Instagram က IGTV app ကို ပံ့ပိုးမှု ရပ်ဆိုင်းတော့မယ်လို့ ပြော

Instagram က သီးခြား IGTV app ကို ပံ့ပိုး ပေးတော့မှာ မဟုတ်ကြောင်း ကြေငြာ ခဲ့ပြီး ၎င်းက ဗီဒီယို အားလုံးကို main Instagram app (TechCrunch မှတစ်ဆင့်) မှာ ဗီဒီယို အားလုံးကို ထားရှိဖို့ အာရုံစိုက် သွားမှာ ဖြစ်ကြောင်း ဘလော့ဂ်ပို့စ် တစ်ခုတွင် ပြောကြား ခဲ့ပါတယ် ။

Instagram ရဲ့ YouTube ပြိုင်ဖက် အတွက် wall မှာ စာရေးသား ထားသည်မှာ ခဏတာမျှသာ ဖြစ်သော်လည်း ၊ တရားဝင် ပိတ်လိုက်တဲ့ ကြေညာချက်သည်က Instagram ရဲ့ ဗီဒီယို ထဲသို့ ဝင်ရောက်မှုတွေ ထဲမှ ခေတ် တစ်ခုရဲ့ အဆုံးပဲ ဖြစ်ပါတယ်။

၎င်းရဲ့ ပို့စ်တွင် Instagram က “ဗီဒီယို ရှာဖွေဖို့ နှင့် ဖန်တီးဖို့ အတတ်နိုင်ဆုံး ရိုးရှင်း စေဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ၎င်းဟာ သီးသန့် IGTV App ကို ဖယ်ရှားခြင်း ” ဟု ပြောကြား ခဲ့ပါတယ်။ Main app ရှိ မည်သည့် ဗီဒီယို ကိုမဆို မျက်နှာပြင် အပြည့် ကြည့်ရှု နိုင်မှာ ဖြစ်ပြီး tap-to-mute လည်း ပါရှိမှာပဲ ဖြစ်ပါတယ်။

Instagram က မတူညီတဲ့ ဗီဒီယို အမျိုးအစားတွေ ( ဥပမာ ဗီဒီယိုပို့စ်တွေ ဒါမှ မဟုတ် Reels များတွေ ကဲ့သို့) မျှဝေဖို့ တသမတ်တည်း နည်းလမ်းဖြင့် လုပ်ဆောင် နေကြောင်း ပို့စ်မှာ ဖော်ပြ ထားပါတယ် ။ ကုမ္ပဏီက ယခုနှစ် နှောင်းပိုင်းမှာ ဖန်တီးသူတွေက ၎င်းတို့ရဲ့ reels တွင် ပြသ ထားတဲ့ ကြော်ငြာ တွေမှ ဝင်ငွေ ရရှိစေမယ့် ” Instagram မှာ ကြော်ငြာ အတွေ့အကြုံ အသစ်ကို စမ်းသပ်ခြင်း” ကိုလည်း စီစဉ် နေပါတယ်။

Standalone IGTV App ကို 2018 ခုနှစ်မှာ ကြေညာ ခဲ့ပြီး ဒေါင်လိုက် ပုံစံ ရှည်လျားတဲ့ ဗီဒီယိုတွေ တင်ဖို့ နေရာ တစ်ခု အဖြစ် လုပ်ဆောင်ခြင်းဖြင့် YouTube နှင့် toe-to-toe သွားစေဖို့ ရည်ရွယ် ခဲ့ပါတယ် ။ တစ်နှစ် မပြည့်မီမှာ စူးစမ်း လေ့လာရေး စာမျက်နှာ ( Explore page)မှာ ဗီဒီယိုတွေ ပြသခြင်း ၊ ဇာတ်လမ်း တွေနှင့် main feed တွေမှာ အစမ်း ကြည့်ရှုခြင်းတွေနှင့် အတူ IGTV အကြောင်းအရာကို main Instagram app မှာ အကြီးအကျယ် ကြော်ငြာ နေပါတယ် ။ 2020 ခုနှစ်မှာ Instagram က main app ရှိ IGTV အကြောင်းအရာ ကို လူအနည်းငယ်သာ အသုံးပြုတယ် ဟူသော အချက်ကို ကိုးကားပြီး IGTV ကို Instagram TV အဖြစ် နာမည် ပြောင်းထားကြောင်း ကုမ္ပဏီမှ ကြေငြာ ခဲ့ပြီး IGTV ရဲ့ နာရီကို 2020 ခုနှစ်တွင် ဖယ်ရှား ခဲ့ပါတယ် ။ ပုံမှန် ဗီဒီယိုတွေ မှာလည်း အချိန် ကန့်သတ်ချက် ရှိပါမှာပဲ ဖြစ်ပါတယ်။

IGTV App က တစ်မိနစ်ကျော် ကြာတဲ့ ဗီဒီယိုတွေတွမှာ ထည့်သွင်း ထားတဲ့ In-Stream ကြော်ငြာတွေ နှင့်အတူ ပျောက်ကွယ်သွား ချိန်မှာ Instagram က ဗီဒီယိုကို အာရုံစိုက် လုပ်ဆောင်ရန် ရည်ရွယ်ထားဆဲ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထား ပါတယ်။ IGTV ရဲ့ အနားယူကြောင်း ကြေငြာတဲ့ တနင်္လာနေ့ရဲ့ ဘလော့ဂ်ပို့စ်မှာ “Instagram တွင် ကျွန်ုပ်တို့ရဲ့ ဗီဒီယို ရင်းနှီး မြှုပ်နှံမှုကို ဆက်လက် လုပ်ဆောင် နေပါတယ် ” ဟု ခေါင်းစဉ် တပ်ထားပြီး ပြီးခဲ့တဲ့ နှစ်က Instagram ရဲ့ ခေါင်းဆောင်က ၎င်းဟာ photo app မဟုတ်တော့ကြောင်း ပြောကြား ခဲ့ပါတယ်။ ၎င်းအစား TikTok နှင့် YouTube တို့ ကဲ့သို့ ပြိုင်ဘက်တွေကို အထွေထွေ ဖျော်ဖြေရေး တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်တဲ့ App ပဲ ဖြစ်ပါတယ်။

ထိုအချိန်မှ စ၍၊ Reels တင်ဖို့ Meta က ဖန်တီးသူ တွေကို ဒေါ်လာ 35,000 အထိ ဘောနပ်စ်တွေ ပေးဆောင် တာကို တွေ့ခဲ့ ရပြီး ပင်မ Instagram App မှာ video features များစွာ (အများစုမှာ TikTok မှ ကူးယူထားသော်လည်း) ထည့်သွင်း ထားပါတယ် ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။