Google က iOS မှ Android သို့ Data များ အလွယ်တကူ ရွှေ့ပြောင်းနိုင်သော tool တစ်ခု ပြုလုပ်ရန် ပြင်ဆင်

အရင်တုန်းက Apple (Apple) က Android သုံးစွဲ သူများအတွက် အချက် အလက် များကို iOS သို့ အလွယ် တကူ လွှဲပြောင်းရန် ကလစ် အနည်းငယ် နှိပ်ရုံဖြင့် လွယ်လွယ် ကူကူ လွှဲပြောင်း ပေးနိုင်သည့် Move to iOS app ကို လူအများ မြင်တွေ့ ခဲ့ကြရ ပါတယ် ။

မကြာသေးမီက Google က iOS မှ Android သို့ Data Restore Tool နှင့် Android သို့ iOS devices များကမှ Switch လုပ်ဖို့ tools များဖြင့် လွယ်ကူစွာ ရွှေ့ပြောင်းနိုင်သော tool တစ်ခုကို တီထွင်ရန် ပြင်ဆင် နေပါတယ်။

မကြာသေးမီက update လုပ်ထားသော version ဖြင့် Google Play Store တွင် Google မှ Data Restore Tool app ကို ထုတ်ပြန် ခဲ့ပါတယ် ။ 1.0.382048734 ၎င်းက အသုံးပြု သူများကို smartphone အဟောင်းမှ အချက် အလက်များကို အဆင့် အနည်းငယ်ဖြင့် လွယ်ကူစွာ ရွှေ့ပြောင်း နိုင်မှာပဲ ဖြစ်ပါတယ် ။ ဒီ app ထဲမှာ iOS ကနေ Android ကို လွယ်လွယ် ကူကူ ပြောင်းရွှေ့နိုင်အောင် လုပ်ပေး ပါလိမ့်မယ်။

App ထဲရှိ messages များမှ အချက် အလက်များကို iOS မှ Android သို့ ရွှေ့ပြောင်းရန် လွယ်ကူသော အဆင့် ၃ ဆင့် ရှိပါတယ် ။ App Store မှ iOS device ပေါ်ရှိ Switch to Android app ကို download လုပ်ပါ။ Settings ထဲရှိ Wi-Fi menu သို့ သွားပြီး connect လုပ်ပါ ။ Wi-Fi network တစ်ခုကို connect လုပ်ပြီးနောက် iPhone ပေါ်ရှိ app ၏ ပြုလုပ်ပုံ အဆင့်ဆင့် အတိုင်း ဆောင်ရွက်ပါ ။ WhatsApp app မှ data များကို ပို့လွှတ်နိုင်သည့် message တစ်ဆောင်လဲ ပါရှိ ပါတယ်။

လက်ရှိတွင် ဤ method ဖြင့် data များကို လွှဲပြောင်း၍ မရ သေးပါ။ ဘာလို့လဲ ဆိုတော့ ဒီ app ကို တရားဝင် ဖွင့်မထား သောကြောင့် ဖြစ်ပါတယ် ။ Google မှ အကြံပြုသော data များကို ယခု ရွှေ့ပြောင်းရန် နည်းလမ်းမှာ Google Drive မှတဆင့် back up လုပ်ရန်ပဲ ဖြစ်ပါတယ်။ အသေးစိတ်များကို android.com/switch/ တွင် ကြည့်ရှု နိုင်ပါတယ်။

Reference: XDA-Developers

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။