Internet of Things (IoT) က ဘယ်လို အလုပ်လုပ်သလဲ ?

Image: https://info.hummingbirdnetworks.com/blog/what-is-iot-and-how-it-works

ယခု internet of things မှာ “things” ကို ရည်ညွှန်းပြီး ၎င်းတို့က ဘယ်လို အပြန်အလှန် ချိတ်ဆက် နေကြတယ် ဆိုတာကို သိရှိ လာရတဲ့ အခါ IoT devices ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ စိတ်၀◌င်စားဖို့ ကောင်းလာပါတယ် ။

အခြေခံအားဖြင့် IoT ecosystem ဟာ sensors တွေ ၊ chipsets တွေ နှင့် ဆက်သွယ်ရေး ဟာ့ဒ်ဝဲ(communication hardware )တွေ ကဲ့သို့ embedded systems တွေကို အသုံးပြု၍ အချက်အလက် data တွေကို စုဆောင်းတာ(gather) ၊ မျှဝေကာ (share) နဲ့ ခွဲခြမ်း စိတ်ဖြာတဲ့ “smart” devices တွေဖြင့် ဖွဲ့စည်း ထားတာပဲ ဖြစ်ပါတယ်။

IoT devices တွေက IoT gateway မှတဆင့် ဒေတာ ပေးပို့တာပဲ ဖြစ်ပါတယ် ။ ဒီ လုပ်ငန်းစဉ်တွေက လူတွေ ပါဝင် ပတ်သက်မှု မလိုအပ်ဘဲ အလိုအလျောက် လုပ်ဆောင်လေ့ ရှိပါတယ်။ ဆိုလိုသည်ကတော့၊ လူများတွေက စက်ပစ္စည်းတွေနှင့် အပြန်အလှန် ဆက်သွယ်နိုင်တာ (သို့မဟုတ်) ဒေတာကို ဝင်ရောက် အသုံးပြုနိုင်ဆဲပဲ ဖြစ်ပါတယ်။

IoT က ဒေတာစုဆောင်းမှုကို ပိုမို မြန်ဆန် စေပြီး လုပ်ငန်းစဉ်တွေကို ပိုမို သွက်လက်စေဖို့ အတွက် artificial intelligence (AI) နှင့် machine learning ကိုလည်း အသုံးချ နိုင်ပါတယ်။

IoT Applications တွေက ဘာတွေလဲ ?

ကျန်းမာရေး စောင့်ရှောက်မှု ၊ ကုန်ထုတ်လုပ်မှု ၊ သယ်ယူပို့ဆောင်ရေး နှင့် စားသုံးသူ လက်လီရောင်းချမှု အပါအဝင် လုပ်ငန်း အားလုံးမှာ IoT applications အမျိုးမျိုး ရှိပါတယ်။ အထူးသဖြင့် IoT က smart homes တွေ နှင့် အဆောက်အဦတွေ အပြင် စက်မှု လုပ်ငန်းသုံး အလိုအလျောက် စနစ်တွေ အထိ တိုးမြင့် လာပါတယ် ။ ဆေးရုံတွေ နှင့် ကျန်းမာရေး စောင့်ရှောက်မှု ဌာနတွေက ၎င်းတို့ရဲ့ ပတ်ဝန်းကျင်မှာ IoT ကို စတင် ကျင့်သုံးနေပြီ ဖြစ်ပါတယ်။

IoT applications တွေ လုပ်ငန်းတွေကို ရိုးရှင်း လွယ်ကူ စေပြီး လုပ်ငန်းစဉ် တွေကို မြန်ဆန် တိကျစွာ ထိန်းချုပ် နိုင်စေဖို့ ကူညီ ပေးပါတယ် ။ IoT မှာ ထင်ရှားတဲ့ Application တွေ များစွာ ရှိတာကြောင့်၊ စီးပွားရေး လုပ်ငန်းတွေက ထုတ်ကုန် နှင့် ဝန်ဆောင်မှု အသစ်တွေ ဖန်တီးဖို့ အတွက် အချိန်နှင့် တပြေးညီ ဒေတာ ဖန်တီး နိုင်သောကြောင့် business models အသစ်တွေနှင့် ဝင်ငွေ လမ်းကြောင်းတွေ(revenue streams) ကို တည်ဆောက် နိုင်ပါတယ်။

ဥပမာအားဖြင့် IoT စက်တွေမှ စုဆောင်း ထားတဲ့ ဒေတာဟာ လုပ်ငန်းတွေကို မြန်ဆန် တိကျမှုဖြင့် big data တွေကို ခွဲခြမ်း စိတ်ဖြာဖို့ ကူညီ ပေးပါတယ်။ ဒေတာတွေကို အမြန် ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် စီးပွားရေး လုပ်ငန်းတွေက ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေအား ကိုယ်တိုင် စုဆောင်းခြင်း နှင့် ခွဲခြမ်း စိတ်ဖြာခြင်း စတဲ့တွေကို နှိုင်းယှဉ်ပါက လုပ်ငန်းတွေကို အရှိန်အဟုန်ဖြင့် တိုးတက်အောင် ကူညီ ပေးနိုင်ပြီး အောင်မြင်ဖို့ နှစ်ပေါင်း များစွာ ကြာနိုင်ပါတယ်။

အခြား ဥပမာတစ်ခုမှာ ဝတ်ဆင်နိုင်တဲ့ health-tracking device က လူနာတွေရဲ့ နှလုံးခုန်နှုန်းကို အဝေးမှ ခြေရာခံ နိုင်ပြီး ဒေတာကို အချိန်နှင့် တပြေးညီ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ် ။ ၎င်းက ဆရာဝန်တွေဟာ မှန်/မမှန်ဆိုတဲ့ ခြေနေကို သိရှိ နိုင်ပြီး လူနာတစ်ဦးကို စောင့်ကြည့် နိုင်စေကာ ရောဂါ လက္ခဏာတွေ ပေါ်လာတာနှင့် လူနာတွေအား လိုအပ်တဲ့ စောင့်ရှောက်မှုကို ပေးစွမ်း နိုင်မှာပဲ ဖြစ်ပါတယ်။

Reference: GlobalSign

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။