Honor က ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်း Magic V

Honor’s new foldable, the Magic V. Image: Honor

Huawei ရဲ့ အမှတ်တံဆိပ်ခွဲဟောင်း Honor က ၎င်းရဲ့ ပထမဆုံး ခေါက်နိုင်တဲ့ စမတ်ဖုန်း Honor Magic V ကို ကြေငြာ လိုက်ပါတယ် ။ ၎င်းက Samsung ရဲ့ Galaxy Z Fold စက်တွေ နှင့် ပုံစံတူ ခေါက်နိုင်တဲ့ ပုံစံကို အသုံးပြု ထားပြီး အတွင်းပိုင်း ခေါက်နိုင်တဲ့ မျက်နှာပြင် ( display ) ကို သေးငယ်တဲ့ အပြင်ဘက်ပိုင်း မျက်နှာပြင် ( external display ) ဖြင့် ပေါင်းစပ် အသုံးပြု ထားပါတယ်။ ဇန်န၀ါရီလ ၁၀ က ခေါက်နိုင်တဲ့ စက်တွေကို မိတ်ဆက်တဲ့ တရုတ် မိတ်ဆက်ပွဲ ဖြစ်ပြီး ၎င်းရဲ့ စျေးနှုန်းက 256GB storage မော်ဒယ် အတွက် ယန်း ၉,၉၉၉ ( ဒေါ်လာ ၁,၅၆၉ ဝန်းကျင် ) ဖြင့် စတင် ခဲ့ပါတယ် ။ ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ စတင် ရောင်းချ သွားမှာပဲ ဖြစ်ပါတယ်။

Magic V ရဲ့ အထင်ကရ လုပ်ဆောင်ချက်တွေက ၎င်းရဲ့ အတွင်းပိုင်း ခေါက်နိုင်တဲ့ မျက်နှာပြင်ဟာ ( corner to corner ) အတိုင်းအတာ 7.9 လက်မ ရှိပြီး ကြည်လင် ပြတ်သားမှု 2272 x 1984 resolution ၊ 90Hz refresh rate နှင့် aspect ratio 10:9 တို့ပဲ ဖြစ်ပါတယ်။ Resolution 2208 x 1768 ရှိတဲ့ အတွင်း မျက်နှာပြင်က 7.6 လက်မ ရှိတဲ့ Samsung’s Z Fold 3 ထက် အနည်းငယ် ပိုပြီး ကြီးပါတယ် ။ Magic V ရဲ့ အတွင်းပိုင်း မျက်နှာပြင်ဟာ 21: 9 မျက်နှာပြင် နှစ်ခုကို ဘေးချင်းကပ်လျက် အသုံးပြုထားသလို ပုံစံပဲ ဖြစ်ပါတယ် ။

Magic V ရဲ့ အပြင်မှာ ပါရှိတဲ့ ပြင်ပ မျက်နှာပြင်က 6.45 လက်မ ( Samsung အတွက် 6.2 နှင့် နှိုင်းယှဉ်ပါက ) က Z Fold 3 ထက် အနည်းငယ် ပိုကြီးပြီး Resolution 2560 x 1080 ၊ 120Hz refresh rate နှင့် 21 : 9 aspect ratio တို့ ပါရှိ ပါတယ် ။

ခေါက်လိုက်တဲ့ အခါမှာ Magic V ဟာ အကျယ် 72.7 မီလီမီတာ ၊ အထူ 14.3 မီလီမီတာ ၊ အမြင့် 160.4 မီလီမီတာ ရှိပြီး ဖြန့်လိုက်တဲ့ အခါတွင် အကျယ် 141.1 မီလီမီတာ နှင့် အထူ 6.7 မီလီမီတာ ရှိပါတယ် ။ ၎င်းက Samsung ရဲ့ နောက်ဆုံးထွက် Z Fold ထက် အနည်းငယ် ပိုကျယ်ပြီး ခေါက်ထားတဲ့ အခါတွင် စက်ပုံစံက ပိုပါးပါတယ် ။ Honor ရဲ့ ခေါက်နိုင်တဲ့ ပမာဏက အနည်းငယ် ပိုလေးလံ စေပါတယ် ။ လိမ္မော်ရောင် ၊ ငွေရောင် နှင့် အနက်ရောင် ဟူ၍ အရောင် သုံးမျိုးဖြင့် ရနိုင်မှာပဲ ဖြစ်ပါတယ်။

အတွင်းပိုင်း ၊ Magic V က Qualcomm ရဲ့ နောက်ဆုံးထွက် chipset ဖြစ်တဲ့ Snapdragon 8 Gen 1 ကို အသုံးပြု ထားပြီး 12GB RAM နှင့် 256GB (သို့မဟုတ်) 512GB storage ဖြင့် တွဲထား ပါတယ်။ ဘက်ထရီ 4,750 mAh ပါဝင်၍ 66W အထိ အားသွင်း နိုင်ပြီး 15 မိနစ် အတွင်း 50 ရာခိုင်နှုန်း အားသွင်း နိုင်ပါတယ်။ ၎င်းက 5G နှင့် တွဲဖက် အသုံးပြုနိုင်ပြီး Honor ရဲ့ Magic UI 6.0 ဆော့ဖ်ဝဲလ်ကို Android 12 ရဲ့ ထိပ်မှာ လုပ်ဆောင် နေပြီး တစ်ချိန်တည်းမှာ အက်ပ်ဝင်းဒိုး များစွာရဲ့ display ကို ပံ့ပိုး ပေးထားကြောင်း Honor က ပြောကြားခဲ့ပါတယ်။

The Honor Magic V in orange. Screenshot: Honor

Honor’s foldable, folded. Image: Honor

ကင်မရာများနှင့် ပတ်သက်၍ Honor က ခေါက်နိုင်တဲ့ 50-megapixel sensors သုံးမျိုး ပါဝင်ပြီး ပင်မ sensor ၊ ultrawide camera နှင့် Honor ရဲ့ “spectrum enhanced camera.” ဟု ခေါ်သော အရာ သုံးခု ပါဝင်ပါတယ် ။ ဤတတိယ ကင်မရာ လုပ်ဆောင်ပုံ အသေးစိတ် အချက်အလက်တွေ အတွက် ကုမ္ပဏီနှင့်အတူ လိုက်ပြီး လုပ်ဆောင် ရမှာပဲ ဖြစ်ပါတယ် ။ Magic V တွင် 42-megapixel selfie ကင်မရာ တစ်စုံ ၊ ပြင်ပ မျက်နှာပြင်မှာ ကင်မရာ တစ်ခု ထည့်သွင်း ထားပြီး အတွင်းပိုင်း ခေါက်ထားတဲ့ မျက်နှာပြင်မှာ ထည့်သွင်းထားတဲ့ ကင်မရာ တစ်ခု ပါ၀◌င်ပါတယ် ။

မကြာသေးမီက Oppo က ၎င်းရဲ့ Find N ကို ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းမှာ ကြေညာခဲ့တာကို တွေ့ခဲ့ ရပြီး Xiaomi နှင့် Honor ရဲ့ မိခင်ကုမ္ပဏီဟောင်း Huawei ကလည်း ၎င်းတို့ မှာလည်း ခေါက်ဖုန်း စက်ကိရိယာများ ရှိပါတယ်။ Magic V က ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချိမှုကို ဘယ်အချိန်မှာ ရရှိနိုင်မယ် ဆိုတာကို သိရှိနိုင်ဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။