Google က Android အသုံးပြုသူတွေ အတွက် Gboard ရဲ့ custom text stickers များ

Image: Google

Google က Gboard ကီးဘုတ်ရဲ့ US-English version ကို အသုံးပြုတဲ့ Android အသုံးပြုသူတွေ အတွက် ၎င်းရဲ့ custom text stickers ကို ထပ်တိုးထည့်လျက် ရှိပါတယ်။

ယခင်က ကိုယ်ပိုင် စာသားကို ရိုက်ပြီး ကြိုတင် လုပ်ထားတဲ့ ဒီဇိုင်းကို ရွေးချယ်ခြင်းဖြင့် စိတ်ကြိုက် stickers တွေကို ဖန်တီးကာ ပေးပို့ နိုင်စေတဲ့ feature ကို Google Pixel အသုံးပြုသူတွေသာ အသုံးပြုခွင့် ရခဲ့ပါတယ်။

Custom stickers တွေကို ထပ်တိုး ထည့်ခြင်း အပြင်၊ Google က Gboard ရဲ့ Emoji Kitchen ကို Pride Month အသစ် 1,600 ကျော် နှင့် summer-themed mashups တွေကို မိတ်ဆက် ပေးနေပါတယ်။

Message တစ်ခုကို emoji တစ်ခု (သို့မဟုတ် နှစ်ခု) တွင် ရိုက်ထည့်ကာ စတစ်ကာတွေ အဖြစ် ပြောင်းလဲ နိုင်တဲ့ mashups အမျိုးအစား တွေကို ကြည့်ရှုခြင်းဖြင့် ဝန်ဆောင်မှုကို အသုံးပြု နိုင်ပါတယ်။

ရလဒ်က ပျော်ရွှင်စရာ ဖြစ်ပြီး တစ်ခါတစ်ရံ ဖရဲသီးနှင့် ပြုလုပ်ထားတဲ့ ဘောလုံး ကဲ့သို့ သမားရိုးကျ မဟုတ်သော အီမိုဂျီများ ပေါင်းစပ်မှုတွေလည်း ပါရှိပါတယ်။ Gboard မှ လွဲ၍ Google က ၎င်းရဲ့ accessibility-focused apps နှစ်ခုဖြစ်တဲ့ Sound Amplifier နှင့် Lookout တို့တွင် features အသစ်တွေကို ထုတ်ပေးလျက် ရှိပါတယ်။

အကြားအာရုံ အခက်အခဲရှိတဲ့ သူတွေ အတွက် သီးခြား အသံတွေကို ချဲ့ထွင်ဖို့ ဒီဇိုင်း ထုတ်ထားတဲ့ Sound Amplifier ဟာ ပြန်လည် ဒီဇိုင်း ပြုလုပ်ထားတဲ့ user interface ၊ ပိုမို ကောင်းမွန်တဲ့ နောက်ခံ ဆူညံသံတွေ (background noise ) ကို လျှော့ချ ပေးပြီး “faster and more accurate” sound ကို ရယူ ထားပါတယ် ။

Lookout အတွက် ၊ အမြင်အာရုံချို့တဲ့ သူတွေကို ကူညီဖို့ တည်ဆောက်ထားတဲ့ အက်ပ် တစ်ခု ၊ Google က offline mode ကို ထည့်သွင်း နေပြီး “just about any” app (သို့မဟုတ်) browser အတွင်းမှ ပုံတစ်ပုံ အကြောင်း ဖော်ပြချက်ကို သုံးစွဲသူတွေ ကြားသိနိုင်ဖို့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

နောက်ဆုံးအနေဖြင့် Google က ဂိမ်းတစ်ခု (သို့မဟုတ်) အက်ပ်တစ်ခုမှာ ရှိနေစဉ် Google Play Points အားလုံးကို (သို့မဟုတ် အချို့) ကိုသာ ကူပွန်ဖြင့် ထုတ်ယူ နိုင်မှာပဲ ဖြစ်ပါတယ်။

ဝယ်ယူမှု မပြုလုပ်မီ Google Play Points များကို ကူပွန် အဖြစ်သို့ ပြောင်းလဲခြင်းရဲ့ အပို အဆင့်တွေကို ဖြတ်သန်းဖို့ မလိုအပ်တော့ တာကြောင့် ရရှိထားတဲ့ အမှတ်တွေကို ကူပွန်ဖြင့် ထုတ်ယူ နိုင်တာကြောင့် ၎င်းက လွယ်ကူစွာ ကူပွန်ဖြင့် လဲလှယ် နိုင်မှာပဲ ဖြစ်ပါတယ် ။ Google က ၎င်းက “လာမည့် ရက်သတ္တပတ်တွေ အတွင်း” လုပ်ဆောင်ချက်ကို ဖြန့်ချိဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။