Google မှ Quality upgrade ဖြစ်ဖို့ ရွေးချယ်တာတောင် နေရာအလွတ် space များအတွက်  စဉ်းစားပြင်ဆင်

Google မှ  အရည်အသွေးမြင့်ဖိုင် များအတွက် free ဖြစ်တဲ့ဝန်ဆောင်အနေနဲ့သိကြတဲ့ Google Photo အတွက် မူဝါဒပြောင်းလဲမှုတစ်ခုကိုကြေငြာခဲ့ပါတယ်။၎င်းဟာ လူအများအပြားကို ထိခိုက်မိသွားနိုင်တဲ့ အရာဖြစ်ပါတယ်။

Google ၏ဘလော့ဂ်ဖြစ်တဲ့  The Keyword မှကြေငြာချက်တစ်ခုအရ ၂၀၂၁ ခုနှစ်ဇွန်လ ၁ ရက်မှစ၍ ဂူဂဲလ်ဓာတ်ပုံများသည် အရည်အသွေးမြင့် quality uploads ဖိုင်များနှင့် မူလဖိုင်များအပါအဝင် Cloud ပေါ်သို့အရံသိမ်းဆည်းထားသည့်ဓာတ်ပုံတိုင်းကို စတင်လက်ခံ space အတွက်အခကြေးငွေပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါဆိုအရင်ကတင်ထားတဲ့ဓာတ်ပုံတွေကနေရာလွတ်ဖြစ်မလား?

၂၀၂၁၊ ဇွန်လ( ၁ )ရက်မတိုင်မီတင်ခဲ့သောအရည်အသွေးမြင့် ဓာတ်ပုံများသည် (၎င်းကို ယခင်ကအခမဲ့တင်ခဲ့တဲ့ပုံများ) ၎င်းပုံများအတွက် Space ထည့်သွင်းစဉ်းစားခြင်းမရှိပါ။ သို့သော် အဲဒီနောက်ပိုင်းတွင် စနစ်ပေါ်တင်လိုက်သောဓာတ်ပုံတိုင်းသည် ကျွန်ုပ်တို့မူလရရှိခဲ့သော 15GB အခမဲ့ကို အခကြေးငွေဖြင့်ကောက်ခံလိမ့်မည်ဖြစ်ပါတယ်။

Google မှ  အရည်အသွေးမြင့်ဖိုင် များအတွက် free ဖြစ်တဲ့ဝန်ဆောင်အနေနဲ့သိကြတဲ့ Google Photo အတွက် မူဝါဒပြောင်းလဲမှုတစ်ခုကိုကြေငြာခဲ့ပါတယ်။ ၎င်းဟာလူအများအပြားကိုထိခိုက်မိသွားနိုင်တဲ့ အရာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ဇွန်လတွင် Google သည် Google Photos App တွင်အသုံးပြုသူများအတွက် အမှတ်တရသိမ်းထားနိုင်ရန်ဓာတ်ပုံအချို့ကိုသိမ်းဆည်းရန်နှင့်ဖျက်ပစ်ရန်လွယ်ကူအောင် ကူညီပေးမယ့်ဓာတ်ပုံကိုင်တွယ်ခြင်းအတွက် ကိရိယာကိုဖြန့်ပေးမှာဖြစ်ပါတယ်။

ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ??

Google သည် Google Photos များသို့တင်ထားသောဓာတ်ပုံများအတွက် နေရာပေးရန်ပြင်ဆင်နေေပမယ့် Pixel အသုံးပြုသူများအားလုံးအတွက် အကန့်အသတ်မရှိ အရည်အသွေးမြင့်သောရုပ်ပုံများကိုအခမဲ့ ဆက်လက်တင်ပို့နိုင်မည်ဖြစ်ပါတယ်။  ဒါမှမဟုတ် နေရာလွတ်များဝယ်ယူရန် Google One သို့စာရင်းသွင်းနိုင်ပြီး မိသားစုအတွင်းမျှဝေအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။