Huawei မှ Watch Fit Elegant အရောင်အသစ်များမိတ်ဆက်

Photo : GSMArena

Huawei မှနောက်ဆုံးပေါ်ဝတ်ဆင်နိုင်သည့် လက်ပတ် Watch Fit Elegant ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Watch Fit Elegant ဟာ ၂၀၂၀ နွေရာသီတွင်ဖြန့်ချီရောင်းချပေးခဲ့တဲ့ Watch Fit စမတ်နာရီမှ update  လုပ်ပြီး စွမ်းရည်မြင့်ထုတ်လုပ်ထားတဲ့ စမတ်နာရီဖြစ်ပါတယ်။

Watch Fit နဲ့ကွဲထွက်သွားတဲ့အချက်တွေကတော့ Watch Fit Elegant ဟာ stainless steel  bezel ပါဝင်ပြီး ရော်ဘာ Fluoroelastomers ဖြင့်ပြုလုပ်ထားသောလက်ပတ်ကြိုးဖြစ်ပါတယ်။  Frosty White နဲ့ Midnight Black အရောင် ၂ မျိုးနဲ့ထွက်လာမှာပါ။

Huawei Watch Fit Elegant ၏သတ်မှတ်ချက်များ

၁.၆၄ လက်မ AMOLED မျက်နှာပြင်

 

Huawei မှနောက်ဆုံးပေါ်ဝတ်ဆင်နိုင်သည့် လက်ပတ် Watch Fit Elegant ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Kirin A1 Chipset

Lite OS software

၁၂ ရက်ကြာရှည်ခံတဲ့ဘက်ထရီ

Built-in GPS စနစ်

သွေးခုန်နှုန်းနှင့် သွေးထဲကအောက်စီဂျင်ကို ၂၄ နာရီလုံးတိုင်းတာတဲ့နှလုံးခုန်နှုန်းအာရုံခံကိရိယာ

96 မျိုးသောလေ့ကျင့်ခန်း Modes

Photo : GSMArena

Huawei TruSleep 2.0  sensor ပါရှိပြီး အိပ်စက်ခြင်းအရည်အသွေးကိုခြေရာခံခန့်မှန်းပေးခြင်း

Huawei  Watch Fit Elegant ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် UK အတွင်းဖြန့်ချီမိတ်ဆက်ပေးမှာဖြစ်ပြီး ယူရို ၁၁၀ (မြန်မာကျပ် ၁ သိန်း ၈ သောင်းခန့်) ဖြင့်ရောင်းချသွားမှာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။