Google က Game တွေနှင့် App တွေ အတွက် Google Play App မှာ Offers tab တစ်ခုကို ထပ်ထည့်နေ

The Offers tab launches this week. Image: Google

Google က Game တွေ နှင့် App တွေ အတွက် သက်ဆိုင်တဲ့ သဘော တူညီချက် တွေကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး Google Play app မှာ “Offers” tab တစ်ခုကို ထည့်သွင်း ထားကြောင်း ကုမ္ပဏီက ကြာသပတေး နေ့က ထုတ်ပြန်ခဲ့ ကြေညာ လိုက်ပါတယ်။

“Offers” tab မှာ Game တွေနှင့် in-game items တွေ ရောင်းချမှု ၊ ဆုလက်ဆောင် တွေနှင့် အစုစည်းလိုက် ကမ်းလှမ်းမှုများ ( bundled offers ) ၊ ရုပ်ရှင် နှင့် စာအုပ်တွေ အတွက် လျှော့စျေးများ နှင့် အခမဲ့ အစမ်း သုံးခွင့်တွေ ပေးတဲ့ အက်ပ်တွေ ကဲ့သို့သော အရာတွေ ပါဝင် ပါလိမ့်မယ် ဟု Google မှ ပြောကြား ထားပါတယ်။

Tab အသစ်ကို ယခု အပတ်မှာ စတင် ဖြန့်ချိ နေတာ ဖြစ်ပြီး “လုပ်ဆောင်ဆဲ (underway) ” ဖြစ်ကာ Google က ၎င်းဟာ လာမယ့် သီတင်းပတ် တွေအတွင်း “ အမေရိကန် ၊ အိန္ဒိယ နှင့် အင်ဒိုနီးရှား တို့မှာ ပိုမို များပြား လာပြီး လာမယ့် 2022 ခုနှစ် နောက်ပိုင်းမှာ နိုင်ငံ အတော် အများအပြား တွင် ပိုမို ရရှိ နိုင်မှာ ဖြစ်ကြောင်း Google မှ ပြောကြား ထားပါတယ်။

App ရဲ့ အောက်ခြေမှာ ရှိတဲ့ Offers tab ၏ ထင်ရှားတဲ့ နေရာချ ထားမှုက Google Play ကို စစ်ဆေးတဲ့ အခါတိုင်း ထွက်ပြီး စစ်ဆေးဖို့ လွယ်ကူ စေမှာ ဖြစ်ပြီး ၊ Google က စျေးနှုန်းတွေ နေ့စဥ် ပြုလုပ် ပေးမယ် ဟုလည်း ကတိပြု ထားပါတယ်။

သို့သော် မိုဘိုင်းအက်ပ် အများစုဟာ အခမဲ့ ဖြစ်နေပြီ ဖြစ်သောကြောင့် အမှန်တကယ် ပေါ်လာတဲ့ သဘော တူညီချက်တွေက တန်ဖိုး ရှိ/မရှိကို စောင့်မျှော် ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။Google က ဂိမ်းများ နှင့် အက်ပ်များ အတွက် ပေးချေမှု တွေကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်စေဖို့ အတွက် Google Play App မှာ Offers tab တစ်ခုကို ပေါင်းထည့် ပေးခြင်း ဖြစ်ပါတယ် ။ ၎င်းကို Google Play App ရဲ့ အောက်ခြေမှာ ထည့်သွင်း ပေးမှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။