FIFA က လူကျွံဘော ကစားသမားများကို ဖမ်းမိဖို့ limb-tracking tech ကို စမ်းသပ်နေ

Football နှင့် Soccer ဟု အမျိုးမျိုး ခေါ်ဝေါ်တဲ့ အားကစား အမျိုးမျိုးရဲ့ တကမ္ဘာလုံး ဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့ FIFA က players’ limbs တွေကို ခြေရာ ခံကာ လူကျွံဘော ဖြစ်ခြင်း ရှိ/မရှိ သိရှိ နိုင်စေဖို့ နည်းပညာ အသစ်ကို စမ်းသပ်လျက် ရှိပါတယ် ။ အဆိုပါ စနစ်ကို လာမည့်နှစ် ကမ္ဘာ့ ဖလား အိမ်ရှင် ကာတာ နိုင်ငံမှာ စတင် ကျင်းပမယ့် 2021 Arab Cup တွင် အသုံးပြု နိုင်မှာပဲ ဖြစ်ပါတယ်။

FIFA က အဆိုပါ စနစ်ကို “semi-automatic offside technology.” ဟု ခေါ်ပါတယ်။ ၎င်းတွင် ဗီဒီယို မှ ထုတ်ယူ ထားတဲ့ limb data ကို အားကစားကွင်းရဲ့ ခေါင်မိုး ( roof of the stadium ) ပေါ်တွင် တပ်ဆင် ထားတဲ့ camera setup ပါဝင်ပြီး ပွဲ တာဝန်ရှိသူ များရဲ့ officials’ operating room သို့ ပေးပို့ကာ လူကျွံဘော များကို အချိန်နှင့် တပြေးညီ တွက်ချက် နိုင်မှာပဲ ဖြစ်ပါတယ် ။

Cameras 10 လုံး မှ 12 လုံးအထိ Cameras တွေက ကစားသမား တစ်ဦးစီ အတွက် တစ်စက္ကန့် လျှင် အကြိမ်ရေ ၅၀ ကို 29 data points အထိ စုဆောင်း ထားကြောင်း BBC က ဖော်ပြ ထားပါတယ်။

ဘောလုံး အားကစား တွင် ၎င်းတို့နှင့် ဂိုးစည်း ကြားရှိ ဆန့်ကျင်ဘက် ကစားသမား နှစ်ဦး ( များသော အားဖြင့် ဂိုးသမား အပါအဝင် ) နှစ်ဦး ထက် နည်းတဲ့ ကစားသမားတွေ ဘောလုံးကို ၎င်းတို့ ထံ ဘောလုံး ပေးပို့ ပါက ကစားသမားဟာ လူကျွံဘော ဖြစ်နိုင် ပါတယ်။ ၎င်းဟာ ခွင့်မပြု ထားတဲ့ ဂိုးတွေ ဆီကို မကြာ ခဏ ဦးတည် စေတဲ့ အရေးကြီး သော စည်းမျဉ်း တစ်ခု ဖြစ်သော်လည်း ဒိုင်လူကြီးများ အချိန်နှင့် တပြေးညီ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချရန် ခက်ခဲ နိုင်ပြီး VAR ( Video Assistant Referee ) နည်းပညာ ရဲ့ ကန့်သတ်ချက် များက အငြင်းပွား ဖွယ်ရာများ တွင်သာ ထည့်သွင်း ထားပါတယ်။

လက်ရှိတွင် VAR က ကစားသမား များ လူကျွံဘော ဟုတ်/မဟုတ် အတည်ပြုဖို့ ကွင်း အတွင်း video feed ကို analyze လုပ်ခြင်း နှင့် မျဉ်းကြောင်းများ ဆွဲခြင်းတို့ ပါဝင် သော်လည်း ဥပမာ အနေဖြင့် ဘောလုံးက ကစားသမားရဲ့ ခြေထောက်မှ ထွက်ခွာမယ့် အချိန် အတိအကျ ကို ဆုံးဖြတ်ဖို့ ကြည်လင် ပြတ်သားမှု ( သို့မဟုတ် ) frame rate က အမြဲ မရှိပါပေ ။

ပွဲတစ်ပွဲ ကို ကြည့်ရှုပြီး ဖျက်သိမ်း လိုက်ခြင်း ရှိ/မရှိ သိရှိဖို့ တရားဝင်ဟု ထင်ရတဲ့ ဂိုးတစ်ဂိုး သွင်းပြီးနောက် မိနစ် များစွာ စောင့်ရ ခြင်းဟာ စိတ်ပျက် စရာ တစ်ခု ဖြစ်နိုင်ပါ တယ်။

“VAR has had a very positive impact in football and the number of major mistakes is reduced, but there are areas where it can be improved – and offside is one of them,” ဟု FIFA ရဲ့ ဒိုင်လူကြီး ဖြစ်သူ Pierluigi Collina က BBC မှာ ပြောကြား ခဲ့ပါတယ်။ “We are aware the process to check offsides can take longer [than other decisions], especially when it is very tight. We are also aware that the positioning of the lines may not be 100-percent accurate.”

Arab Cup မှာ စမ်းသပ်မှုတွေ အောင်မြင် ပါက ဒီ system ကို လာမည့် နှစ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ( World Cup ) တွင် အသုံးပြုဖွယ် ရှိကြောင်း BBC သတင်း ဌာနက ဖော်ပြခဲ့ ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။