Facebook’s AI moderator က ဘာတွေကို လုပ်ဆောင်တာလဲ ?

Facebook အသုံးပြုသူများ၏ comments များကို Facebook’s AI moderator သည် group admins များကို ပြောပြလိမ့်ပါမည်။ Facebook မှ group admins များကို သူတို့၏ communities အပေါ် ထိန်းချုပ်မှုကို ကူညီရန် tools အသစ်များကို ဖန်တီး ထားပါတယ်။ လူအချို့၏ posts များ နှင့် members များအား ရှင်းလင်းသည့် ခြုံငုံ သုံးသပ်ချက်ကို တင်ပြရုံ သာမက comments များတွင် ဖြစ်ပျက်နေသော “အငြင်းပွားဖွယ် (သို့မဟုတ်) ကျန်းမာရေးနှင့် မညီညွတ်သော ပြောဆိုမှုများ” ကို Facebook က ဖော်ထုတ် နိုင်သည်ဟု ပြောကြားသော AI-powered feature တစ်ခု ပါဝင် ပါတယ်။

အဲ့ tool ကို Conflict Alerts ဟု ခေါ်ပါတယ်။ Facebook က ယခုပင် ၎င်းကို စမ်းသပ်နေခြင်းကြောင့် ရရှိနိုင်မှုကို မရှင်းလင်းနိုင်သေး ဟုဆိုပါတယ်။ ၎င်းသည် ရှိပြီးသား Keywords alerts feature နှင့် ဆင်တူပါတယ်။ admins များအနေဖြင့် commenters များက အချို့သော စကားလုံးများ နှင့် စကားစုများကို အသုံးပြုသောအခါ သတိပေးချက်များ ပြုလုပ်နိုင်ပါတယ်။ သို့သော် ပို၍ သံသယရှိသော ပြသနာများကို ရှာဖွေရန် machine learning models များကို အသုံးပြုပါတယ်။
admin တစ် ဦး ကို သတိပေးပြီးသောအခါ သူတို့သည် comments များကို ဖျက်ခြင်း၊ group တစ်ခုမှ အသုံးပြုသူများကို boot လုပ်ခြင်း၊ တစ် ဦး ချင်းစီ၏ comment များကို မကြာခဏ ကန့်သတ်ခြင်း (သို့မဟုတ်) အချို့ posts များတွင် comments များကို မကြာခဏ ပြုလုပ်နိုင်ခြင်း တို့ဖြင့် အရေးယူ နိုင်ပါတယ်။

ဒီ Feature က “အငြင်းပွားဖွယ် (သို့မဟုတ်) ကျန်းမာရေးနှင့် မညီညွတ်သော ပြောဆိုမှုများ” ကို ဘယ်လောက်ထိ ရှာဖွေ တွေ့ရှိမည်ဆိုတာ တိတိကျကျ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ Comment ပေးချိန်တွင် Facebook အနေဖြင့် အသေးစိတ် မပြောသေးပါ။

သို့သော် Conflict Alerts သည် Facebook တွင် ရှိနှင့်ပြီးသားဆိုသော site ပေါ်တွင် ကြမ်းတမ်းသော ပြောဆိုမှုကို ညွှန်ပြသော AI systems များကို အသုံးပြုပါတယ်။ ဒီလိုမျိုး models မျိုးတွေဟာ ၁၀၀ ရာခိုင်နှုန်း နီးပါး ယုံကြည် စိတ်ချရလောက်တဲ့ အရာမဟုတ်ဘဲ ဟာသ၊ irony နဲ့ ဘန်းစကားလို ရိုးရှင်းတဲ့ အရာတွေနဲ့ လှည့်စား ခံရလေ့ ရှိတယ်။

ဒီနေ့ မိတ်ဆက်ပေးမယ့် အခြား tools အသစ်တွေမှာ admin homepage အသစ်တစ်ခု ပါ ၀ င်ပါတယ်။ ဒါက dashboard တစ်ခုအနေနဲ့အလုပ်လုပ်မှာပါ။ “ posts များ၊ members များနှင့် reported comments များ” ကို ခြုံငုံ ဖော်ပြခြင်း ၊ “ အဖွဲ့ ၀ င်တစ် ဦး ချင်းစီ၏ လှုပ်ရှားမှုများကို စုစည်းထားသော” member summaries များသို့ ဝင်ရောက်ခြင်းများ ပါ ၀ င်ပါတယ်။

ထို့အပြင် အလိုအလျောက် comment ပေးခြင်းကို စီမံရန်အတွက် Admin Assist feature အသစ်လည်း ပါရှိပါတယ်။ Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။