Google Pixel 3 ၏ထုတ်ကုန်အသစ်များ

အရင်လက Apple iPhone အသစ် မိတ်ဆက်ပွဲပြီးတော့၊ အခု Google ရဲ့ Pixel ဖုန်းအသစ် မိတ်ဆက်ပွဲ လာပါပြီ။ “Made by Google” Launch Event လို့ အမည်ပေးထားပြီး၊ Pixel 3 ဖုန်းအသစ်နဲ့အတူ တခြား Google Pixel 3 ၏ထုတ်ကုန်အသစ်များ အမြောက်အများကို မိတ်ဆက်သွားဖို့ ရှိပါတယ်။

၁) Pixel 3 and Pixel 3 XL

အောက်တိုဘာလမှာ Pixel ဖုန်းအသစ် မိတ်ဆက်နေကျ Google ရဲ့ Pixel 3 နဲ့ Pixel 3 XL ဖုန်းအသစ်တွေကို ဒီပွဲမှာ အဓိကမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဖုန်းအကြောင်းတွေကတော့ သတင်းတွေ ကြိုထွက်ပြီး ဖြစ်သလို၊ Pixel 3 XL ဖုန်းဆို ကြိုရောင်းချနေတဲ့ ဆိုင်တွေပါ ရှိနေတာကြောင့် ဖုန်းဒီဇိုင်းကတော့ အဓိကအားဖြင့် Pixel ဖုန်းအသစ်တွေမှာ Screen ပိုကြီးလာပြီး၊ Pixel 3 XL ဖုန်းမှာတော့ Notch ပါတဲ့ Display ကို တွေ့ရဖို့ ရှိပါတယ်။ ထူးခြားချက်အနေနဲ့ Google ဟာ အဓိက ကျောကင်မရာကိုတော့ တစ်လုံးပဲ ဆက်သုံးထားပြီး၊ ရှေ့ကင်မရာကိုပဲ နောက်ထပ် အပိုတစ်လုံး ထပ်သုံးမှာ ဖြစ်ပါတယ်။ဖုန်းရဲ့ အပြင်ဒီဇိုင်းထက်စာရင် Google အနေနဲ့ ဘယ်လို မှော်ဆန်ဆန် ဆော့ဖ်ဝဲ လုပ်ဆောင်ချက်တွေ ထည့်ပေးမလဲဆိုတာကိုပါ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။

၂) Pixel Charging Stand

Pixel 3 ဖုန်းအသစ်တွေမှာ ကြိုးမဲ့အားသွင်းစနစ် ပါလာတော့မှာဆိုတော့ ကြိုးမဲ့အားသွင်းနိုင်မယ့် Stand တစ်ခုကို Google ထုတ်ပေးမှာ ဖြစ်ပါတယ်။ လတ်တလော သိရှိထားသလောက်ဆိုရင်တော့ ဖုန်းကို ထောင်တင်ပြီး အားသွင်းလို့ရမယ့် Stand တစ်ခု ဖြစ်ပါလိ့မ်မယ်။ အားသွင်းနေတုန်းမှာ Calendar ထဲ ထည့်ထားတဲ့ ပွဲအချိန်ဇယားတွေ၊ အဝင်မက်ဆေ့တွေ၊ အချိန်နာရီတွေ စတဲ့ အရေးကြီး အချက်အလက်တွေကိုပါ ပြပေးထားမယ့် ပုံစံဖြစ်ပါတယ်။

အရင်လက Apple iPhone အသစ် မိတ်ဆက်ပွဲပြီးတော့၊ အခု Google ရဲ့ Pixel ဖုန်းအသစ် မိတ်ဆက်ပွဲ လာပါပြီ။ “Made by Google” Launch Event လို့ အမည်ပေးထားပြီး၊ Pixel 3 ဖုန်းအသစ်နဲ့အတူ တခြား Product အမြောက်အများကို မိတ်ဆက်သွားဖို့ ရှိပါတယ်။

၃) Google Home Hub

Google Home စမတ်စပီကာ အသစ်ကို မြင်တွေ့ရဖို့ မရှိပေမယ့်၊ Google Home ပစ္စည်းအသစ်ကို မြင်တွေ့ရဖို့ ရှိပါတယ်။ Smart Display ဖြစ်ပြီး၊ Google Home Hub ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာဖွယ်ရှိပါတယ်။ Google Assistant ရဲ့ Information တွေကို ပြပေးမှာဖြစ်ပြီး၊ Lenovo တို့ JBL တို့ မကြာခင်က ထုတ်ထားတဲ့ Smart Display တွေ ပုံစံမျိုး ဖြစ်ပါတယ်။

ဗီဒီယိုကြည့်၊ Stream သီချင်းနားထောင်တာတွေ လုပ်နိုင်မှာလည်း ဖြစ်ပြီး၊ တခြား အိမ်သုံးစမတ်ပစ္စည်းတွေကိုလည်း ချိတ်ဆက်ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။ Amazon ရဲ့ Echo Show ကို ယှဉ်ပြိုင်မယ့် Google ထုတ်ကုန်အသစ်ပါ။Built-in webcam မပါဝင်လာဘူးလို့ သိရတာကြောင့် Video Call မလုပ်နိုင်ရင် ဝယ်သူအချို့ စိတ်တိုင်းကျမှာ မဟုတ်လောက်ပေမယ့်၊ Google Product ဖြစ်တာကြောင့် YouTube ဝန်ဆောင်မှုပါလာရင်တော့ မဆိုးဘူးလို့ ဆိုရမှာပါ။

၄) Pixel Slate Tablet

Pixel အမှတ်တံဆိပ်နဲ့ ထွက်လာမယ့် Chrome OS tablet ဖြစ်ပါတယ်။ Pixel Slate လို့ အမည်ရပြီး၊ ဖြုတ်တပ်နိုင်တဲ့ ကီးဘုတ်နဲ့ စွမ်းဆောင်ရည်မြင့် တက်ဘလက်တလုံးအဖြစ် ထွက်ရှိလာမှာပါ။ မကြာမီက အသစ်မိတ်ဆက်ခဲ့တဲ့ Microsoft Surface Pro 6 ၊ Apple ရဲ့ iPad Pro တို့ကို ယှဉ်ပြိုင်မယ့် Google Tablet ဖြစ်လာနိုင်ပါတယ်။

Slate ကို Intel Core i7 Processor ၊ အမြင့်ဆုံး 16GB RAM တို့နဲ့ ထုတ်လုပ်ဖို့ ရှိပြီး၊ 8th Gen အစား 7th Gen Processors တွေကိုပဲ သုံးမယ်လို့ သတင်းထွက်နေပါတယ်။ 3000 x 2000 Resolution ၊ USB-C Port ၊ လက်ဗွေရာ ဆန်ဆာတို့လည်း ပါလာမှာဆိုတော့ Hardware ကတော့ အမိုက်စားပဲဖြစ်ပါတယ်။Chrome OS ကိုပဲ Tablet မှာသုံးဖို့ ဘယ်လောက်အဆင်ပြေအောင် လုပ်ပေးနိုင်မလဲဆိုတာပဲ အဓိက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(၅) Pixelbook 2

Google ဟာ Pixelbook ကိုလည်း အသစ်ထပ်ထုတ်သွားဖို့ ရှိနေပါတယ်။ ဒီဇိုင်း မပြောင်းလဲ၊ Specs မြှင့်ပြီးတော့ပဲ ထုတ်မယ့်ပုံစံပါ။ Processors အသစ်၊ RAM ပမာဏများများ မြင်ရနိုင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Upgrade တခုကတော့ 4K Display မော်ဒယ်လည်း ထွက်လာမယ်ဆိုတာပါ။လက်ရှိအချိန်ထိ QHD Display နဲ့ Pixelbook ပဲ ရှိသေးတာကြောင့် Resolution အမြင့်ဆုံး ခံစားချင်သူတွေ အကြိုက်တွေ့နိုင်ပါတယ်။

(၆) Pixel Buds အသစ်

မနှစ်က ကြိုးမဲ့နားကြပ် Pixel Buds တွေ ထုတ်ပြီး အားလုံးကို အံ့အားသင့်ခဲ့ပေမယ့်၊ တကယ်တမ်းမှာ အဲ့လောက် နာမည်မရခဲ့တဲ့ နားကြပ်တွေဖြစ်ပါတယ်။ Pixel Buds အကြောင်းကတော့ ဘာဆိုဘာမှ သိပ်မကြားရတာကြောင့် Pixel Buds မျိုးဆက်သစ် ထုတ်၊ မထုတ်က မသေချာပါဘူး။

ဒါပေမယ့် သေချာသလောက်ရှိနေတာတစ်ခုကတော့ Google ဟာ Pixel 3 ဖုန်းအသစ်တွေနဲ့အတူ USB-C သုံး ကြိုးနဲ့ Pixel Buds တွေကို ထုတ်နိုင်ပါတယ်။ Pixel 3 ဖုန်းနဲ့ တစ်ခါတည်းထည့်ပေးနိုင်သလို၊ သက်သာတဲ့ ဈေးနှုန်းနဲ့လည်း သပ်သပ် ရောင်းချသွားနိုင်ခြေ ရှိပါတယ်။

(၇) Chromecast Update

Chromecast ကို Update မလုပ်ပေးခဲ့တာ တော်တော်ကြာပြီ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ Chromcast အသစ် လာပါတော့မယ်။ Best Buy ကတောင် မတော်တဆ ရောင်းချမှုတွေ ဖြစ်သွားခဲ့ပါသေးတယ်။ တတိယမျိုးဆက် Chrome cast မှာ 4K ရလာတာလို့ ထူးထူးခြားခြား Upgrade ဖြစ်လာတာမျိုး မမြင်နိုင်ပေမယ့် Wi-Fi ပိုကောင်းလာတာမျိုး စွမ်းဆောင်ရည်ပိုင်း ပိုကောင်းအောင်ပဲ အဓိက လုပ်ပေးဖွယ် ရှိပါတယ်။ Bluetooth လည်း ပါလာမယ်လို့ ဆိုပါတယ်။

(၈) အံ့အားသင့်ရမယ့် Software အသစ်များ

Hardware တွေနဲ့ ပတ်သတ်ပြီးတော့ Google ဘက်က သတင်းလုံအောင် မထိန်းထားနိုင်ပေမယ့် Software နဲ့ ပတ်သတ်ရင်တော့ အံ့အားသင့်စရာလေးတွေ လုပ်ပြတတ်ပါတယ်။ ပြီးတော့ Google ဟာ သူ့ Products တွေကို ကောင်းမွန်၊ စမတ်ဖြစ်တဲ့ Feature အသစ်အသစ်တွေနဲ့ ဆွဲဆောင်လေ့ရှိတာကြောင့် ဒီညပွဲမှာလည်း ဘယ်လိုထူးခြားတဲ့ Software လုပ်ဆောင်ချက်တွေ တွေ့မြင်ရမလဲဆိုတာ ရင်ခုန်စရာပါ။

Chrome browser နဲ့တင် Game တွေကို Stream လွှင့်ပြီး ဆော့လို့ရအောင် လုပ်ပေးမယ့် “Project Stream” အကြောင်းများ ပိုကြားရမလား ဒါမှမဟုတ် Google Assistant အတွက် ဘယ်လို အမိုက်စား Feature တွေများ မြင်တွေ့ရမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Source : The Verge

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။