Google Fi ရဲ့ built-in VPN ကို iPhone တွင် စတင် မိတ်ဆက်

Google Fi ၏ VPN service သည် iPhone သုံးစွဲ သူများထံ စတင် ဖြန့်ချိလိုက်ကြောင်း ကုမ္ပဏီက ကြေငြာခဲ့ ပါတယ်။

Privacy ကို ကာကွယ်ရန် encrypted connection မှ တစ်ဆင့် ဖုန်း၏ အင်တာနက် အသွား အလာကို traffic ပေးသော ထို feature ကို November 2018 မှာ beta တွင် စတင် ကတည်းက Android တွင် ရနိုင် ပါတယ်။

အဆိုပါ release date သည် Google ၏ ယခင်က ကြေညာခဲ့သော“ spring date ” ထက် အနည်းငယ် နောက်ကျ ခဲ့ပါတယ်။ ဒါပေမယ့် နီးကပ် ပါတယ်။

နောက်ဆက်တွဲ twitter တစ်ခုတွင် Google က iPhone users အားလုံးသည် ထို feature ကို ချက်ချင်း လက်လှမ်း မီလိမ့်မည် မဟုတ်သော်လည်း“ လာမည့် ရက်သတ္တပတ်များ အတွင်း ကျယ်ကျယ် ပြန့်ပြန့် ရရှိနိုင် လိမ့်မည်ဟု” ပြောကြား ခဲ့ပါတယ်။

Feature ကို ဖွင့်ရန် 9to5Google က Fi companion app ကို latest version သို့ update လုပ်ထားကြောင်း သေချာအောင် ပြုလုပ်ပြီး၊ main Account tab ရှိ “ Phone Settings ” သို့ သွားပြီး ထိုနေရာမှ နောက်ဆုံးတွင် enable လုပ်ရန် “Protect your online activity” option ရှိသော “ Privacy & Security” သို့ သွားစေ ခဲ့ပါတယ်။

VPN သည် Google Fi အစီအစဉ် အားလုံးနှင့်အတူ ပါဝင် လာပါတယ်။

iOS သို့ Google Fi ၏ VPN ရောက်ရှိ လာခြင်းသည် Apple ၏ အလားတူ privacy-protecting feature ကို ၎င်း၏ iCloud Plus subscription service တစ်စိတ် တစ်ပိုင်းအဖြစ် စတင်ရန် ပြင်ဆင် နေချိန်တွင် ထွက်ပေါ် လာခြင်း ဖြစ်တယ်။

Private Relay ဟု ခေါ်သော Apple ၏ version သည် sensitive information များကို ကာကွယ်ရန် relay server တစ်စုံမှ web traffic ကို လမ်းကြောင်း ပေးပါတယ်။

Applications ကို ဒီလို ပုံစံမျိုးနဲ့ ဒီဇိုင်း ပြုလုပ် ထားတာကြောင့် Apple ကိုယ်တိုင်တောင်မှ browsing ၏ ပြည့်စုံသော picture များကို မြင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် လာမယ့် ရက်သတ္တပတ်များ အတွင်း မှာယူသူများကို တဖြည်းဖြည်း ရောက်ရှိ လာပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။