iCloud Photos မှ Google Photos သို့ဓာတ်ပုံနှင့်ဗီဒီယိုကူးပြောင်းခြင်း ဝန်ဆောင်မှုကိုစတင်

Apple မှအချို့သောနိုင်ငံများအတွင်း iCloud Photos မှ Google Photos သို့ ဓာတ်ပုံများ နှင့်ဗွီဒီယိုများကို အချိန်တိုအတွင်အလွယ်တကူလွှဲပြောင်းနိုင်သည့် ၀န်ဆောင်မှုကို မိတ်ဆက် ပေးခဲ့ပြီး အချို့နိုင်ငံများတွင် အသုံးမပြုနိုင်သေးပါ။

ဓာတ်ပုံများနှင့်ဗွီဒီယိုများကိုလွှဲပြောင်းခြင်းအတွက် privacy.apple.com မှ ဆက်သွယ်၍ သင်၏ login ကိုပြီးအောင်လုပ်ပြီး Memu သို့သွားပါ။ “သင့်အချက်အလက်မိတ္တူ တစ်စောင်ပေးပို့ပါ”၊ “သင်၏အချက်အလက်ဒေတာတွေပေးပို့ပါ”၊ ပြီးနောက်သတ်မှတ် ထားတဲ့အဆင့်အတိုင်းဆက်သွားပါ။

သင်လွှဲပြောင်းလိုသည့်ဂူဂဲလ်အကောင့်ကိုရွေးချယ်လိုက်ပါ။ ထို့နောက်သင့်ကိုအချက် အလက်လွှဲပြောင်းခြင်း တောင်းဆိုမှုကိုပို့ပေးမှာဖြစ်ပါတယ်။iCloud Photos မှအချက် အလက်များကို Google Photos သို့လွှဲပြောင်းခြင်းသည် iCloud Photos ထဲကအချက် အလက်တွေကိုဖျက်ပစ်ခြင်းမျိုးမဟုတ်ပဲဓာတ်ပုံများနှင့်ဗီဒီယိုများကို Google Photos သို့ကူးယူ သိမ်းဆည်းပေးထားခြင်းသာဖြစ်ပါတယ်။

Apple မှအချို့သောနိုင်ငံများအတွင်း iCloud Photos မှ Google Photos သို့ ဓာတ်ပုံများနှင့်ဗွီဒီယိုများကို အချိန်တိုအတွင်အလွယ်တကူလွှဲပြောင်းနိုင်သည့် ၀န်ဆောင်မှုကို မိတ်ဆက်ပေးခဲ့ပြီး အချို့နိုင်ငံများတွင် အသုံးမပြုနိုင်သေးပါ။

အသုံးပြုသူများအနေဖြင့် Google ဝန်ဆောင်မှုအတွက်တောင်းဆိုမှုမတင်မီ iCloud Photos မှလွှဲပြောင်းရန်အချက်အလက်များနှင့်ကိုက်ညီသည့်ပမာဏအတွက် Google Account တွင်နေရာအလုံအလောက်ရှိနေဖို့လိုအပ်ပါတယ်။ နေရာအလုံအလောက် မရှိပဲကူးပြောင်းခဲ့ပါက အချို့သောဓာတ်ပုံများနှင့်ဗွီဒီယိုများသည်လွှဲပြောင်းနိုင်မည် မဟုတ်ပါ။ လွှဲပြောင်းရန်ကြာချိန်အားဖြင့် ၃ ရက်ကနေ ၇ ရက်အထိကြာမြင့် မှာဖြစ်ပါတယ်။

ဤ ၀န်ဆောင်မှုတွင် စမတ်အယ်လ်ဘမ်များ၊ Live Photos၊ Photo Stream၊ အချို့ Smart Albums နှင့် RAW ရုပ်ပုံဖိုင်များ, mod, .mmv, .tod, .wmv, .asf, .avi, .divx, .mov, .m4v, .3gp, .3g2, .mp4, .m2t, .m2ts အစရှိသောဖိုင်များနှင့် အချို့ RAW အမျိုးအစားများဖိုင်များအတွက် ကူးပြောင်းခြင်းမပြုလုပ်နိုင်ပါ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။