E-Signature က Wet Signature ထက် ဘာကြောင့် ပိုလုံခြုံတာလဲ ?

လူအများ မေးလေ့ရှိသော မေးခွန်း တစ်ခုမှာ “ ကျွန်ုပ်၏ digital signature ကို အတု ပြုလုပ်ခြင်း၊ အလွဲသုံးစား လုပ်ခြင်း (သို့မဟုတ်) copy ကူးနိုင်သလား။ ” ဆိုတာပဲ ဖြစ်ပါတယ်။အမှန်တကယ်က ဘောပင် (သို့မဟုတ်) အခြား စာရေးကိရိယာ တစ်မျိုးမျိုးနဲ့ ထိုးထားတဲ့ လက်မှတ် ( wet signatures ) များကို အလွယ်တကူ အတုလုပ်ပြီး ဖျက်နိုင်သော်လည်း electronic signatures များတွင် လုံခြုံရေး အလွှာ များစွာ ပါ၀င်ပြီး တရားရုံးက လက်ခံနိုင်သော ငွေသွင်း ငွေထုတ် အထောက်အထားများ နှင့် ၎င်းတို့ကို တည်ဆောက် ထားပါတယ်။

Electronic record

Wet Signatures များနှင့် မတူဘဲ electronic signatures များဟာ စာရင်းစစ် လမ်းကြောင်းတစ်ခု ( an audit trail ) နှင့် အရောင်းအဝယ်၏ အထောက်အထား အဖြစ် ပါ၀င်သော electronic record တစ်ခု ပါလာ ပါတယ်။ စာရင်းစစ် လမ်းကြောင်းတွင် ၎င်းကို ဖွင့်လှစ် ကြည့်ရှုခြင်း၊ လက်မှတ်ထိုးခြင်း၏ အသေးစိတ်များ အပါအ၀င် စာရွက်စာတမ်းများနှင့် လုပ်ဆောင်ခဲ့သည့် history များ ပါ၀င် ပါတယ်။

ပံ့ပိုးသူ အပေါ် မူတည်၍ လက်မှတ်ထိုးသူက ၎င်းတို့၏ တည်နေရာကို access လုပ်ခွင့်ပြုရန် သဘောတူလျှင် record က ၎င်းလက်မှတ် ထိုးထားသည့် တည်နေရာကို ပြပါလိမ့်မယ်။ လက်မှတ်ထိုးသူတစ်ဦးက ၎င်းတို့၏ လက်မှတ်ကို အငြင်းပွားပါက (သို့မဟုတ်) ငွေပေးငွေယူ နှင့် ပတ်သက်၍ မေးစရာရှိလျှင် ဤ စာရင်းစစ်လမ်းကြောင်းဟာ အရောင်းအဝယ်တွင် ပါ၀င်သူ အားလုံးအတွက် ရရှိနိုင်ပြီး ဤကန့်ကွက်ချက်များကို ဖြေရှင်း နိုင်ပါတယ်။

အရောင်းအ၀ယ်စာချုပ် ချုပ်ဆို ပြီးစီးတဲ့ လက်မှတ်များ ( Certificates of completion )

ပိုမို ပြည့်စုံသော အသေးစိတ် လက်မှတ်များတွင် စာရွက်ပေါ်တွင် လက်မှတ်ထိုးသူ တစ်ဦးစီ၏ အသေးစိတ် အချက်များ ပါ၀င်နိုင် ပါတယ်။ လက်မှတ်ထိုးသူက e-signature ၊ signature image ၊ အဓိက ဖြစ်ရပ် အချိန် တံဆိပ်ခတ်ခြင်း ( key event timestamps ) နှင့် လက်မှတ်ထိုးသူ၏ IP address နှင့် အခြား သတ်မှတ်ထားသော အချက်အလတ်များရဲ့ အသုံးပြုခြင်းကို ညွှန်ပြသော အချက်များ အပါအ၀င် စာရွက်စာတမ်းများတွင် ပါဝင် နိုင်ပါတယ်။

သိသာထင်ရှားတဲ့တံဆိပ် ( Tamper-evident seal )

Digital Signature များက Public Key Infrastructure (PKI) အသုံးပြုရပြီး Digital Signature တစ်ခုစီမှာ Key တစ်စုံစီ Private Key နှင့် Public Key ပါဝင်ပါသည်။ Private Key သည် စာရွက်စာတန်းများကို E-Signature လက်မှတ်ထိုးရာတွင် လက်မှတ်ထိုးသူတစ်ယောက်သာ အသုံးပြုနိုင်ပြီး လက်မှတ်ထိုးသူ၏ ခွင့်ပြုချက်မရှိဘဲ ပြင်ပတွင် အသုံးပြုလို့ မရပါ။ Public Key သည် စာရွက်စာတန်းများကို E-Signature လက်မှတ်ထိုးရာတွင် ပြင်ပတွင်လည်း အသုံးပြုနိုင်ပြီး လက်မှတ်ထိုးသူ၏ identity ကို အတည်ပြုရန်အတွက် Digital Certificate ရှိရပါမည်။ E-Signature လက်မှတ်ထိုးခြင်းသည် ဘောပင်နှင့် စာရွက်ပေါ်တွင် လက်မှတ်ထိုးခြင်းထက် ပိုမိုစိတ်ချရပြီး အီလက်ထရောနစ်စာရွက်စာတမ်းများကို ချက်ချင်းပြင်လို့ ရပါသည်။

E-SIGNATURE ၀န်ဆောင်မှုပေးသူမှ ထုတ်ပေးသည့် အီလက်ထရောနစ်လက်မှတ်အမျိုးအစား ၄ မျိုး ခွဲထားပါတယ်။

1. Personal Certificate ဆိုသည်မှာ လူတစ်ဦးတစ်ယောက် သို့မဟုတ် အများပြည်သူအတွက် ထုတ်ပေးသောအီလက်ထရောနစ်လက်မှတ်တစ်ခုဖြစ်သည်။ အီလက်ထရောနစ် အရောင်းအ၀ယ်များ၏ လုံခြုံရေးကိုထိန်းသိမ်းရန် အသုံးပြုပြီး ဤအီလက်ထရောနစ်လက်မှတ် အမျိုးအစားသက်တမ်းသည် ၁ နှစ်၊ ၂ နှစ်နှင့် ၃ နှစ်သက်တမ်းရှိသည်။


2. Enterprise Certificate
ဆိုသည်မှာ အစိုးရနှင့်ပုဂ္ဂလိကပိုင်အဖွဲ့အစည်းများသို့မဟုတ်အဖွဲ့အစည်းများဖြစ်နိုင်သည့် တရားဝင်အဖွဲ့အစည်းများသို့ထုတ်ပေးသောအီလက်ထရောနစ်အသိအမှတ်ပြုလက်မှတ်ဖြစ်သည်။ ၎င်းမှာအီလက်ထရောနစ်အရောင်းအ၀ယ်များကို လုံခြုံရန်အတွက် အီလက်ထရောနစ်လက်မှတ်များ အသုံးပြုရန်လိုအပ်သည်။ ၁ နှစ်၊ ၂ နှစ်နှင့် ၃ နှစ်သက်တမ်းရှိသည်။


3. Computer / Equipment Certificate
ဆိုသည်မှာ ကွန်ပျူတာသို့ ထုတ်ပေးသော အီလက်ထရောနစ်အသိအမှတ်ပြုလက်မှတ်ဖြစ်သည်။ အီလက်ထရောနစ်အရောင်းအ၀ယ်များ၏ လုံခြုံရေးကိုထိန်းသိမ်းရန် routers များကဲ့သို့ကွန်ယက်ဆက်သွယ်ရေးအတွက်အသုံးပြုသောစက်ပစ္စည်းများတွင် အသုံးပြုသည်။ ဤအီလက်ထရောနစ်လက်မှတ်အမျိုးအစားသက်တမ်းသည် ၁ နှစ်၊ ၂ နှစ်နှင့် ၃ နှစ်သက်တမ်းရှိသည်။

4. Web Server Certificate (SSL Certificate) ဆိုသည်မှာ အီလက်ထရောနစ်အသိအမှတ်ပြုလက်မှတ်ဖြင့် ဝက်ဘ်ဆာဗာ၏အမှတ်အသားကိုအတည်ပြုရန်ထုတ်ပေးသောအီလက်ထရောနစ်အသိအမှတ်ပြုလက်မှတ်ဖြစ်သည်။ ၁ နှစ်၊ ၂ နှစ်နှင့် ၃ နှစ်သက်တမ်းရှိသည်။

Reference: Fusion Solution

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။