Google သည် Apple ၏ device-locating network တစ်ခု အဖြေပေါ်မှာ အလုပ်လုပ်နေ

9to5Google မှ ပြုလုပ်သော လေ့လာ ဆန်းစစ်မှုအရ Google သည် Apple ၏ Find My network နှင့် ဆင်တူသည့် ပျောက်ဆုံးသော ပစ္စည်းများကို ရှာဖွေနိုင်သည့် hivemind capable တစ်ခု ထဲကို Android ဖုန်းများအဖြစ် ပြောင်းလဲရန် လုပ်ဆောင်နေသည်။ Google Play Services ၏ beta တစ်ခုတွင် အခြားဖုန်းများကို ရှာဖွေဖို့ရန် ဖုန်းများစွမ်းဆောင်နိုင်မှု ကုဒ်ကို ကိုးကားထားသော ဒီ feature အတွက် ခလုတ်ကို နှိပ်ပြီး Android ဖုန်းများ မကြာမီ အလွယ်တကူ ရှာတွေ့နိုင်သည်။

Google’s support page အရ လက်ရှိ Find My Device system သည် powered on ထားသောဖုန်းများ၊ ဒေတာ (သို့မဟုတ်) Wi-Fi signal များနှင့် location services များကိုသာ ဖွင့်နိုင်သည်။

Google တွင် Android ဖုန်းများ network ကို အသုံးပြုခြင်းနှင့် ပတ်သက်သည့် အခြား projects များ ရှိသည် – အထူးသဖြင့် ၎င်းသည် ငလျင်ထောက်လှမ်းခြင်း feature (earthquake detection feature) ပဲ ဖြစ်သည်။ အကောင်အထည် ဖော်မှုသည် ကွဲပြား ခြားနားသော်လည်း အခြေခံ အယူအဆမှာ အလွန် ဆင်တူ ဖွယ် ရှိပါတယ်။ Active ဖြစ်သော Android devices ပေါင်း ၃ ဘီလီယံ ကျော်ရှိသည်။ ၎င်းသည် Accelerometer data များ (သို့) နေရာလွဲ နေသည့် ဖုန်း၏ တည်နေရာဖြစ်သည့် သတင်းအချက်အလက်များကို ရယူရန်အတွက် large crowd ကြီး တစ်ခု ဖြစ်သည်။

9to5Google သည် အသုံးပြုသူများအား ဤ feature ကို ပိတ်ပစ်ရန် ခွင့်ပြုသည့် setting တစ်ခုကို ရှာဖွေခဲ့သည်။ ဒါကြောင့် သူတို့ရဲ့ဖုန်းကို အခြား devices များက ရှာဖွေရန် ကူညီလိမ့်မည် မဟုတ်ပေ။

Information အကန့် အသတ် ရှိသောကြောင့် Apple ရဲ့ Find My network (သို့မဟုတ်) Samsung’s Galaxy Find network လိုမျိုး လုပ်နိုင်သည့် Find My Device network သည် ဖုန်းများ မှလွဲ၍ အခြား အရာများကို ရှာဖွေ နိုင်မည်လား ဆိုသည်မှာ မသေချာသေးပေ။

ပြီးတော့ဒီ Beta ဖြန့်ချိမှုကနေ ကုဒ် မဖြည့်ထားဘူးဆိုရင် ဒီအပြောင်းအလဲတွေဟာ အမှန်တကယ် အများပြည်သူ ထုတ်ပြန်မှုကို ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ပါဘူး။

အလားအလာရှိသည့် feature နှင့် ပတ်သက်၍ ထင်မြင်ချက်ပေးရန် Google က ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါ။ Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။