Google Play က ၎င်းရဲ့ 10 နှစ်ပြည့် နှစ်ပတ်လည် အတွက် logo အသစ်

Image: Google

Google Play က ၎င်းရဲ့ 10 နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မနေ့က logo အသစ်ကို တွေ့ခဲ့ ရပါတယ်။ Google က ၎င်း Google Play logo ရဲ့ ပုံသဏ္ဍာန် အားလုံးကို အနည်းငယ် ပြုပြင် ပြောင်းလဲ ထားသော်လည်း အထင်ရှားဆုံး ပြောင်းလဲမှု တွေမှာ ၎င်းရဲ့ အခြား ဝန်ဆောင်မှု များစွာ အတွက် Google အသုံးပြုတဲ့ အစိမ်း ၊ အဝါ ၊ အပြာ ၊ အနီရောင် တို့ဖြင့် ပိုမို နီးကပ်စွာ လိုက်ဖက်တဲ့ အရောင် တောက်ပြောင်မှု နည်းပါးသော အရောင်တွေပဲ ဖြစ်ပါတယ်။

“ကျွန်ုပ်တို့က Google ရဲ့ မှော်ဆန်မှုကို ထင်ဟပ် စေမယ့် လိုဂို အသစ်ကို မိတ်ဆက် ပေးနေပြီး ကျွန်ုပ်တို့ရဲ့ အသုံးဝင်သော ထုတ်ကုန် များစွာ ဖြစ်တဲ့ Search ၊ Assistant ၊ Photos ၊ Gmail နှင့် အခြားအရာ တွေက မျှဝေ ထားတဲ့ အမှတ် တံဆိပ်ကို လိုက်ဖက် စေပါတယ် ” ဟု Google Play ရဲ့ VP ဖြစ်သူ Tian Lim က ရှင်းပြ ထားပါတယ် ။ လိုဂို အသစ်နှင့် iconography အသစ်ဟာ 2012 ခုနှစ်မှာ Android Market မှ rebranded ပြုလုပ် ပြီးနောက် Google Play ရဲ့ 10 နှစ်မြောက် အမှတ်အသားလည်း ဖြစ်ပါတယ်။

“ဆယ်စုနှစ် တစ်ခု ကြာပြီးနောက်၊ နိုင်ငံပေါင်း 190 ကျော်ရှိ လူ 2.5 ဘီလီယံ ကျော်က App တွေ ၊ Game တွေနှင့် ဒစ်ဂျစ်တယ် အကြောင်းအရာ တွေကို ရှာဖွေဖို့ လစဉ် Google Play ကို အသုံးပြု ကြပါတယ် ” ဟု Lim က ပြောဆို ထားပါတယ်။ ” ပြီးတော့ developer 2 သန်း ကျော်က သူတို့ရဲ့ လုပ်ငန်းတွေကို တည်ဆောက်ပြီး ကမ္ဘာတဝှမ်းက လူတွေကို လက်လှမ်းမီဖို့ ကျွန်တော်တို့နဲ့ တွဲလုပ် နေပါတယ်။” ဟုလည်း ထပ်ပြီး ပြောဆိုခဲ့ ပါတယ်။

Google Play ရဲ့ 10 နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် Google က Google Play Points ကိုလည်း မြှင့်တင် ပေးထား ပါတယ်။ အကယ်၍ points booster ကို စတင် အသုံးပြု ပါက ( စတင်တဲ့ ရက်စွဲတွေက နိုင်ငံအလိုက် ကွဲပြားပြီး ) App အတွင်းရှိ အရာအများစု အပါအဝင် ဝယ်ယူမှု တွေမှာ အမှတ် 10x ရရှိမှာပဲ ဖြစ်ပါတယ်။

Google Play’s new logo, with less bright colors
Image: Google

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။