Digital Signature တွေဟာ Business တွေအများစုအတွက် ဘာတွေ လွယ်ကူစေနိုင်တာလဲ ?

ယနေ့ digital ခေတ်မှာ စီးပွားရေး လုပ်ငန်း အများစုဟာ စက္ကူမဲ့ ( paperless ) စနစ်ဖြင့် သွားနေ ကြပါတယ်။ဓာတ်ခွဲခန်း စာရွက်စာတမ်းတွေ ၊ engineering diagrams တွေ ၊ contracts တွေ နှင့် ချေးငွေ လျှောက်လွှာ တွေကို ပြောင်းလဲတာ ဖြစ်စေ ၊ ယေဘူယျ အားဖြင့် စာရွက်တွေက စီမံဖို့ ခက်ခဲ လာပြီး စျေးတွေလဲ ကြီးလာ ပါတယ်။

ထို့ကြောင့် အကြောင်းအရာတွေကို တိကျတဲ့ digitizing content တွေက အလွန် အရေးကြီး ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကျွန်ုပ်တို့၏ digital footprint ဟာ ကြီးမားပြီး ပိုမို ကျယ်ပြန့် လာနေပါတယ်။ အီလက်ထရောနစ် အကူးအပြောင်း ( electronic transition )ကို ဖြေလျှော့ဖို့ ချောမွေ့စွာ နှင့် ထိရောက်တဲ့ စာရွက်စာတမ်း စီမံ ခန့်ခွဲမှုဟာ ယခုအခါ လုပ်ငန်း အများစု အတွက် အလွန် အရေးကြီးတဲ့ လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။

Digital Signatures တွေကို အသုံးပြုခြင်းဟာ စီးပွားရေး လုပ်ငန်း အများစု အတွက် လွယ်ကူစေတဲ့ အဓိက သော့ချက် ဖြစ်ပါတယ်။

လေ့လာသူများက ခန့်မှန်းခြေ အားဖြင့် ဤဆယ်စုနှစ် မကုန်မီ data အချက်အလက် ပေါင်း 40 trillion gigabytes ကျော် ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ အဓိပ္ပာယ် ရှိပါတယ်။ စီးပွားရေး အတွက် လိုအပ်တဲ့ Electronic documents တွေဟာ ပိုပြီး မြန်ဆန်စေမှု ၊ ပူးပေါင်း ဆောင်ရွက်မှု ( collaborative ) နှင့် ချောမွေ့စွာ လုပ်ဆောင် နိုင်တဲ့ လုပ်ငန်းစဉ် ( seamless workflows ) တွေကို ပိုပြီး စီမံ ဆောင်ရွက်နိုင် စေပါတယ်။ သူတို့က အချိန်နှင့် ငွေကို သက်သာ စေရုံသာမက အဖွဲ့အစည်းတွေကိုပါ အရင်ကထက် ပိုမြန်ပြီး စမတ်ကျကျ လုပ်ဆောင်ခွင့် ပြုပါတယ်။ ဒါပေမယ့် နေ့စဉ် ထုတ်ပေးတဲ့ content ပမာဏဟာ လွှမ်းမိုး နိုင်ပါတယ်။ General term တွေမှာ “ content shock” ဖြစ်ပြီး၊ သတင်း အချက်အလက် ပမာဏ ဟာ ဈေးကွက်၏ အသုံးပြု နိုင်စွမ်းကို လျင်မြန်စွာ ကျော်တက် သွားပါတယ်။ နောက်တစ်ဆင့်သို့ တက်သွားခြင်း ၊ ခန့်မှန်းချက် များစွာက digital content တိုးတက်မှု နှုန်းဟာ နှစ်တိုင်း နှစ်တိုင်းမှာ အမှန်တကယ် နှစ်ဆအထိ မြင့်တက် နေပါတယ်။ ဒါက စာချုပ်တွေ၊ ချေးငွေလျှောက်လွှာတွေ ၊ အင်ဂျင်နီယာ အစီအစဉ်တွေဘဲ ဖြစ်ဖြစ် ဒေတာ သုံးစွဲသူများအတွက် သာမက စာရွက်စာတမ်းများကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ စီမံနိုင်အောင် ကြိုးစားနေတဲ့ စီးပွားရေး လုပ်ငန်းတွေ အတွက်ပါ ပြဿနာတွေကို ဖြစ်စေပါတယ်။ အဲ့ဒီ ပြသနာရဲ့ အလယ်မှာ digital signatures တွေ ရှိပါတယ်။

လူများစွာက တရားဝင် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ခြင်း မရှိသော်လည်း digital signatures တွေ၏ နောက်ကွယ်မှ သီအိုရီ ( theory) ကို ယေဘုယျအားဖြင့် နားလည် ကြပါတယ်။ အဲ့ဒီ electronic signatures တွေဟာ စာရွက်စာတမ်းများကို ပြန်ပြီး ပြုလုပ်ဖို့ ၊ ပုံတူပွားဖို့ (သို့) အလျှော့အတင်း ပြုလုပ်ဖို့ ခက်ခဲတဲ့ ထူးခြားသော digital codes တွေနဲ့ ထိရောက်စွာ encrypt လုပ်ထားပါတယ်။ခိုင်မာတဲ့ digital signature တွေက transmission လုပ်နေချိန် အတွင်းမှာ message contents တွေ ပြောင်းလဲမှု မရှိစေတာကို အာမခံ ပါတယ်။ Process က e-mails များမှ online orders တွေအထိ online content အားလုံး နီးပါးကို လုံခြုံစေပါတယ်။ ၎င်း process မှာ အက္ခရာစဉ်လိုက် စီခြင်းအားဖြင့် ကိုယ်စားပြုတဲ့ ထူးခြားသော ဂဏန်း တန်ဖိုးတွေကို ပေါင်းစပ်ထားတဲ့ ရှုပ်ထွေးသော mathematical process တစ်ခု ပါ၀င် ပါတယ်။ Computer တစ်လုံးကသာ အဲ့ဒီ combination အမျိုးစားတွေကို ဖန်တီးဖို့ ထူးခြားတဲ့ အရည်အချင်း ရှိပါတယ်။ ဒါပေမယ့် Digital signatures တွေကို လက်ခံဖို့ လမ်းကြောင်းက အမြဲတမ်းတော့ မလွယ်ပါဘူး။နောက်ဆုံးတော့၊ စျေးကွက် အတွင်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ် စေနိုင်တာကို ဖြေရှင်းနည်းတွေ အများကြီး ရှိပါတယ်။ Digital Signatures တွေကို သေချာ သဘောပေါက် နားလည်စွာ သိဖို့ လိုပါတယ်။

Reference: GlobalSign

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။