Facebook ရဲ့ Profile Lock Feature အသစ်

အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ဖေ့ဘုတ်အကောင့်တွေမှာ တင်ထားတဲ့ Public Post တွေအားလုံးကို friend only လုပ်ဖို့အတွက် Facebook က profile lock function လေးတစ်ခုကို ထည့်သွင်းပေးထားပါပြီ။ မြန်မာနိုင်ငံအတွက် အထူး special feature ဖြစ်ပါတယ်။ အရင်က ဖေ့ဘုတ် မှာ ပုံမှန် ကိုယ်ရဲ့ Profile Wall ထဲကို ကိုယ်နဲ့ Friend မဖြစ်တဲ့သူတွေ၀င်ကြည့်တဲ့အခါ ကိုယ် Share ထားတဲ့ တင်ထားတဲ့ Public Post တွေကိုပဲမြင်ရမှာပါ။ အခု ဒီ ဖေ့ဘုတ် ရဲ့ Profile Lock Feature အသစ်မှာတော့ ကိုယ့်ရဲ့ Account ကို လုံး၀ Private လုပ်ပေးလိုက်တာပါ။ ကိုယ်နဲ့ Friend မဖြစ်တဲ့သူတွေ၀င်ကြည့်တဲ့အခါ Public Post တွေတောင် မမြင်ရတော့ပါ။ ဘာဆို ဘာအချက်အလက်မှ Friend မဟုတ်တဲ့သူတွေ မမြင်နိုင်တော့ပါဘူး။ နောက်တခုက Screenshot လည်း ရိုက်လို့မရတော့ဘူး။ For Security Reason ဆိုပြီး SS ရိုက်ခွင့်ကိုလည်း ပိတ်ထားလိုက်ပါတယ်။ ကိုယ့်အကောင့်ကို အလွယ်ကူဆုံးနည်းနဲ့ လုံခြုံအောင် ပိတ်ထားလို့ရသလို public အနေနဲ့လည်း ပြန်ပြောင်းမယ်ဆို ပြောင်းလို့ရပါတယ်။ ဖေ့ဘုတ် ရဲ့ Profile Lock Feature ကို အသုံးပြုလိုပါက Fb setting > Privacy > ကိုယ်ရေးမှတ်တမ်းပိတ်ထားခြင်း > သင့်ကိုယ်ရေးမှတ်တမ်းကိုပိတ်ထားရန် ကိုနှိပ်ပြီး အသုံးပြုနိုင်ပါတယ်။

Facebook 1
Facebook 2
Facebook 3

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။