Facebook Meesenger ရဲ့ Built-in Bill Splitting Feature

Image : www.pexels.com

Facebook ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ Meta က လာမယ့် သီတင်းပတ်မှ စတင်ပြီး US က Facebook အသုံးပြု တွေနဲ့ စမ်းသတ်မှုတွေ ပြုလုပ်မယ့် Facebook Messenger မှာ built-in bill splitting feature ကို မိတ်ဆက် ပေးခဲ့ ပါတယ်။

ဒီ feature က အခန်းဖော် သူငယ်ချင်း တွေနဲ့ ဘေလ် ခွဲဝေ သုံးတာ ဒါမှမဟုတ် သူငယ်ချင်းတွေ နှင့် စားသောက်ဆိုင် ဘေလ်ကို ခွဲဝေ ပေးဆောင်တာ စတဲ့ အခြေအနေ တွေမှာ အသုံး၀◌င် ပါတယ်။

ဒီ feature ဖြင့် group chat တွေမှာ လူအများ ဆီက ပိုက်ဆံ တောင်းတဲ့ အခြေနေတွေမှာ အသုံးပြု နိုင်ပြီး ဘယ်သူ ငွေပေး ခဲ့တာလဲ ဆိုတာကိုလဲ ကြည့်နိုင် ပါတယ်။

Meta မှ အောက်မှာ ဖော်ပြထားတဲ့ screenshots ပုံတွေမှာ feature က ဘယ်လို အလုပ် လုပ်တာလဲ ဆိုတာကို ကြည့်နိုင် ပါတယ်။

Meta ရဲ့ အရောင်းအ၀ယ် တွေကို စိစစ်ပြီး ဒစ်ဂျစ်တယ်ပိုင်း ဆိုင်ရာ ငွေကြေး နှင့် Messenger အကြီးအကဲလည်း ဖြစ်တဲ့ David Marcus က ကုမ္ပဏီမှ ထွက်ခွာ တော့မယ်လို့ ကြေညာ ပြီးနောက် မကြာမီမှာပဲ အဆိုပါ အင်္ဂါရပ် feature ဟာ ရောက်ရှိ လာခဲ့ ပါတယ်။

Meta က Messenger နှင့် Instagram မှ ဗီဒီယို ခေါ်ဆိုမှု တွေမှာ နာမည်ကြီး ဖန်တီးရှင် တွေနဲ့ ဖန်တီး ထားပြီး လူတွေကို တူညီတဲ့ အရွယ်အစားနဲ့ သဘာ၀ ကျကျ effects တွေကို အတူ တကွ အသုံးပြု ခွင့်ရရှိစေတဲ့ Group Effects အသစ်တွေ ကိုလည်း ထည့်သွင်း ပေးထား ပါတယ်။

Los Angeles အခြေစိုက် အမေရိကန် အင်တာနက် ရုပ်ရှင် ရိုက်ကူးသူ နှင့် illusionist တစ်ဦး ဖြစ်တဲ့ Zach King နဲ့ အတူ ရိုက်ကူး ဖန်တီးထားသော connection ကြားခံ တစ်ခုလို ပုံစံ ဖြစ်စေတာ အရာ တစ်ခု နှင့် Emma Chamberlain ရဲ့ ဖန်းတီးမှု အရာ တစ်ခု တို့ အပါအဝင် သုံးမျိုးကို ရရှိ နိုင်ပါပြီပဲ ဖြစ်ပါတယ်။

Meta က မကြာသေးမီက “soundmoji” အသစ် ကိုလည်း မိတ်ဆက် ပေးထား ပါတယ်။ နှစ်ခုကို Stranger Things ကနေ ပြသဖို့ စိတ်ကူး ထားပြီး တစ်ခုက Taylor Swift ရဲ့ “Red” ကနေ ဗီဒီယိုဖိုင်ကို ပြသ ပေးထားပါတယ်။

Facebook Messenger’s upcoming bill splitting feature. Image: Meta

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။