Internet Connection ကို လုံခြုံ စေခြင်း- SSL Port (သို့မဟုတ်) Secured Ports တွေ အကြောင်း

လူတွေ နှင့် အဖွဲ့အစည်းတွေက public မှည ဖြစ်စေ အရေးကြီးတဲ့ အချက်အလက် ဖြစ်စေ ဒစ်ဂျစ်တယ် စနစ်ဖြင့် ဒေတာတွေ ဖလှယ်ကြ ပါတယ် ။ ဒီ internet ရဲ့ အဓိကကျတဲ့ feature က internet ပေါ်မှာ ဒေတာတွေ လုံခြုံရေး အတွက် လိုအပ်မှုကို တိုးစေမှာပဲ ဖြစ်ပါတယ် ။ Secured Port ဟုခေါ်တဲ့ SSL Port တစ်ခုက အင်တာနက် ချိတ်ဆက်မှုတွေကို ကာကွယ်ဖို့ အတွက် Secure Sockets Layer (SSL) လက်မှတ်တွေကို အသုံးပြု ထားပါတယ်။

SSL နည်းပညာရဲ့ အဓိက ရည်ရွယ်ချက်က ကုဒ်ဝှက်ခြင်း ( encryption ) နှင့် ဒေတာ အထောက်အထား စိစစ်ခြင်း (data authentication ) မှတစ်ဆင့် အင်တာနက် ချိတ်ဆက်မှု တွေကို လုံခြုံစေဖို့ ဖြစ်ပါတယ် ။ ဝင်ရောက်တဲ့ ဝဘ်ဆိုက်တွေမှာ devicesတွေက ဆာဗာ နှင့် ချိတ်ဆက်မှု ပုံစံ တစ်ခု ဖြစ်ပါတယ် ။ SSL က အင်တာနက် မှ ပေးပို့တဲ့ အချက်အလက် တွေကို လျှို့ဝှက် ထားကာ ဆာဗာ နှင့် ကလိုင်းယင့် အကြား လွှဲပြောင်းထားသော ဒေတာကို ကုဒ်ဝှက်ခြင်းဖြင့် ကာကွယ် ထားပြီး SSL port က ချိတ်ဆက်မှု လုံခြုံမှု ရှိ/မရှိကို ညွှန်ပြ ပေးပါတယ် ။

SSL Certificate Port Number

အမျိုးမျိုးသော ရည်ရွယ်ချက်တွေ အတွက် အသုံးပြုတဲ့ အင်တာနက်ပေါ်မှာ ports အမျိုးမျိုး ရှိပါတယ် ။ Web locations တွေကို အလွှာ လေးခု ဒါမှမဟုတ် ခုနစ်လွှာ ( four or seven layers ) အဖြစ် ခွဲထုတ်ထားပြီး vehicle layers တွေက porting တွေပဲ ဖြစ်ပါတယ် ။ Port တွေက လုံခြုံတဲ့ ချိတ်ဆက်မှုတွေ ကို ညွှန်ပြဖို့ နည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ စုစုပေါင်း 65,535 ports ရှိပါတယ်။ အောက်ဖော်ပြပါ ဇယားမှာ အကျဉ်းချုပ် ဖော်ပြထားတဲ့ အတိုင်း သာမန် လုပ်ဆောင်ချက် တွေရဲ့ port numbers တွေကို သိရှိဖို့ ကျွမ်းကျင်သူတွေ အတွက် အသုံးဝင် ပါတယ်။

UNSECURED PORTSECURED PORT
Port #Function ValuePort #Function
80HTTP443HTTPS
21FTP990FTPS
110POP3995POP3S
143IMAP993IMAPS
389LDAP636LDAPS
119NNTP563NNTPS

လုံခြုံ စိတ်ချရသော ဆက်သွယ်မှု တစ်ခု တည်ဆောက်ရန် HTTPS Port 443 ကို အသုံးပြု ပါတယ်။ ထိုသို့ အသုံးပြုရန် SSL / TLS လက်မှတ် လိုအပ် ပါလိမ့်မယ်။

Reference: GlobalSign

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။