iCloud Plus နှင့် Apple’s Private Relay feature ကို ဘယ်လို အသုံးပြုရမလဲ ?

iOS 15 ၊ iPadOS 15 နှင့် macOS Monterey တို့နှင့် ရနိုင်သော ပို၍ စိတ်ဝင် စားစရာ ကောင်းသည့် features အသစ်များ ထဲမှ တစ်ခုမှာ iCloud Plus ဖြစ်ပါတယ် ။ Apple ၏ အဆင့်မြှင့်တင် ထားသော iCloud subscription service ဟာ key privacy features အချို့ ပါ ၀ င် ပါတယ်။

ထို features များထဲမှ အဓိကမှာ Private Relay ဖြစ်ပါတယ်။ VPN ထဲသို့ ၀င်ရောက်ရန် ကြိုးစားသော ဘယ်သူ့ကိုမဆို devices များပေါ်တွင် internet traffic ကို ဖုံးကွယ်ရန် ဒီဇိုင်း ပြုလုပ်ထားသော VPN-like service တစ်ခု ဖြစ်ပါတယ်။

ဘယ်လို အသုံးပြုရမလဲ ဆိုရင် စတင်ရန် iOS 15 ၊ iPadOS 15 ၊ ( သို့မဟုတ် ) macOS Monterey ကို သုံး၍ Apple ၏ iCloud plans တစ်ခုတွင် subscriber လုပ်ထားသူ တစ်ယာက် ဖြစ်ရ ပါမယ်။ တစ်လလျှင် $0.99 ဖြင့် 50GB plan အပါအ၀င် မျှဝေထားသော family iCloud plans များ ( သို့မဟုတ် ) မျှဝေထားသော Apple One subscription မှတဆင့် ၀ယ်ယူထားတဲ့ သူများကဲ့သို့ paid iCloud plans များ အားလုံး အကျုံးဝင် ပါတယ်။

Private Relay ကို ဖွင့်တာဟာ အလွန် ရိုးရှင်းပါတယ်။

  • iPhone ( သို့မဟုတ် ) iPad တစ်ခုတွင် Settings -> Apple ID -> iCloud -> Private Relay သို့သွားပြီး “ Private Relay” ခလုတ်ကို ဖွင့်ပါ။
  • Mac တစ်ခုတွင် System Preferences -> Apple ID -> iCloud သို့ သွားပြီး “ Private Relay” ဟု label တပ်ထားသော box ကို အမှန်ခြစ်ပါ။

The toggle for Private Relay in iOS 15

Private Relay limits masking your IP address within your existing country and time zone.

VPN အများစုနှင့် မတူဘဲ Private Relay ဟာ IP address location ကို ရွေးချယ်နိုင်သော စွမ်းဆောင်ရည်တစ်ခုသာ သတ်မှတ်နိုင်တဲ့ option တစ်ခုကို ပေးပါတယ်။ Apple က ရွေးချယ်စရာ နှစ်ခု ပေးပါတယ်။ “general IP address” ကို သုံးနိုင် ပါတယ်။ ဒါကြောင့် websites တွေက location data ကို ခန့်မှန်းပေး နိုင်တုန်းပါပဲ။ ဒါမှမဟုတ် country နဲ့ time zone မှာ broader IP address တစ်ခုကို ရွေးနိုင်ပါတယ်။ ( ပိုမိုတိကျသော online content များအတွက် ကုန်ကျစရိတ် ပိုကြီးသော နာမည်ဝှက်ကို ပေးပါတယ်။ )

ထူးခြားသည်မှာ Private Relay ဟာ လက်ရှိ (rough) geographic location ကို ဖြတ်၍ web ကိုသာ သွားလာ ခွင့်ပြုပါတယ်။ ဒါကြောင့် မတူညီသော နိုင်ငံမှ Netflix content များကို streaming လုပ်ခြင်း ( သို့မဟုတ် ) local sports blackout rules များကို ကျော်လွန်ခြင်း ကဲ့သို့ ပိုပြီး popular ဖြစ်တဲ့ VPN လုပ်ဆောင်ချက်တွေအတွက် ဒါကို အသုံးပြုလို့ မရပါဘူး။

Apple က Private Relay က traditional VPN တစ်ခုထက် ပိုပြီး လုံခြုံစေပါတယ်။ traffic ကို နှစ်ကြိမ်တိုင် ဖုံးကွယ်ပေးထားသည်ကို သတိပြုမိစေမှာပါ။ Safari ရှိ URL တစ်ခုသို့ သွားသောအခါ ၎င်းဟာ ပထမဦးဆုံး IP address information များကို ထုတ်ယူပြီး ၎င်းအား ယာယီ IP address အသစ်တစ်ခု သတ်မှတ်ရန် as-yet-unidentified third party မှ ထိန်းသိမ်းသော second server တစ်ခုသို့ ပေးပို့ပါတယ်။ net result မှာ Apple ၊ third-party relay company နှင့် website တို့ဟာ ခြေရာခံနိုင်ခြင်း မရှိတော့ပါဘူး။

Private Relay အတွက် limitations အချို့ ရှိပါတယ်။ စတင်ရန် ၎င်းကို China ၊ Belarus ၊ Colombia ၊ Egypt ၊ Kazakhstan ၊ Saudi Arabia ၊ South Africa ၊ Turkmenistan ၊ Uganda နှင့် Philippines နိုင်ငံများတွင် မရနိုင်သေးပါ။ Apple က အဲ့ဒီနိုင်ငံတွေမှာ regulatory ကန့်သတ်ချက်တွေကြောင့်လို့ Reuters ကို ပြောထားပါတယ်။

ထို့အပြင် Private Relay ဟာ Safari နှင့်သာ အလုပ်လုပ်ပါတယ်။ အခြား web browser များ (သို့) apps များ၊ ၎င်းကို အခြား VPN services များထက် ပို၍ ကန့်သတ်သော option တစ်ခု ဖြစ်စေပါတယ်။ အထူးသဖြင့် ၎င်းဟာ dodging geographic location limits များကို ရှောင်ရှားရန် သုံး၍ မရပါ။

ဒါပေမယ့် Private Relay ကို အထူးသဖြင့် ပိုမိုတိကျသော VPN အသုံးပြုမှု အခြေအနေများထက် ပုံမှန် web browsing အတွက် VPN ၏ privacy အကျိုးကျေးဇူးတွေမှာ ပိုစိတ်ဝင်စားတဲ့ အသုံးပြုသူတစ်ယောက်ဆိုရင် ဒါဟာကောင်းတဲ့အပြင် iCloud subscribers များအတွက် free add-on တစ်ခုအဖြစ် ထည့်သွင်း စဉ်းစား ပေးထားပါတယ်။ Safari-only limitation ဟာ သုံးစွဲသူများအား Chrome ( သို့မဟုတ် ) Firefox ကဲ့သို့ ပြိုင်ဘက်များထက် Apple browser ကို သုံးရန် တွန်းအား ပေးနိုင်တာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။