Gmail 101 – Email တစ်ဆောင်ကို unsend လုပ်ရန် အချိန် ဘယ်လိုတိုးရမလဲ ?

Gmail email တစ်ခု ပေါ်တွင် “ Send ” ကို နှိပ်ပြီး ဆယ်စက္ကန့် အကြာမှ မပို့ချင်တော့လျှင် ၊ မည်မျှပင် လိုအပ်စေကာမူ delayed send function ဟာ ဘယ်လို အသုံးဝင်မလဲ ဆိုတာကို သိပါ လိမ့်မယ်။ ၎င်းက ရုတ်တရက် မတော်တဆ”Reply all” ဟု အမှတ်တမဲ့ ရိုက်မိခြင်း (သို့မဟုတ်) မှားယွင်းသော contact သို့ send လိုက်ခြင်း ဟူသော ခံစားချက် (သို့မဟုတ်) တစ်နေရာရာတွင် စာလုံးပေါင်း မှားခြင်း (သို့မဟုတ်) အဆိုးဆုံးတွေ အားလုံးလည်း ဖြစ်ကောင်း ဖြစ်သွားနိုင် ပါတယ် ။ မည်သည့် အခြေအနေများ တွင်မဆို ထို email ကို ရပ်တန့်ရန် စက္ကန့် အနည်းငယ် စောင့်နိုင် ပါတယ်။

( Gmail က ဤ စွမ်းဆောင်ရည် ရှိသော တစ်ခုတည်းသော email app မဟုတ်ပါ၊ အခြား app တွေမှာလည်း ပါရှိ ပါတယ်။)

Gmail က စိတ်ပြောင်းသွားပြီး email ကို unsend လုပ်ဖို့ ခွင့်ပြု ပေးပါတယ်။ ဒါပေမယ့် အချိန် နည်းနည်း ပိုလိုတယ်လို့ ထင်ရင် အဲဒါကို ပြုလုပ်နိုင်တဲ့ standard five-second window တစ်ခု ပေးပါတယ် ။

Email တစ်စောင်ကို သေချာ ပြန်စဉ်းစားရန် အချိန် ပိုပေးရတာ တန်ဖိုး ရှိတယ်။ Email တစ်စောင်ကို ခဏခဏ ထွက်တာကို ရပ်တန့် စေခဲ့ပေမယ့်၊ အဲဒီ့အချိန်တွေက တောင်းပန်စာ နောက်ဆက်တွဲ တစ်ခုပို့ဖို့ အနည်းဆုံးတော့ အဆင်ပြေ နိုင်မှာပဲ ဖြစ်ပါတယ်။

Gmail ၏ web version ကို သုံးပြီး set up လုပ်နည်း

ညာဘက် အပေါ်ထောင့်ရှိ “Settings” ကို နှိပ်ပါ ။

• “See all settings.” ကို နှိပ်ပါ။

“ General ” tab အောက်ရှိ “ Undo Send” ကို ရှာပါ။

စိတ်တိုင်းကျ ပြောင်းလဲရန် Gmail အား ပေးလိုသော အချိန်ကို ရွေးပါ ။ five seconds ၊ 10 seconds ၊ 20 seconds (သို့မဟုတ်) 30 seconds ကို ရွေးချယ် နိုင်ပါတယ်။

Page ၏ အောက်ခြေသို့ ဆင်းပြီး “Save Changes.” ကို နှိပ်ပါ။

You can have up to 30 seconds to change your mind.

Send ကို နှိပ်ပါက သတ်မှတ်ထားသည့် အတိုင်း email ကို “ Undo” လုပ်ရန် အောက်ခြေရှိ ရွေးချယ်စရာ တစ်ခုကို တွေ့ ပါ လိမ့်မယ် ။ ၎င်းကို mobile app တွင်လည်း ရရှိ နိုင်ပါတယ်။ ဆန္ဒ ရှိပါက“ Undo” ကို နှိပ်လိုက်လျှင် email draft သို့ ပြန်ရောက် လာပါ လိမ့်မယ်။

The “Undo” link at the bottom left will let you bring back your email, unsent.

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။