Huawei ကုမ္ပဏီအနေဖြင့် chipset ပြသနာကိုသေချာပေါက်ဖြေရှင်း လိမ့်မည်ဟုပြောကြား

၂၀၁၉ ခုနှစ်မှစ၍ Huawei ကုမ္ပဏီအနေဖြင့် တရုတ် – ယူအက်စ်ကုန်သွယ်ရေး စစ်ပွဲကြောင့်ထိခိုက်ခဲ့ မှုများစွာရှိခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဂူဂဲလ်ဝန်ဆောင်မှုများကို ၂၀၂၀ ပြည့်နှစ်မှစ၍ အသုံးမပြုနိုင်တော့ ပါဘူး။ အဲထက်ပိုဆိုးရွားဒီမှာ လုပ်ပိုင်ခွင့်အာဏာဖြင့် အမေရိကန်နည်းပညာကို သုံး၍ထုတ်လုပ်ထားသော ချစ်ပ်များကိုလည်းအသုံးပြုခွင့် မရှိတော့ပေ။

စမတ်ဖုန်းများအနေဖြင့်စွမ်းအင်သုံး chipset မရှိပါက ၎င်းစမတ်ဖုန်းများကို အသုံးပြုနိုင်ခြင်းမရှိတော့ပါ။ ထို့အပြင် Huawei သည် chipset များမရှိခြင်းကြောင့်        ၎င်း၏စမတ်ဖုန်းများကိုအပြည့်အ၀ ထုတ်လုပ်ဖြန့်ချီရောင်းချနိုင်ဖို့ခက်ခဲ့နေပါတယ်။

လက်ရှိမော်ဒယ်နှင့်အတူအသုံးပြုဖို့အပြင် အနာဂတ်ကာလမှာထုတ်လုပ်မယ့် စမတ်ဖုန်း အသစ်များတွင်လည်းအသုံးပြုရန်အတွက် chipset ကြိုတင်စာရင်းသွင်း ထားရန်လိုအပ် နေပါတယ်။

 

၂၀၁၉ ခုနှစ်မှစ၍ Huawei ကုမ္ပဏီအနေဖြင့် တရုတ် – ယူအက်စ်ကုန်သွယ်ရေးစစ်ပွဲကြောင့်ထိခိုက်ခဲ့ မှုများစွာရှိခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဂူဂဲလ်ဝန်ဆောင်မှုများကို ၂၀၂၀ ပြည့်နှစ်မှစ၍ အသုံးမပြုနိုင်တော့ ပါဘူး။

ပြောရေးဆိုခွင့်ရှိသူတစ်ဉီးဖြစ်တဲ့ Ren Zhengfei ကနိုင်ငံခြားမီဒီယာများတွင် Huawei သည်စမတ်ဖုန်း လုပ်ငန်းများအနေဖြင့် စမတ်ဖုန်းထုတ်လုပ်ဖြန့်ချီမှာမဟုတ် သေးကြောင်း ယခင်က အတည်ပြုခဲ့ပြီး နောက်ပိုင်းတွင် Huawei သုံးစွဲသူများအတွက် Huawei  Software  ဥက္ကဋ္ဌ Wang Chenglu က Huawei ၏စမတ်ဖုန်းလုပ်ငန်းကိုဆက်လက် လုပ်ကိုင်မည်ဟုထပ်မံအတည်ပြုထားပြီး ကုမ္ပဏီအနေဖြင့် chipset ကိစ္စများလည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ပြောကြားထားပါတယ်။

Wang Chengli ကတော့ လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်းတရုတ်နိုင်ငံ၏စက်မှု လုပ်ငန်းများ တိုးတက်ပြောင်းလဲလာခြင်းမှာ စိတ်ကူးထားတာထက်ပိုပြီး တိုးတက်လာတာ တွေ့ရပါတယ်။ အရင်ကထုတ်လုပ်နိုင်ခြင်းမရှိသောအရာများကိုလည်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး မျက်နှာပြင်ပြောင်းလွယ်ပြင်လွယ်ပြီး ဆွဲဆန့်ခေါက်သိမ်းနိုင်တဲ့ အဆင့်မြင့် မိုဘိုင်းဖုန်းများကဲ့သို့သော အရာများကိုထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ အကောင်းဘက် ကနေဖြည့်တွေးပြီး ပြောကြားသွားခဲ့ပါတယ်။

Photo : Global Times

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။