Google က Gmail avatar ကို အမြင်ဆန်းစေဖို့ illustrations အသစ်များ

Some of Google’s new illustrations Image: Google

Google ဟာ Google profile picture အတွက် သုံးဖို့ ဒီဇိုင်း ပြုလုပ်ထားတဲ့ images အသစ် တွေကို ဖန်တီး လိုက်ကြောင်း ကုမ္ပဏီက တနင်္လာနေ့ တုန်းက ကြေငြာ ခဲ့ပါတယ်။

Google Illustrations လို့ ခေါ်တဲ့ images အသစ် တွေဟာ အတော်လေး ကြည့်ကောင်း ပြီးတော့ ၎င်းတို့က image တစ်ပုံကို ၎င်းတို့၏ အကောင့်နှင့် တွဲချင် သော်လည်း သူတို့ကိုယ် သူတို့ photo အသုံး မပြုချင်တဲ့ သူတွေ အတွက် အသုံးဝင် နိုင်ပါတယ်။

Google တွင် ရွေးချယ် စရာ options မြောက်များစွာ ရှိပါတယ်။ အချို့ကို ဒီ post ၏ ဘေးက Google image မှာ ကြည့်ရှု နိုင်ပါတယ်။ animals များ ၊ technology နှင့် space ကဲ့သို့သော ကွဲပြား ခြားနားတဲ့ images အမျိုးအစားများကို ပြသသော အောက်ပါ GIF တွင် ပိုမို မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

Illustrations ၏ library အသစ်ဟာ Google က ရုပ်ရည် သွင်ပြင်ကို စတိုင် ကျကျ ကိုယ်စားပြု နိုင်တဲ့ Snap ၏ Bitmoji ( သို့မဟုတ် ) Microsoft ၏ Xbox avatars ကဲ့သို့ avatars နှင့် ကွဲပြား ခြားနားတဲ့ နည်းလမ်းကို ရယူနေ ပါတယ်။ Google ၏ illustrations အသစ်တွေဟာ avatar အတွက် အသုံးပြုဖို့ အဓိကကျတဲ့ အရာတွေ နှင့် နေရာ မြောက်များစွာကို ပေးပါတယ်။

သို့သော် ယခု အချိန်မှာ illustrations တွေကို Android အသုံးပြု သူများအတွက် သာ ရရှိ နိုင်သည်ဟု Google က ပြောပါတယ်။ Android တွင် ရှိရင် Android ပေါ်မှာ ရှိတဲ့ Google Workspace နှင့် Contacts မှာ ၎င်းကို profile pic ပုံ အဖြစ် သတ်မှတ်နိုင် ပါတယ်။ လုပ်ကြည့် ချင်ရင် Google မှ ဒီ GIF မှာရှိတဲ့ အဆင့်တွေ အတိုင်း လိုက်ပြီး လုပ်ဆောင်နိုင် ပါတယ်။

Google က ၎င်းဟာ illustrations အသစ် တွေကို iOS နှင့် web သို့ product တွေကို ယူဆောင် လာဖို့ လုပ်ဆောင် နေတယ်ဟု ပြောပါတယ်။ ကုမ္ပဏီကလည်း ရရှိ နိုင်သော illustrations တွေကို တိုးချဲ့ဖို့ ပြောကြား ခဲ့ပါတယ်။ ထို့ကြောင့် ယခု ကြိုက်နှစ်သက်တဲ့ ပုံကို မတွေ့သေးဘူး ဆိုရင် Google က ထပ်မံ ထည့်ထားတဲ့ အခါ ကြိုက်နှစ်သက်တဲ့ ပုံကို ပြန်ပြီး ရှာကြည့် လိုက်ပါ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။