Google က နောက်ဆုံး Android 12 beta version ကို စမ်းသပ်ရန် ပြင်ဆင်နေပြီး အသုံးပြုရန် အဆင်သင့် ဖြစ်လိမ့်မည်ဟု မျှော်လင့်ရ

Google က Android 12 ၏ fourth beta version ကို ဖြန့်ချိ ခဲ့ပြီး ၎င်းတွင် အဓိက features အသစ်များ မရှိသော်လည်း ၎င်းဟာ operating system ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးပါသော ခြေလှမ်း တစ်ခု ဖြစ်ပါတယ် ။ ၎င်းက features အသစ်များ ( သို့မဟုတ် ) function တွေကို update မလုပ် ထားပါဘူး။ ဒါပေမယ့် Operating System ရဲ့ stability ကို focus လုပ်ထား ပါတယ်။ ဤအရာက နောက်ဆုံးပေါ် operating system ဖွံ့ဖြိုး တိုးတက်ရေး အတွက် နောက်ထပ် အရေးကြီးသော ခြေလှမ်း ဖြစ်ပါတယ်။

၎င်းက Android 12 ကို အားလုံး နီးပါး တီထွင်ပြီး ဖြစ်ကြောင်း ပြသ ပါတယ်။ ဒါက ၂၀၂၁ ခုနှစ် မတ်လမှာ Google က ကြေငြာခဲ့တဲ့ အချက်နဲ့ ကိုက်ညီပြီး Android 12 ကို ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ရရှိ နိုင်ပါတယ်။

Google က “OS ရဲ့ API နဲ့ app page layout က ပြီးစီး သွားပြီ ” လို့ အဓိပ္ပာယ် ဖွင့်ဆို ထားတဲ့ developer တွေက နောက်ဆုံး Android 12 beta ကို စမ်းသပ်မှာကို စိုးရိမ် စရာမလိုဘဲ စမ်းသပ်ကြည့် နိုင်ပါတယ်။ အဲဒါ Google က Android 12 Beta version ကို မကြာခင် ဖြန့်ချိ ပေးပါ လိမ့်မယ်။

Google က လာမည့် လအနည်းငယ် တွင် Android 12 software updates များကို စတင် ဖြန့်ချိ လိမ့်မည်ဟု မျှော်လင့်ရ ပါတယ်။ ယခု အချိန်ဟာ Google က Pixel 6 series flagship smartphone ကို မိတ်ဆက်မည့် အချိန် ဖြစ်ပါတယ်။

Android 12 Beta version ကို စမ်းသပ် လိုသူများက ၎င်းကို Google Pixel ၊ OnePlus ၊ Xiaomi နှင့် ZTE အပါအ၀င် smartphone brands အမျိုးမျိုးတွင် စမ်းသပ် နိုင်ပါတယ်။

Reference: engadget

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။