Facebook Messenger က voice နှင့် video calls များအတွက် end-to-end encryption ကို ထည့်သွင်း

Facebook က Messenger မှာ voice call နှင့် video call များအတွက် end-to-end encryption ကို ထည့်သွင်း ပေးခဲ့ ပါတယ်။ Company က ၎င်း၏ ပျောက်ဆုံးနေသော messages များအတွက် ထိန်းချုပ်မှု အသစ်များ နှင့်အတူ အပြောင်းအလဲကို စတင် ဖြန့်ချိ လိုက်ကြောင်း blog post တစ်ခုမှာ ကြေငြာခဲ့ ပါတယ်။ အချို့ သုံးစွဲသူများဟာ encryption နှင့် ပတ်သက်သော features စမ်းသပ်မှု အသစ်များ ကိုလည်း မြင်တွေ့ နိုင်မှာပဲ ဖြစ်ပါတယ်။

Facebook Messenger က 2016 တွင် text messages အတွက် end-to-end encryption ကို ရရှိခဲ့ပြီး Facebook က ၎င်း၏ app တွင် “ secret conversation” option တစ်ခုကို ထည့်ပေးခဲ့ ပါတယ်။ ယခု ထို mode ဟာ call ခေါ်ဆိုမှု ကိုလည်း ပံ့ပိုး ပေးပါတယ်။ Facebook က voice call နဲ့ video call တွေကို စိတ်ဝင်စားလာတဲ့ အတွက် feature က ထပ်တိုး လာတယ်လို့ ပြောပြီး Messenger က တစ်နေ့ကို video call ခေါ်ဆိုမှုပေါင်း 150 million ကျော် ရှိနေတယ်လို့ ပြောပါတယ်။

Facebook chat app WhatsApp က end-to-end encryption ( သိုမဟုတ် ) E2EE ဖြင့် ခေါ်ဆိုမှုကို ကမ်းလှမ်း ခဲ့ပြီး ပေးပို့သူ ( sender ) နှင့် လက်ခံသူ ( receiver )မှ လွဲ၍ encrypt လုပ်ထားသော data များကို မမြင်ရပါ။ ထို့ကြောင့် Zoom ၊ Signal နှင့် Apple ၏ FaceTime ကဲ့သို့ အခြား video call ခေါ်ဆိုမှု app အချို့ကို ပြုလုပ်ပါ။ Facebook က E2EE ကို messaging services များ တစ်လျှောက် “becoming the industry standard” တစ်ခု အဖြစ် သတ်မှတ် ပါတယ်။ အစောပိုင်း ကောလာဟလများ အရ Facebook က WhatsApp ၊ Messenger နှင့် Instagram တို့တွင် တစ်စု တစ်စည်းတည်း ၊ end-to-end encrypted messaging system ကို ဖြန့်နိုင် လိမ့်မည်ဟု အကြံပြု ခဲ့သော်လည်း ယခု အချိန်ထိ ဖြစ်မလာခဲ့ သေးပါဘူး။

Text conversations များဟာ သေးငယ်သည့် update တစ်ခု ရလာ ပါတယ်။ Message ပျောက်သွားရန် သတ်မှတ်ပါက ၎င်းဟာ သက်တမ်း ကုန်ဆုံးချိန်မှာ five seconds မှ 24 hours ကြားတွင် ရွေးရန် options ကို တွေ့ရ ပါလိမ့်မယ်။ ( မူလက one-minute ၊ 15-minute ၊ one-hour ၊ four-hour နှင့် 24-hour တိုးပေးရန် ကမ်းလှမ်းခဲ့ ပါတယ်။ )

လူတိုင်းက အထက်ပါ updates များကို မြင်မည် ဖြစ်သော်လည်း Facebook က အခြား features များအတွက် ကန့်သတ်ထားသော beta test တစ်ခုကို လုပ်ဆောင် နေပါတယ်။ သုံးစွဲသူ အချို့ဟာ “ရှိပြီးသား existing chat တစ်ခု (သို့) ချိတ်ဆက် ထားပြီးသား friends များ နှင့် family များ အကြား “ end-to-end encrypted group chat များ နှင့် call ခေါ်ဆိုမှုများအတွက် option တစ်ခုကို တွေ့ရ ပါလိမ့်မယ်။ အခြား သူများက Facebook ၏ non-E2EE ထိန်းချုပ်မှုများ အတွက် Messenger မှ ၎င်းတို့အား ဘယ်သူက ဆက်သွယ်နိုင်မလဲ ဆိုတာကို ထောက်ပံ့မှု ရရှိ ပါလိမ့်မယ်။ နောက်ဆုံး အနေနဲ့ Instagram ကို သုံးလျှင် “limited test” တစ်ခုဟာ ထို app ၏ တိုက်ရိုက် messages များအတွက် opt-in E2EE ကို ကမ်းလှမ်း ပါလိမ့်မယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။