Facebook’s Meta watch မှာ ပထမဆုံး ပေါက်ကြားလာတဲ့ image အရ camera notch တစ်ခု ပါ၀င်

Image: Bloomberg

Facebook ရဲ့ smartwatch ၏ ပထမဆုံး ပေါက်ကြားလာတဲ့ images များမှာ ၎င်းကို ရှင်းရှင်းလင်းလင်း တွေ့ရတာပဲ ဖြစ်ပါတယ်။

၎င်းဟာ လူတွေ ရယ်မောစေတဲ့ အရာ ဖြစ်ပြီး ၊ front-facing camera ဟု ထင်ရတဲ့ အရာမှာ notch တစ်ခုရှိပါတယ်။ Photo မှာ watch’s screen ကို ပိတ်ထား သော်လည်း သေးငယ်တဲ့ camera eye တစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ နိုင်ပါတယ်။

Bloomberg မှ ပထမဆုံး အစီရင် ခံခဲ့တဲ့ photo ကို ၎င်း၏ Ray-Ban Stories smart glasses အတွက် ကုမ္ပဏီ၏ app အတွင်းမှာ တွေ့ရှိခဲ့ ပါတယ် ။ Code မှာ “Milan” ဟု ရည်ညွှန်း ထားတဲ့ watch တွင် Apple Watch ကဲ့သို့ ကြီးမားတဲ့ display တစ်ခု ပါရှိပါတယ်။ သို့သော် ထို smartwatch မှာ camera မပါ ရှိပါဘူး။

Bloomberg ၏ အဆို အရ ယနေ့ picture ဟာ consumers တွေ မြင်ဖူးတဲ့ version တစ်ခု မဟုတ်ပေ။ သို့သော်လည်း ၎င်းဟာ Facebook ၏ အလုပ် နှင့် ပတ်သက်ပြီး အစောပိုင်း သတင်း ပို့မှုကို အတည်ပြု ထားပါတယ်။

၎င်းဟာ ဇွန်လတွင် ဖော်ပြ ခဲ့တဲ့ watch နှင့် တူနေပါက၊ second, detachable camera လည်း ပါရှိ မှာပဲ ဖြစ်တယ်။ Video calls တွေ အတွက် ရှေ့ကင်မရာ ( front-facing camera) ကို အသုံးပြု နိုင်ပြီး အဆင်ပြေ ချောမွေ့စေတဲ့ high 1080p resolution ပါရှိ ပါတယ်။ Watch ဟာ LTE ကို support မှာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီတွင် The Information က နာရီတွင် health ၊ fitness နှင့် messaging features တွေ ပါဝင် လာမယ်လို့ ဖော်ပြ ခဲ့ပါတယ်။

ဇွန်လတွင် အဆိုပါ device ကို 2022 နွေရာသီမှာ စတင် ရောင်းချဖို့ စီစဉ် ထားသော်လည်း Bloomberg ၏ သတင်းရင်းမြစ် ( source )က ထုတ်ပြန်မယ့် အချိန် နှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက် မချရ သေးကြောင်း သိရ ပါတယ်။

Smartwatch market ကို Google ၊ Garmin ၊ Samsung နှင့် Apple တို့က လွှမ်းမိုး ထားပါတယ်။ ထို့ကြောင့် သူ့ကိုယ်သူ ခွဲခြား သိနိုင်ဖို့ Facebook ၏ ကမ်းလှမ်းမှုဟာ smartphone တစ်လုံးကို ပိုပြီး နီးစပ်တဲ့ တုပမှုမျိုး ဖြစ်ဖို့ ရည်ရွယ် ပါတယ် ။ ပြိုင်ဆိုင်မှု ကို ထောက်ပြရင်း CEO Mark Zuckerberg က ကြာသပတေးနေ့ရဲ့ Connect keynote မှာ Android နှင့် iOS ကို ရည်ညွှန်းကာ “closed platforms,” ဟု ခေါ်တဲ့ အရာကို ကြိမ်းမောင်း ပြောဆိုခဲ့ပါတယ် ။ ယခု ရက်သတ္တပတ် အစောပိုင်းက ၎င်း၏ earnings call မှာ Facebook က Apple ရဲ့ ad-tracking features တွေကို revenue targets လွဲချော်သွားတဲ့အတွက် တစ်စိတ်တစ်ပိုင်း အပြစ်တင် ခဲ့ပါတယ်။

ယနေ့ အစောပိုင်းတွင် Facebook က ၎င်း၏ parent company Meta ကို ပြန်လည် brand ထုတ် ခဲ့ပါတယ်။ သို့သော် 2014 မှ MetaWatch တစ်ခု ရှိနှင့်ပြီး ဖြစ်ပါတယ်။ ကံကောင်း ထောက်မ စွာဖြင့်၊ ၎င်းဟာ brand ထုတ်ခြင်း နှင့် intellectual property ထူးဆန်းသော lawsuits များ နှင့် ၎င်းနှင့်အတူ ပါရှိတဲ့ legal discovery ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ယခင်က Facebook ဟု လူသိများတဲ့ ကုမ္ပဏီက ဒီသတင်းနှင့် ပတ်သက်၍ မှတ်ချက် ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

Leaked photo of Facebook’s Meta smartwatch shows camera notch. | Image : Yahoo

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။