျော်နိုင်ပြီ

Using tech called “Private Access Tokens.” Illustration by Alex Castro / The Verge

ယခု ဆောင်းဦး နှောင်းပိုင်းမှာ iOS 16 ထွက်လာတဲ့ အခါ ၊ စိတ်အနှောက်အယှက် ဖြစ်စေတဲ့ CAPTCHA တွေ ကဲ့သို့ puzzle piece တွေကို လျှောချဖို့ ( သို့မဟုတ် ) hill နှင့် mountain ကြား ကွာခြားချက်ကို ခွဲခြားဖို့ တောင်းဆိုခြင်းမျိုး နှင့် ကိုင်တွယ် ဖြေရှင်းဖို့ မလိုအပ်ကြောင်း သတိပြုမိမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Apple မှ ၎င်းရဲ့ iPhone နှင့် Mac တွေ အတွက် Automatic Verification ဟု ခေါ်တဲ့ feature ကို မိတ်ဆက် ထားတာကြောင့် ဘယ်အရာမှ အမှန်တကယ် လုပ်စရာ မလိုဘဲ ( MacRumors မှတဆင့်) bot မဟုတ်ကြောင်း အချို့သော ဆိုက်တွေမှ သိရှိစေတဲ့ လုပ်ဆောင်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

Apple က အဆိုပါ စနစ်အား ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အဓိက အကြောင်းအရာ ပေးပို့ခြင်း ကွန်ရက် နှစ်ခု (two major content delivery networks) ဖြစ်တဲ့ Fastly နှင့် Cloudflare တို့ လက်တွဲ ဆောင်ရွက် ခဲ့ပါတယ်။ iOS 16 နှင့် macOS Ventura တို့ဖြင့် စတင်တဲ့ အခါ၊ spam တွေကို ခုခံ ကာကွယ်ဖို့ ဝန်ဆောင်မှု နှစ်ခုလုံးကို အသုံးပြုတဲ့ website တွေက system ရဲ့ အားသာချက်ကို အသုံးချ နိုင်ပြီး CAPTCHA အများအပြား ပြသခြင်းကို ရပ်တန့် သင့်ပါတယ်။

Fastly သို့မဟုတ် Cloudflare တွင် ပြဿနာတွေ စတင်တဲ့ အခါမှာ website အရေအတွက် ဘယ်လောက် ကျသွားတယ် ဆိုတာကို သတိထား မိပါက၊ ၎င်းဟာ သိသိသာသာ စိတ်အနှောက်အယှက် ဖြစ်စေမယ့် အင်တာနက် ကြောင့်ပဲ ဖြစ်ပါတယ်။ (အထူးသဖြင့် CAPTCHAs ကို ပျမ်းမျှထက် ပိုပြီး မကြာခဏ ကြည့်ရှုသူတွေ အတွက်၊ ၎င်းတို့က VPN ကို အသုံးပြုတာ ဒါမှမဟုတ် ၎င်းတို့ရဲ့ cookies တွေကို မကြာခဏ ရှင်းလင်းပေးဖို့ လိုပါတယ်။)

၎င်းက CAPTCHAs တွေကို ဖယ်ပြစ်ဖို့ ပထမဆုံး ကြိုးပမ်းမှုမှ ဝေးကွာခဲ့သော်လည်း Apple ရဲ့ scale ပမာဏက ယခု တစ်ကြိမ်မှာ လမ်းကြောင်းအချို့ကို မြင်တွေ့နိုင်မယ်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။ Apple မှ Private Access Tokens ဟုခေါ်တဲ့ underlying system ဟာ စကားဝှက်တွေကို အစားထိုးဖို့ ၎င်းရဲ့ စနစ်အား မှတ်မိ နေပါလိမ့်မယ်။ ဒီမှာ ၎င်းအလုပ်လုပ်ပုံနှင့် ပတ်သက်၍ အလွန် ရိုးရှင်းသော အရာ တစ်ခု ဖြစ်ပါတယ်။လူသား ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ device က အကြောင်းရင်း များစွာကို ကြည့်ရှုမှာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် CAPTCHA ဖြည့်ခိုင်းမယ့် website တစ်ခုသို့ သွားတဲ့ အခါမှာ ထို website က ဖုန်း (သို့မဟုတ်) ကွန်ပြူတာကို အသုံးပြု နေသလားဟု မေးနိုင်ပါတယ်။ device က မှန်ကန်ကြောင်း ပြောပါက၊ ချက်ချင်း ခွင့်ပြုပေး ပါလိမ့်မယ်။ နည်းပညာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလတ်တွေကို နက်နက်နဲနဲ လေ့လာချင်တယ် ဆိုရင်တော့ Apple ရဲ့ WWDC session ကို ကြည့်ရှု နိုင်ပြီး Apple Insider ရဲ့ ရှင်းပြချက်ကို ဖတ်ရှုပြီး Fastly ရဲ့ ဆောင်းပါးကို ကြည့်ရှု နိုင်ပါတယ်။

A basic diagram of how Apple’s system works. Image: Apple

နည်းပညာအသစ် အများစု ကဲ့သို့ပင်၊ Apple နှင့် တွဲပြီး လုပ်ဆောင်ရမယ့် လျှို့ဝှက်ရေး ဇာတ်လမ်း တစ်ခု ရှိပါတယ်။ Apple ID က အမှန်တကယ် လူဖြစ်ကြောင်း သက်သေ အဖြစ် အသုံးပြု နေသော်လည်း ဖုန်း (သို့မဟုတ်) ကွန်ပျူတာက ၎င်းနှင့် ဆက်စပ်နေတဲ့ ဒေတာတွေ ( အီးမေးလ် လိပ်စာ (သို့မဟုတ်) ဖုန်းနံပါတ် ကဲ့သို့) ကို ထုတ်လွှတ်ခြင်း မရှိကြောင်း ကုမ္ပဏီက ပြောကြားခဲ့ ပါတယ်။ Website မှရရှိတဲ့ တစ်ခုတည်းသော အရာမှာ Apple မှ thumbs-up ပဲ ဖြစ်ပါတယ်။ အလားတူပင်၊ Device က လူသား ဟုတ်မဟုတ် အတည်ပြုဖို့ Apple မှ တောင်းဆိုနေခြင်း ဖြစ်ကြောင်း Apple ကသာ သိနေပါတယ်။ သိချင်သူတွေ အကြောင်း အချက်အလက် မရရှိသေးပါ။

Android နှင့် Windows အသုံးပြုသူတွေ အတွက် ကျေးဇူးတင် စွာဖြင့်၊ Apple က ဒီနည်းပညာကို လုပ်ဆောင်နေသူ တစ်ဦးတည်း မဟုတ်ပါ။ Fastly ရဲ့ အဆိုအရ၊ Google က ၎င်းကို ဖန်တီးရာမှာလည်း ကူညီ ပေးခဲ့ပြီး လူသား ဖြစ်ကြောင်း ယုံကြည်ရသော ပါတီကတ်ပြား ( party vouch ) တစ်ခု ရှိခြင်းရဲ့ သဘောတရားကို အင်တာနက် စံနှုန်းတွေဖြင့် တည်ဆောက် ထားပါတယ်။ Google က လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က Chrome မှာ အလားတူ စနစ်တစ်ခုကို စတင် တည်ဆောက်ခဲ့ပြီး ၎င်းဟာ ကိုယ်တိုင် အတည်ပြုခြင်း အစား ပြင်ပ ကုမ္ပဏီ ထုတ်ပေးသူတွေ အပေါ် အများစု အာရုံစိုက် နေသော်လည်း ၎င်းက ၎င်းရဲ့ အသုံးပြုသူတွေ အတွက် Apple နှင့် ဆင်တူတဲ့ စနစ်တစ်ခုကို ပြုလုပ်နေတာ သေချာပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။