Google Maps က ယာဉ်ကြောကို ဘာလို့အတိအကျကြိုတင်ခန့်မှန်းနိုင်တာလဲ?

Google Maps ဆိုသည်မှာ Googleမှတီထွင်ထားသောမြေပုံဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ၄င်းသည် ဂြိုလ်တုပုံရိပ်၊ ဝေဟင်ဓာတ်ပုံ၊ လမ်းမြေပုံ၊ 360° လမ်းမြင်ကွင်ကျယ်ပုံရိပ်များ၊ တကယ့်ယာဉ်ကြောအခြေအနေများနှင့် သွားရမယ့်လမ်းကြောင်းများကိုထောက်ပံ့ပေးနိုင်ပါသည်။

2020ခုနှစ်တွင် Google Mapsအား လူ 1ဘီလီယံကျော် လစဉ်အသုံးပြုခဲ့ကြသည်။Google Mapsသည် C++ Desktop Programအဖြစ် စတင်ခဲ့သည်။ သို့သော် 2004 အောက်တိုဘာလတွင် Google မှဝယ်ယူကာ ဝဘ်အပလီကေးရှင်းအဖြစ်ပြောင်းလဲခဲ့သည်။

ပထဝီပုံဖော်မှုကုမ္ပဏီနှင့် လက်ရှိယာဉ်ကြောဆန်းစစ်မှုများကို ရရှိပြီးနောက် 2005 ဖေဖော်ဝါရီလတွင်Google Maps အား စတင်ထုတ်ဝေခဲ့သည်။ ထိုဝန်ဆောင်မှု၏ front endတွင် JavaScript, XMLနှင့် Ajaxတို့ကိုအသုံးပြုထားပါသည်။

ကမ္ဘာ့နိုင်ငံများစွာမှ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် တည်နေရာရှာဖွေပေးနိုင်သည့် APIကိုလည်း Google Mapsက ထောက်ပံ့ပေးထားပါသေးသည်။

Google Mapsတွင် ကီလိုမီတာ 1 ဘီလီယံကျော်သောကမ္ဘာ့နိုင်ငံပေါင်း 220တို့၏ အသေးစိတ်မြေပုံဒေတာဘေ့စ်ရှိသည်။ ဤအချက်အလက်များကိုအသုံးပြု၍ ဒေတာနှင့်နည်းစနစ်များကို ယခုထက်ပိုမိုတိုးတက်အောင်ပြုလုပ်နေဆဲဖြစ်သည်။

အကောင်းဆုံးအဂါင်္ရပ်များထဲကတခုကတော့ Google Mapsသည် သင်သွားရမယ့်ယာဉ်ကြောကို ချိန်ညှိပေးနိုင်သည်။ ယာဉ်ကြောများရဲ့လှုပ်ရှားမှုကို တိတိကျကျသိရှိနိုင်ဖို့ Googleက လမ်းကြောင်းတလျှောက်မှာ lightတွေကိုနေရာချထားပါသည်။ လူတစ်ယောက်ကGoogle Mapsကို လမ်းကြောင်းရှာဖို့အသုံးပြုရင် သွားမယ့်လမ်းမှာ ယာဉ်ကြောကြပ်လား၊ လမ်းရှင်းလား၊ ကြာမြင့်ချိန်နှင့် ခန့်မှန်းရောက်ရှိချိန် (ETA)ကိုပါ ပြသပေးနိုင်ပါသည်။

Google Mapsသည် ထိုဒေတာများကိုမှတ်သားထားပီး ကမ္ဘာပေါ်မှာရှိသောလမ်းတိုင်း၏ယာဉ်ကြောအခြေအနေကို နောက်ထပ် လူတွေ Google Mapsကို လမ်းကြောင်းရှာဖို့အတွက် အသုံးပြုလာကြသောအခါ ပြန်လည်အသုံးချကြပါသည်။ ၄အချက်အလက်တွေက သွားရမယ့်လမ်းကြောင်းမှာ ယာဉ်ကြောပိတ်ဆို့မှုရှိမရှိ ရှာဖွေရာတွင် ကောင်းစွာကူညီပေးနိုင်သော်လည်း သင့်ခရီးစဉ်မှာ ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောအခြေအနေကို မတွက်ချက်ပေးနိုင်သေးပါ။

Google Mapsဆိုသည်မှာ Googleမှတီထွင်ထားသောမြေပုံဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ၄င်းသည် ဂြိုလ်တုပုံရိပ်၊ ဝေဟင်ဓာတ်ပုံ၊ လမ်းမြေပုံ၊ 360° လမ်းမြင်ကွင်ကျယ်ပုံရိပ်များ၊ တကယ့်ယာဉ်ကြောအခြေအနေများနှင့် သွားရမယ့်လမ်းကြောင်းများကိုထောက်ပံ့ပေးနိုင်ပါသည်။ 2020ခုနှစ်တွင်Google Maps အား လူ 1ဘီလီယံကျော် လစဉ်အသုံးပြုခဲ့ကြသည်။

သော် မကြာခင်ဖြစ်လာနိုင်သည့်ယာဉ်ကြောအခြေအနေကို တွက်ချက်ခန့်မှန်းနိုင်ရန်အတွက်Google Mapsက ယာဉ်ကြောအသွားအလာမှတ်တမ်းများကို အချိန်နှင့်အမျှ ဆန်းစစ်နေပါသည်။

ထို့နောက် ဆော့ဖ်ဝဲက ယာဉ်ကြောအသွားအလာမှတ်တမ်းများနှင့် လက်ရှိအခြေအနေ ၂မျိုးစလုံးကို machine learningအသုံးပြုကာပေါင်းစပ်လိုက်ပါသည်။

Covid-19 ကူးစက်ရောဂါစတင်ဖြစ်ပွားပီးကတည်းက ကမ္ဘာတစ်ဝှမ်းမှာရှိသော ယာဉ်ကြောလမ်းကြောင်းများ သိသိသာသာပြောင်းလဲလာပါသည်။ ပိတ်ဆို့မှုများစတင်ပြုလုပ်ခဲ့သော 2020အစောပိုင်းကာလတွင် ယာဉ်အသွားအလာများ 50%အထိလျော့ကျသွားကြောင်း Googleကအခိုင်အမာပြောကြားခဲ့သည်။

ထို့နောက်မှာတော့ ကမ္ဘာ့နေရာဒေသတော်တော်များများတွင် တဖြည်းဖြည်းပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း အချို့သောနေရာများတွင်မူ ကန့်သတ်မှုများရှိနေပါသေးသည်။

ထိုသို့ရုတ်တရက်ပြောင်းလဲသွားမှုကို ထည့်တွက်စဉ်းစားနိုင်ရန်အတွက်Google Mapsသည် ၄တို့၏ Modelsများကို လွန်ခဲ့သော ၂ပတ်မှ ၄ပတ်ကာလအတွင်း ယာဉ်ကြောမှတ်တမ်းများကိုအလိုအလျောက်ဦးစားပေးရန် မကြာသေးခင်က အဆင့်မြင့်ခဲ့သည်။

ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။