Facebook အကောင့် ဟက်ခ်ခံရတဲ့ အခါ ဘယ်လို ပြန်ယူလို့ ရနိုင်တာလဲ ?

Image : www.pexels.com

Facebook အကောင့် ဟက်ခ်ခံရခြင်း ( သို့မဟုတ် ) လွှဲပြောင်း ရယူခြင်းခံရတာမျိုး ဘယ်တော့မျှ မခံရစေဖို့ မျှော်လင့်မိ ပါတယ် ။ ဒါဟာ ဆိုးရွားတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အချိန်နဲ့အမျှ အကောင့်ကို မှန်ကန်တဲ့ ထိန်းချုပ်မှု ပုံစံမျိုးနဲ့ ထိန်းချုပ်ထား သင့်ပါတယ်။ Facebook အကောင့် ဟက်ခ်ခံရတဲ့ အခါ ဘယ်လို ပြန်ယူလို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြ ပေးသွားမှာပဲ ဖြစ်ပါတယ်။ Facebook အကောင့်ကို ထိန်းချုပ်မှု ဆုံးရှုံးနိုင်တဲ့ နည်းလမ်း သုံးမျိုး ရှိပါတယ်။ အမှန်တကယ် အခြေနေမှာ မတူညီတဲ့ ဖြစ်နိုင်ခြေ ရှိသော အခြေ အနေ သုံးခု ရှိပါတယ်။

  • မိသားစုဝင် ( သို့မဟုတ် ) သူငယ်ချင်း တစ်ဦးအား Facebook အကောင့်ကို ကွန်ပျူတာ ( သို့မဟုတ် ) ဖုန်းမှာ “ငှား” ပြီး သုံးခွင့်ပေးတာပဲ ဖြစ်ပါတယ်။ ၎င်းတို့က အကြောင်းအရာကို ယူသုံးတာ ၊ မိမိ ကိုယ်တိုင် သုံးနေသလို မက်ဆေ့ချ် ပို့စ်တွေ တင်တာ ဒါမှမဟုတ် ကြုံရာကျပန်း လူတွေကို လိုက်ပြီး မိတ်ဖွဲ့တာ တို့ကို ဆက်လက် လုပ်ဆောင်တတ် ကြပါတယ်။ အဲ့လိုမျိုးမဖြစ်ရအောင် ပထမဦးစွာ အကောင့်က လော့ဂ်အင် ဝင်ပြီးတဲ့ အခြား နေရာတွေကို စစ်ဆေးကြည့်ရှုဖို့ Facebook ရဲ့ လုံခြုံရေးစာမျက်နှာ security page ကို အသုံးပြုပြီး စစ်ဆေးပါ။

အဲ့ဒီစာရင်းဟာ ယခင်က Facebook ကို အသုံးပြုခဲ့တဲ့ စက်တွေ အားလုံးရဲ့ သတိပေးတဲ့ စာရင်းပဲ ဖြစ်ပါတယ် ။အကယ်၍ အဲ့ဒီ စာရင်းရှိ စက်တစ်ခုခုကို ( သို့မဟုတ် ) အသုံး မပြုတော့ပါက၊ ညာဘက်ရှိ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး အဆိုပါ စက်တွေကို အကောင့်ကနေ ထွက်ရန် လုပ်ဆောင် ရမှာပဲ ဖြစ်ပါတယ်။ ထို့နောက် စကားဝှက်ကို ထူးခြားတဲ့ အသစ်တစ်ခု အဖြစ် ပြောင်းလဲ သတ်မှတ်ပါ။ ထို့အပြင် စက်ကို ဘယ်သူ တစ်ဦးတစ်ယောက်ထံကို မငှားမီ Facebook ( နှင့် Messenger ) ထွက်ဖို့ မမေ့ပါနဲ့။

  • တစ်စုံတစ်ယောက်က ဓာတ်ပုံနှင့် အမည်ကို အသုံးပြုပြီး အကောင့် အသစ်တစ်ခုကို ဖွင့်ထား ပြီးနောက် ၎င်းတို့က ကိုယ့်ရဲ့ FB သူငယ်ချင်းတွေကို ၎င်းတို့ရဲ့ အကောင့်ထဲသို့ ရောက်အောင် ကြိုးစားတက် ကြပါတယ်။ အဲ့လိုမျိုး အခြေနေမှာ ဆိုရင် ကိုယ်က ကိုယ့်ဆီမှာ ရှိနေသေးတဲ့ လူတွေကို ပြောပြပြီး အယောင်ဆောင်သူကို လျစ်လျူရှုဖို့က လွဲလို့ လုပ်နိုင်တာ အများကြီး မရှိပါဘူး။ မိတ်ဖွဲ့ပြီးသားဟု ထင်တဲ့ တစ်စုံတစ်ဦးထံမှ ( သို့မဟုတ်) ကိုယ် နှင့် နှစ်အတော်ကြာ မဆက်သွယ်ဖူးတဲ့ တစ်စုံတစ်ဦးထံမှ သူငယ်ချင်းအဖြစ် တောင်းဆိုမှု တစ်ခုကို လက်ခံရရှိတဲ့အခါ အသိဖြစ်တဲ့အကြောင်း သတိပေးတာတစ်ခုခု ရှိသင့်ပါတယ်။ တောင်းဆိုချက်ဟာ စစ်မှန်ခြင်း ရှိ၊ မရှိ မေးတဲ့ အီးမေးလ် ( သို့မဟုတ်) စာတို ပေးပို့ပါ။

  • တစ်စုံတစ်ယောက်က အကောင့်စကားဝှက်ကို ခန့်မှန်းပြီး အကောင့်ကို လော့ခ်ချရန် လုပ်ဆောင်ဖို့ ကြိုးစား တတ်ကြပါတယ်။ အဲဒီ အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်ပြီး ၎င်းကို ပြုပြင်ခြင်းတာ Facebook အကောင့် နှင့် ချိတ်ဆက်ထားသော အခြား အရာတွေ နှင့် ၎င်းကို ပြန်လည် ရယူဖို့ ဘယ်လောက်ထိ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတာတို့ အပေါ် မူတည်မှာပဲ ဖြစ်ပါတယ်။

ဒီနောက်ဆုံးအခြေအနေမှာ ရောက်ရှိနေတယ်ဆိုရင် အခြေခံ ရွေးချယ်စရာ သုံးခု ရှိပါတယ်။

အဲဒီလို အချိန်ဟာ Facebook ကို မသုံးတော့တာ ပိုကောင်းပါတယ် ။ ပြဿနာက ကိုယ်လို အယောင်ဆောင်နေတဲ့ တစ်စုံတစ်ယောက် ရှိနေတာကြောင့် ကိုယ့်ရဲ့ အထောက်အထား အချက်အလက်တွေကို ရာဇ၀တ်မှု နှင့် ဆိုင်တဲ့ အခြေအနေတွေမှာ အသုံးချ နိုင်ပါတယ်။ အကောင့်နှင့် ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့် တွေကို အသုံးချဖို့ ဒါမှမဟုတ် အမည်နဲ့ ခရက်ဒစ်ကတ်တွေ ဖွင့်တာ စတဲ့ နေရာတွေမှာ အသုံးချနိုင်ပါတယ်။
Facebook’s own obscure and oftentimes contradictory steps တွေကို အသုံးပြု၍ အကောင့်ကို ကိုယ်တိုင် ပြန်လည် ထည့်သွင်းဖို့ လုပ်ဆောင် ကြည့်ပါ။ သို့သော် ဤကဲ့သို့ ပြုလုပ်ဖို့ လွယ်ကူတဲ့ နည်းလမ်းမရှိသေးတာကို သိရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ အနည်းငယ် ဆန့်ကျင်ဟန်ရှိတဲ့ အခြားသူတစ်ဦးရဲ့ အကောင့်မှ တစ်ဆင့် Facebook ပံ့ပိုးကူညီမှုနှင့် ဆက်သွယ်ရမှာ ဖြစ်တာကြောင့် အိမ်ထောင်ဖက် ( သို့မဟုတ် ) သူငယ်ချင်းအကောင့်ကို ငှားပြီး အသုံးပြုရမှာပဲ ဖြစ်ပါတယ်။(၎င်းက အကောင့်နှစ်ခုလုံးကို နောက်ဆုံးမှာ ပယ်ဖျက် သွားစေနိုင်သောကြောင့် ဒုတိယ အကောင့်တစ်ခု ဖွင့်ဖို့ မပြုပါနှင့်။) ထို့နောက် ရွေးချယ်စရာ များစွာထဲမှ တစ်ခုကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ အကောင့်ကို ပြန်လည်ရယူဖို့ rabbit hole ထဲသို့ ဝင်ပါ။ အကယ်၍ အခြား အင်တာနက် ဝန်ဆောင်မှုများသို့ အကောင့်ဝင်ဖို့ Facebook ကို အသုံးပြုပါက၊ အဲ့ဒီလင့်ခ်တွေကို ချိတ်ဆက်မှု ပိတ်ဖို့ လိုအပ်ပါတယ်။

  • အဲဒီလို အချိန်ဟာ Facebook ကို မသုံးတော့တာ ပိုကောင်းပါတယ် ။ ပြဿနာက ကိုယ်လို အယောင်ဆောင်နေတဲ့ တစ်စုံတစ်ယောက် ရှိနေတာကြောင့် ကိုယ့်ရဲ့ အထောက်အထား အချက်အလက်တွေကို ရာဇ၀တ်မှု နှင့် ဆိုင်တဲ့ အခြေအနေတွေမှာ အသုံးချ နိုင်ပါတယ်။ အကောင့်နှင့် ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့် တွေကို အသုံးချဖို့ ဒါမှမဟုတ် အမည်နဲ့ ခရက်ဒစ်ကတ်တွေ ဖွင့်တာ စတဲ့ နေရာတွေမှာ အသုံးချနိုင်ပါတယ်။
  • Facebook’s own obscure and oftentimes contradictory steps တွေကို သွား၍ အကောင့်ကို ကိုယ်တိုင် ပြန်လည် ထည့်သွင်းဖို့ လုပ်ဆောင် ကြည့်ပါ။ သို့သော် ဤကဲ့သို့ ပြုလုပ်ဖို့ လွယ်ကူတဲ့ နည်းလမ်းမရှိသေးတာကို သိရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ အနည်းငယ် ဆန့်ကျင်ဟန်ရှိတဲ့ အခြားသူတစ်ဦးရဲ့ အကောင့်မှ တစ်ဆင့် Facebook ပံ့ပိုးကူညီမှုနှင့် ဆက်သွယ်ရမှာ ဖြစ်တာကြောင့် အိမ်ထောင်ဖက် ( သို့မဟုတ် ) သူငယ်ချင်းအကောင့်ကို ငှားပြီး အသုံးပြုရမှာပဲ ဖြစ်ပါတယ်။(၎င်းက အကောင့်နှစ်ခုလုံးကို နောက်ဆုံးမှာ ပယ်ဖျက် သွားစေနိုင်သောကြောင့် ဒုတိယ အကောင့်တစ်ခု ဖွင့်ဖို့ မပြုပါနှင့်။) ထို့နောက် ရွေးချယ်စရာ များစွာထဲမှ တစ်ခုကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ အကောင့်ကို ပြန်လည်ရယူဖို့ rabbit hole ထဲသို့ ဝင်ပါ။ အကယ်၍ အခြား အင်တာနက် ဝန်ဆောင်မှုများသို့ အကောင့်ဝင်ဖို့ Facebook ကို အသုံးပြုပါက၊ အဲ့ဒီလင့်ခ်တွေကို ချိတ်ဆက်မှု ပိတ်ဖို့ လိုအပ်ပါတယ်။

  • Hacked.com ကဲ့သို့သော ပြင်ပမှ ပြန်လည် ရယူရေး ဝန်ဆောင်မှုကို အသုံးပြုပါ။ ၎င်းက $249 ကုန်ကျမှာ ဖြစ်ပြီး၊ ကုမ္ပဏီက ဆက်လက် လုပ်ဆောင်ပေးမှာ ဖြစ်ပြီး ၎င်းတို့က မကူညီနိုင်ပါက အခကြေးငွေကို ပြန်အမ်းပေးမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုက်ဆံတွေကို ယူသွားပြီး တခြား ဘာမှ မလုပ်ပေးနိုင်တဲ့ ဟက်ကာတချို့လဲ ရှိတယ်ဆိုတာ သတိထားပါ။

လုံခြုံစိတ်ချမှုရှိစေဖို့ လုပ်ဆောင်ရမယ့် အချက်များ

ဤအရာများက Facebook အကောင့်ကို လုံခြုံအောင်ပြုလုပ်ဖို့ ( သို့မဟုတ် ) ထိုသို့ ဖြစ်လာပါက ဘယ်လို ဆောင်ရွက်သင့်တာလဲ ဆိုတာ အနည်းဆုံး တစ်ခု လုပ်ခြင်းဖြင့် အခုက စတင်ပြီး ပါ၀င်တဲ့ အချက် အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ဂရုစိုက် ပြုလုပ်ထားပါ။

  • Facebook မှာ ပြင်ဆင် သတ်မှတ်ထားတဲ့ ငွေပေးချေမှု နည်းလမ်း (payment methods) တွေ ရှိ/မရှိ စစ်ဆေးကြည့်ပါ။ စစ်ဆေးဖို့ နေရာနှစ်ခုရှိပါတယ် ။ ပထမဦးစွာ Facebook Pay ဟုခေါ်သော လူတစ်ဦးချင်း (သို့မဟုတ်) တခြားအကြောင်းအရာများ အတွက် တိုက်ရိုက် ငွေပေးချေဖို့ အကြွေးဝယ်ကတ်တွေ ချိတ်ဆက်ထားခြင်း ရှိ/မရှိကို ပြသတဲ့ စာမျက်နှာ(page) တစ်ခုရှိပါတယ်။ ကြော်ငြာ ငွေပေးချေမှုနည်းလမ်းများ (ad payment methods )ကို ဖယ်ရှားဖို့ ဒီအခြားလင့်ခ်ကို သွားပါ။ လုပ်ငန်းက ဘယ်ကြော်ငြာကမ်ပိန်းကိုမဆို လုပ်ဆောင်နေပါက ၎င်းတို့ကို ဦးစွာ ရပ်တန့်ရပါမှာပဲ ဖြစ်ပါတယ်။

  • အကောင့်ရဲ့ အီးမေးလ်အဆက်အသွယ် (email contacts)တွေကို ( ဒီ Facebook page ကို အသုံးပြု၍) စစ်ဆေးပါ ။ ပင်မ အီးမေးလ်လိပ်စာ(main email address) ပျက်စီးသွားပါက Facebook မှ အသိပေးချက်(notifications) များကို ပေးပို့ဖို့ အသုံးပြုနိုင်တဲ့ ဒုတိယ အဆက်အသွယ်အီးမေးလ်(second contact email) (ဒါမှမဟုတ် ထို့ထက်ပို၍) ရှိသင့်ပါတယ်။

ဘယ်လို စကားလုံးစာသားတွေကို မဆို click မနှိပ်ခင် သေချာ စဉ်းစားပါ။ အကောင့်ကို ထိခိုက်ပျက်စီးစေတဲ့ ဆိုရှယ်မီဒီယာ ကုမ္ပဏီတစ်ခုမှ မက်ဆေ့ချ်တစ်ခု ရပါက ဘယ်လင့်ခ်ကိုမှ လိုက်ပြီး မနှိပ်ဖို့ (သို့မဟုတ်) မက်ဆေ့ချ်ပါ ဖုန်းနံပါတ်များကို မခေါ်ဆိုဖို့ အကြံပြုပါတယ်။ ဒါက ဟက်ကာတစ်ယောက်ရဲ့ လှည့်စားမှု တစ်ခု ဖြစ်နိုင်တယ်။ ပုံမှန်မဟုတ်တဲ့ အရာများကို သတိထားပါ။ ကိုယ်ပို့တာ မဟုတ်တဲ့ မက်ဆေ့ချ်တွေ ၊ မဖန်တီးထားတဲ့ ပို့စ်တွေ (သို့မဟုတ်) ကိုယ်မပြုလုပ်ခဲ့သော ဝယ်ယူမှုတွေကို ရှိ/မရှိ သတိထားဖို့ အကြံပြုချင်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။