Facebook က anti-extremist သတိပေးချက် အသစ်တစ်ခုကို အတည်ပြု

CNN Business ၏အစီရင်ခံစာအရ Facebook အနေဖြင့် အသုံးပြု သူများသည် အစွန်းရောက်ဝါဒ ( extremism ) လမ်းကြောင်း သို့ ရောက်ရှိနေသော တစ်စုံ တစ် ဦး ကို သိလျှင်၊ (သို့မဟုတ်) အသုံးပြုသူ အစွန်းရောက် အကြောင်းအရာများ ( extremist content ) နှင့် ထိတွေ့မိပါက သုံးစွဲသူများကို အစွန်းရောက်ဝါဒ ( anti-extremism ) ထောက်ခံမှုနှင့် အရင်းအမြစ်များကို ချိတ်ဆက်မည့် အချက်ပြ မှုများကို စမ်းသပ်နေ ပါတယ်။

Facebook ၏ ပြောရေး ဆိုခွင့်ရှိသူ တစ် ဦး က အဆိုပါ စမ်းသပ်မှုသည် ကုမ္ပဏီ၏“ extremist content နှင့် ထိတွေ့မိခြင်း (သို့မဟုတ်) တစ်စုံ တစ် ဦး နှင့် သိကျွမ်းခြင်း ရှိသူများ (သို့မဟုတ်) အရင်း အမြစ်များကို ထောက်ပံ့ရန် နှင့် နည်းလမ်းများကို အကဲဖြတ်ရန် ပိုမိုကြီးမားသော အလုပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ကြေငြာချက်တွင် ပြောကြား ခဲ့ပါတယ်။

Facebook က ကုမ္ပဏီသည် ၎င်း၏ စည်းမျဉ်းများကို ချိုးဖောက်သော အစွန်းရောက် အကြောင်းအရာများကို ဆက်လက် ဖယ်ရှားသွားမည်ဟု ပြောကြားခဲ့ ပါတယ်။

ကုမ္ပဏီအနေဖြင့် ၎င်းသည် platform ပေါ် တက်ကြွစွာ ကြိုးစားရန် ကြိုးပမ်းနေသည့် အုပ်စုများမှပင် အလားတူ အကြောင်းအရာများကို ရှာဖွေခြင်းနှင့် ဖယ်ရှားခြင်း ပြသနာများ ကြုံတွေ့ရ နေရပါတယ်။ Facebook သည် အများပြည်သူ နှင့် lawmakers ၏ စစ်ဆေးမှုများကို ကြာမြင့်စွာ ခံယူခဲ့ပြီးဖြစ်တယ် ။ လူအများက ၎င်း၏ algorithms သည် လူတို့ကို ကွဲပြားစေပြီး အစွန်းရောက် အတွေးအခေါ်များဆီသို့ တွန်းပို့ပေးသည်ဟု ကုမ္ပဏီကိုယ်တိုင်က အသိအမှတ် ပြုထားပါတယ်။ Facebook မှ ပြောကြားရာတွင် စမ်းသပ်မှုများသည် နိုင်ငံတွင်းရှိ အကြမ်းဖက်အစွန်းရောက်ဝါဒ ( violent extremism ) နှင့် အန္တရာယ်ရှိသော organizations များကို တိုက်ဖျက်ရန် ကူညီသည့် Redirect Initiative နှင့်အတူတူပင် ဖြစ်သည်ဟု ဆိုပါတယ်။ ၎င်း၏ webpage အရ program သည် (အမည်မှ ဖော်ပြသည့် အတိုင်း) ရွံရှာဖွယ် ကောင်းသော အကြောင်းအရာများ ( hateful content ) အစား သုံးစွဲသူများအား ပညာရေးဆိုင်ရာ အရင်းအမြစ်များသို့ ပြန်ပို့ပါတယ်။ ထို့အပြင် ၎င်းစမ်းသပ်မှုသည် Christchurch Call for Action လှုပ်ရှားမှု၏ တုန့်ပြန်မှု အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း နှင့် စမ်းသပ်မှုသည် အစွန်းရောက် အကြောင်းအရာများကို မြင်တွေ့ခဲ့ကြရသည့် သုံးစွဲသူများ နှင့် အတိတ်ကာလက သူတို့ကို Facebook မှ အရေးယူမှုများကို ကျူးလွန်ခဲ့သူများအား ခွဲခြား သတ်မှတ်ထား ပါတယ်။

စမ်းသပ်မှု တစ်ခုသည် တစ်စုံတစ် ဦး အား violent extremist group (သို့မဟုတ်) လှုပ်ရှားမှုတွင် ပါ ၀ င်နေသည့် ချစ်ရသူကို စိတ်ပူမိပါက ၀ င်ရောက် စွက်ဖက်ရန် ရည်ရွယ်ပါတယ်။ Facebook support page မှာ “ What can I do to prevent radicalization, ” လို့ Facebook က လူတွေကို ရှာဖို့ ကူညီပေးတယ်လို့ ပြောတဲ့ Life After Hate ရဲ့ ExitUSA program ကို Life နှင့် ချိတ်ဆက် ထားပါတယ်။ Support page တွင် hate group မှ ထွက်ခွာရန် ကြိုးစားနေသူ တစ် ဦး နှင့် တွေ့ဆုံရန် အကြံဥာဏ်များလည်း ပေးပါတယ်။

Facebook သည် အခြား platform များ ကဲ့သို့ပင် အချိန်ကြာမြင့်စွာ အစွန်းရောက်ဝါဒ ( extremism )နှင့် ပတ်သက်၍ ပြသနာများ ရှိခဲ့ပါတယ်။ ၎င်းကို တိုက်ခိုက်ရန် ကြိုးစားခြင်းသည် ကောင်းသော်လည်း ၎င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အကောင်အထည် ဖော်သင့်သည်ဟု ထင်မြင်ရသော်လည်း ၎င်း၏ ကြိုးပမ်းမှုများမှာ အနည်းငယ်သာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်တွင် မကောင်းသော အပြုအမူ ပုံစံအမျိုးမျိုးကို တွေ့ရပါတယ်။ platforms များစွာသည် အမျိုးသမီးများအား နှောင့်ယှက် ဖျက်ဆီးသူများ (သို့မဟုတ်)အခြား အထွေထွေ general toxic behavior များကို ပြသရန် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။