Google က Google Pay-based banking service အတွက် plans တွေကို ရပ်ဆိုင်း

Image: Google

Google က Google Pay app မှ တစ်ဆင့် ဘဏ်လုပ်ငန်း ( Banking ) ကို လုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ ၎င်း၏ Plex service လုပ်ဆောင် နေတာကို ရပ်ဆိုင်း ထားခဲ့ ပါတယ်။ Service ဟာ users တွေကို Application မှ တဆင့် စီမံ ခန့်ခွဲ ပေးသော traditional banks အမျိုးမျိုး ကနေ ကမ်းလှမ်း ထားသော ပေးအပ် ထားတဲ့ ငွေစု စာရင်းတွေ စစ်ဆေးခြင်း ( checking ) သို့မဟုတ် ( savings ) စုဆောင်းခြင်း အတွက် accounts တွေကို မှတ်ပုံတင် ( sign up )ဖို့ ခွင့်ပြု ပေးလိမ့်မည် ဟု ယူဆ ရပါတယ်။

Wall Street Journal ၏ report တစ်ခု အရ Google က project ဟာ သတ်မှတ်ထားတဲ့ ရက်များ လွဲချော်မှုကြောင့် ( missed deadlines ) နှင့် project အတွက် တွန်းအား ပေးတဲ့ အမှုဆောင် တစ်ဦးဟာ ကုမ္ပဏီမှ ထွက်သွား တာကြောင့် ဖျက်သိမ်း လိုက်တာပဲ ဖြစ်ပါတယ်။

Plex က Google အား ဘဏ်တွေ နှင့် တိုက်ရိုက် ယှဉ်ပြိုင်ဖို့ မရည်ရွယ် ခဲ့ဟု ကုမ္ပဏီက ၎င်း၏ အစီ အစဉ် ကြေငြာချက် မှ အချက် အလက်တွေ မကြေငြာ မီက ထွက်ပေါ် လာခဲ့တဲ့ သတင်းတွေအရ သိရ ပါတယ်။ အဲ့ဒါအစား လစဉ် monthly ( သို့မဟုတ် ) ငွေပိုကြေးမပါဘဲ နဲ့ အနည်းဆုံး လက်ကျန်ငွေ မရှိတဲ့ accounts တွေကို ထောက်ပံ့ ပေးမယ့် financial institutions အမျိုးမျိုး နှင့် ပူးပေါင်းဖို့ စီစဉ် ခဲ့ပါတယ်။

အခြား online banks တွေ နည်းတူ Google ၏ app ဟာ သုံးစွဲသူများအား ငွေစုမယ့် targets (savings targets) တွေနှင့် အလိုအလျောက် လွှဲပြောင်းမှုတွေ (automatic transfers) ကဲ့သို့ အရာတွေကို သတ်မှတ် ပေးပါ လိမ့်မယ်။ Google bank အချို့ က Citi နှင့် SEFCU တို့နဲ့ အတူ ပူးပေါင်းဖို့ စီစဉ် ခဲ့ပါတယ်။

Friday တုန်းက email တစ်ခုတွင် Google က The Verge ကို ပြောကြားခဲ့သည်မှာ ၎င်းက online နှင့် လူကိုယ်တိုင် စျေး၀ယ်နေစဉ် အရာတွေအတွက် ငွေပေးချေဖို့ ရိုးရှင်းတဲ့ နည်းလမ်းတွေ ရှိနေသေးတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အခုက “ငါတို့က ဒီ services တွေကို provider ထက် banks တွေနဲ့ အခြား financial services providers အတွက် digital enablement ကို ပေးအပ်ခြင်း “ ကို အာရုံစိုက်ပါလိမ့်မယ်။ ဒါက ဖြစ်လာခဲ့မယ် ဆိုရင် တစ်ချိန်ချိန်တွမှာ Google Pay တွင် Plex ၏ features အချို့ကို တွေ့ရ ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် Google က သူ့ရဲ့ ပြန်လည် ဒီဇိုင်း ထုတ်ထားတဲ့ Google Pay app ကို ဆက်လက် လုပ်ဆောင်နေတာကို တွေ့ကောင်း တွေ့ရ ပါလိမ့်မယ်။

သင့်တင့်လျောက်ပတ်တဲ့ apps တွေနှင့် online banks တွေကို လိုချင်သော သူတွေအတွက် အခြား ရွေးချယ်စရာများ ရှိသေးသော်လည်း Google က ဒီ project ကို ဖျက်သိမ်းလိုက်တာကို မြင်ရတာဟာ ကံမကောင်းလှပါဘူး။

၎င်းဟာ ၎င်းတို့၏ mobile app game ကို မြှင့်တင်ဖို့ ပိုပြီး traditional banks တွေကို မက်လုံး ပေးလိမ့်မည်မဟုတ်ဘဲ ၎င်းက မဖြန့်ချိမီ ဤကဲ့သို့သော ကြီးမားတဲ့ feature ဟာ ၎င်းထုတ်လွှတ်တဲ့ products တွေကို မလိုက်နာတဲ့ အတွက် Google ၏ ဂုဏ်သတင်းကို အထောက်အကူ ပြုမှာ မဟုတ်ပေ

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။