Hole-punch camera တစ်လုံးနှင့် Screen အောက်မှာ Face ID ကို ဝှက်ထားနိုင်မယ့် iPhone 14 Pro

Photo by Amelia Holowaty Krales / The Verge

Apple ရဲ့ လာမယ့် 2022 iPhone အသစ် ပြန်လည် ဆန်းသစ်ရေး အတွက် ကောလာဟလတွေ ဆက်လက် ထွက်ပေါ်လျက် ရှိပြီး တွစ်တာမှ ဖြန့်ေ၀ ဖေါက်ကြားသူ DylanDKT က iPhone 14 Pro မှာ Apple ရဲ့ Face ID ဟာ့ဒ်ဝဲ အမြောက်အများကို display အောက်မှာ ထားရှိခြင်း ( notch ရဲ့ eyesore တွေ အစား) တို့ အပါအ၀င် ၎င်းရဲ့ ရှေ့ကင်မရာ အတွက် ဆေးလုံး ပုံသဏ္ဍာန် အပေါက်ဖောက်ထားတဲ့ ဒီဇိုင်း ( pill-shaped hole-punch design) ဖြင့် ပါဝင်မယ်လို့ ပြောဆို ထားပါတယ်။

အဆိုပါ တင်ပြထားတဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှ ကောင်းမွန်တဲ့ Apple မှ သုံးသပ်သူ Ming-Chi Kuo ထံမှ အစောပိုင်း ကောလဟာလတွေကို အတည်ပြု ခဲ့ပြီး 2022 iPhone 14 Pro နှင့် 14 Pro Max ဟာ ကင်မရာအတွက် hole-punch cutout ပုံစံသို့ ပြောင်းလဲ သွားလိမ့်မယ် လို့လည်း အခိုင်အမာ ပြောဆိုခဲ့ ပါတယ်။

Apple က 2017 ရဲ့ iPhone X ကတည်းက Apple အသုံးပြုခဲ့တဲ့ မူရင်း ဒီဇိုင်းထက် အနည်းငယ် သေးငယ်တဲ့ မနှစ်က iPhone 13 စီးရီးဖြင့် iPhone ရဲ့ Face ID notch ကို ပထမဆုံး အကြီးစား ပြောင်းလဲမှု ပြုလုပ်ခဲ့ ပါတယ်။

Screen အောက်မှာ ရှိတဲ့ Face ID အခင်းအကျင်းကို ရွှေ့ခြင်းက အဓိပ္ပါယ် များစွာ ရှိစေတဲ့ Face ID ရဲ့ IR-based စနစ် ထည့်သွင်းမှုဟာ လက်ရှိ display အောက်က ရှေ့ကင်မရာ (under-display front-facing cameras) တွေ အတွက် တည်ရှိနေတဲ့ မှုန်ဝါးမှု နှင့် အားနည်းတဲ့ အရောင်တွေကြောင့် ထိခိုက်စေမှု နည်းပါးမှာ ဖြစ်ပြီး ၊ iPhone 14 Pro ရဲ့ notch က Apple ကို နှစ်ပေါင်း များစွာ သေးငယ်တဲ့ ကင်မရာ ဖြတ်တောက်မှု ဒီဇိုင်း ( camera cutout designs ) တွေနှင့်အတူ Android ပြိုင်ဘက်တွေနဲ့ပါ ခြေရာခံမှုတွေ လုပ်ဆောင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

၎င်းက Apple ဟာ လက်ရှိ Face ID notch ကို ထိန်းသိမ်း ထားတယ်ဟု ဆိုထားတဲ့ စျေးသက်သာသော iPhone 14 Pro စီးရီးနှင့် ရိုး iPhone 14 မော်ဒယ် ( standard iPhone 14 models )တို့ကြား ဒီဇိုင်းပိုင်း ခြားနားချက် အဖြစ် ပါးလွှာတဲ့ notch ကို ရှာဖွေနေပုံ ရပါတယ်။

ထို့အပြင် Apple ရဲ့ under-display ရည်မှန်းချက်က Face ID ကင်မရာ array တွင်သာ ဆက်လက် တည်ရှိနေပုံပါပဲ။

Kuo ရဲ့ 2021 ခုနှစ်နှောင်းပိုင်း အစီရင်ခံစာမှာ Apple ရဲ့ ကောလဟာလတွေ ဖြစ်သော ၎င်း၏ Touch ID sensor အား under-display fingerprint scanner ပုံစံဖြင့် ပြန်လည် ယူဆောင်လာမယ်လို့ ကောလဟာလ သတင်းတွေ ထွက်ရှိခဲ့ပါတယ် ။ အစောဆုံး 2023 အထိ ဖြစ်မလာဘူး။

DylanDKT ကလည်း Apple က လက်ရှိ 2020 SE ကဲ့သို့ ကျယ်ပြန့်တဲ့ ဒီဇိုင်းကို ထိန်းသိမ်း ထားမည့် 2022 မှာ မွမ်းမံထားတဲ့ iPhone SE မော်ဒယ်ကို ထုတ်ပေးမယ် ဟုလည်း အခိုင်အမာ ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ ခေါက်နိုင်သော iPhone (foldable iPhone) ဟာ ပုံတူရိုက်ခြင်းအဆင့် (prototyping phase) တွင် ရှိနေဆဲ ဖြစ်တယ်ဟု Apple မှ ပြောကြားထားပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။