Google Photos ရဲ့ Locked Folder ကို ယခုအခါ Android Phone တွေမှာ ထပ်ပြီး ဖြန့်ချိမှုတွေ ပြုလုပ်

Android Police ၏ ပြောကြားချက် အရ အဓိက ကျတဲ့ ပင်မ ဓာတ်ပုံ အစုမှာ ပျက်စီးလွယ်တဲ့ ဓာတ်ပုံ တွေကို သိမ်းဆည်း ပေးတဲ့ Google Photos ရဲ့ Locked Folder feature ဟာ Pixel ဖုန်း မဟုတ်တဲ့ ဖုန်းတွေ မှာပါ စတင် ဖြန့်ချိ နေပြီလို့ သိရ ပါတယ်။ Google က အဆိုပါ အင်္ဂါရပ်ကို မကြာမီမှာ နောက်ထပ် Android ဖုန်းတွေ ဆီမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း စက်တင်ဘာလက ပြောကြား ခဲ့ပါတယ်။ Android Central ၏ ပြောကြားချက် အရ ၎င်းဟာ Samsung နှင့် OnePlus devices အချို့မှာ စတင် ပြသခဲ့တယ်လို့ သိရ ပါတယ်။ ၎င်းကို အသုံးပြုခွင့် မရတဲ့ ယခင် Pixel devices အဟောင်း တွေမှာလည်း ယခု ရရှိ နေပြီပဲ ဖြစ်ပါတယ်။

ဒီအင်္ဂါရပ် feature ဟာ သီးခြား ဓာတ်ပုံတွေ ဒါမှမဟုတ် ဗီဒီယိုတွေ ကို ရွေးချယ်ကာ လျှို့ဝှက်ကုဒ် ( သို့မဟုတ် ) biometrics-locked folder ဖြင့် လော့ခ်ချ ထားတဲ့ ဖိုင်တွဲ တစ်ခုမှာ သိမ်းထားနိုင် ပါတယ်။ ၎င်းတို့ကို ပင်မ ဓာတ်ပုံတွေ ထဲမှ ထုတ်ယူကာ cloud မှ သိမ်းဆည်း ထားတာပဲ ဖြစ်ပါတယ်။ မေလက Google ရဲ့ I/O မိတ်ဆက်ပွဲမှာ ကြေညာ ပြီးနောက် ဇွန်လတွင် Google ရဲ့ ကိုယ်ပိုင် ဖုန်းတွေ (Pixel 3 နှင့် အထက် ဖုန်းတွေ ) မှာ မိတ်ဆက်ခဲ့ ပါတယ်။

၎င်းရဲ့ တင်ဆက်မှုမှာ သားသမီးတွေ ထံမှ အသစ် ဝယ်ယူ ထားတဲ့ ခွေးကလေး ပုံတွေကို ဖုံးကွယ် ထားတဲ့ မိဘတွေရဲ့ နမူနာ ပုံစံ Google အသုံးပြု ထားမျိုးကို တင်ဆက် ပြသ ထားပါတယ်။ မှန်မှန်ကန်ကန် အသုံးပြု ရတဲ့ ကိစ္စရပ် တွေမှာ လူအများစုက အကျိုးမရှိတဲ့ ပုံတွေ အတွက် ၎င်းကို အသုံးပြု လိမ့်မယ်ဟု သံသယ ရှိသော်လည်း library ထဲ ကနေ လူတွေရဲ့ ဓာတ်ပုံ တွေကို ပြသတဲ့ အခါ ဖြစ်လာ နိုင်တဲ့ စိုးရိမ်စိတ် တွေကို သက်သာ စေပါတယ်။

ဒီ အင်္ဂါရပ် feature ကို Android 6 ( သို့မဟုတ် ) နောက်ပိုင်း ဖုန်းတွေမှာ အသုံးပြုလို့ ရနိုင် မှာပဲ ဖြစ်ပါတယ်။

Photos -> Library -> Utilities သို့ သွားပြီး Android 11 အက်ပ်ဒိတ် တင်ထားတဲ့ Pixel 2 မှာ ၎င်းကို အခုပဲ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ Google ကလည်း အဆိုပါ feature ကို လာမည့်နှစ် အစောပိုင်းမှာ Google Photos ရဲ့ iOS ဗားရှင်း သို့ ရောက်ရှိ လာတော့မှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီအင်္ဂါရပ် feature ကို ရရှိ ထားပြီး ၎င်းကို အသုံးပြု လိုပါက လော့ခ်ချ ထားတဲ့ ဖိုင်တွဲမှာ သိမ်းဆည်း ထားတဲ့ ဓာတ်ပုံ တွေကို cloud တွင် အရန် သိမ်းထားမှာ မဟုတ်ကြောင်း နှင့် Google Photos ကို ဖြုတ်လိုက်လျှင် ( သို့မဟုတ် ) ၎င်းတို့ကို မလွှဲပြောင်းဘဲ device ကို uninstall လုပ်လိုက်တယ် ဆိုရင် ဓာတ်ပုံ တွေ ပျက်သွားမှာကို သတိပြု သင့်ပါတယ်။ Google’s Locked Folder support page မှာ ပိုပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။