Facebook က တနင်္လာနေ့က ခြောက်နာရီ ပြတ်တောက်သွားရတဲ့ အကြောင်းအရင်း

Facebook was down for six hours on Monday Illustration by Alex Castro / The Verge

Facebook ဟာ တနင်္လာနေ့ ညက Instagram ၊ Messenger ၊ Whatsapp နှင့် OculusVR တို့နဲ့ အတူ offline ဖြစ်ပြီး ခြောက်နာရီ ကြာ ပြတ်တောက် သွားတာက ၎င်း၏ router တွေအတွက် configuration ပြောင်းလဲမှု တစ်ခုပဲ ဖြစ်ပါတယ်။ ဒါက အသုံးပြု သူ တွေရဲ့ အချက်အလက် တွေကို ရယူဖို့ hack ခြင်း ( သို့မဟုတ် ) ကြိုးစားခြင်း မဟုတ်ပါဘူး လို့ blog post တစ်ခုမှာ ပြောြပ ထားပါတယ်။ ရှင်းပြချက်ဟာ အသေးစိတ် အားဖြင့် အများကြီး မပါ သော်လည်း Facebook ၏ machines တွေက အချင်းချင်း စကား ပြောဆို နိုင်ခြင်း မရှိတာကြောင့် လို့ပဲ ထင်ပါတယ်။ Facebook က “ network traffic ကို အနှောင့်အယှက် ပြုခြင်းဟာ ကျွန်ုပ်တို့၏ data centers တွေကို ဆက်သွယ် မှု ပုံစံ အပေါ် သက်ရောက်မှု ရှိစေပြီး ကျွန်ုပ်တို့၏ services တွေကို ရပ်တန့်စေတယ် “ ဟု ပြောကြား ခဲ့ပါတယ်။

Facebook ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg က တနင်္လာနေ့ ညနေက တောင်းပန် ခဲ့ပြီး platforms တွေက online ပြန်ရောက် လာပါတယ်ဟု ပြောကြား ခဲ့ပါတယ်။ “Sorry for the disruption today — I know how much you rely on our services to stay connected with the people you care about.” လို့ facebook page မှာ ရေးသား ထားခဲ့ ပါတယ်။

တနင်္လာနေ့ ည ၁၀ နာရီ ၁၀ မိနစ် ခန့်တွင် ပြတ်တောက်မှု စတင်ခဲ့ပြီး ကုမ္ပဏီအတွက် ပြသနာဟာ ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်စေ ခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၉ ခုနှစ်မှ စ၍ Facebook ၏ အဆိုးဆုံး ပြတ်တောက်မှု ဖြစ်ပြီး ၎င်း site ဟာ ၂၄ နာရီ ကျော် ကြာအောင် ပိတ်ထား ခဲ့ပါတယ်။ ဝန်ထမ်းတွေဟာ company message boards ပေါ်တွင် အချင်းချင်း ဆက်သွယ်၍ မရခဲ့ကြဘဲ အချို့ သူတို့က ဆက်သွယ်ဖို့ အလုပ်မှ ပေးထားသော Outlook email accounts တွေကို သုံးနေကြောင်း The Verge သို့ ပြောကြား ခဲ့ပါတယ်။

Problems တွေက ပုံမှန် BGP update တစ်ခုနှင့် စတင်ခဲ့ ပုံရပြီး Facebook က အခြား networks တွေဟာ ၎င်း၏ sites တွေကို ရှာဖွေ ခွင့်ပြုဖို့ လိုအပ်တဲ့ DNS routing information တွေအား သုတ်သင် ရှင်းလင်း ခဲ့ပါတယ်။

whistleblower Frances Haugen ဟာ ကုမ္ပဏီမှာ သူမ၏ အတွေ့အကြုံတွေအကြောင်း Congress ရှေ့မှောက် ထွက်ဆိုဖို့ တစ်ရက် အလိုမှာ Facebook ပြတ်တောက် ခဲ့ပါတယ်။

Haugen က ၎င်း၏ Civic Integrity group တွင် အလုပ် လုပ်ခဲ့သော Facebook product manager ဟောင်း Haugen အား Wall Street Journal တွင် သတင်းထောက်များအား internal Facebook documents တွေကို ပေးအပ် ခဲ့ပါတယ်။

သူမက တနင်္ဂနွေနေ့ က မိနစ် ၆၀ ကို Facebook က “pays for its profits with our safety.” ဟု ပြောကြား ခဲ့ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။