Excel နဲ့ Google Sheets တွင် Data Visualization လုပ်နည်း အခြေခံ

Data Visualization သည် Data များကို ရိုးရှင်းသိသာစွာ ပုံဖော်ပေးနိုင်ပြီး လုပ်ငန်းဆောင်တာများတွင် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကူညီပေးသည်။ Excel နဲ့ Google Sheets ကဲ့သို့သော spreadsheet tools တွေမှာ Data ပုံဖော်မှုလုပ်နည်း အခြေခံများကို ကျွမ်းကျင်စွာ အသုံးချနိုင်ခြင်းက သင့် Data များကို ပိုမိုနားလည်စေပြီး ရလဒ်တိုးတက်မှုရှိစေပါသည်။
Data Visualization ဆိုတာဘာလဲ?
Data ပုံဖော်မှုသည် ဒေတာများကို ပုံနှင့်ပုံစံအမျိုးမျိုးဖြင့် ဖော်ပြခြင်းဖြစ်ပြီး၊ ဒါကြောင့် ဒေတာများကို လွယ်ကူမြန်ဆန်စွာ နားလည်နိုင်စေသည်။ စာသားများနှင့် နံပါတ်များသာဖြင့် မဟုတ်ဘဲ Chart, Graph, Map စတဲ့ အရာတွေကို အသုံးပြုပြီး ဒေတာများကို ရှင်းလင်းထင်ရှားစေသည်။ စီးပွားရေး၊ သုတေသန၊ စာရင်းကိုင်ခြင်းနှင့် အခြားလုပ်ငန်းများတွင် အချက်အလက်မှန်ကန်စွာ သိရှိပြီး Data စီမံခန့်ခွဲရာတွင် အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်လာသည်။
Data ပုံဖော်မှု မည်သို့ အရေးပါသနည်း?
Data ပုံဖော်မှု မရှိဘဲ Data များကို တိုက်ရိုက် စာရင်းနံပါတ်များနှင့် စာသားများအဖြစ်သာ ဖတ်ရှုလျှင် –
ဒေတာများ မရှင်းလင်းခြင်း
ဥပမာအားဖြင့် အရောင်းဒေတာတွေကို စာရင်းပေါ်မှာသာကြည့်လျှင် အချိန်နှင့်အမျှ တိုးတက်မှုများ သို့မဟုတ် ကျဆင်းမှုများ ကိုလွယ်ကူစွာ မတွေ့မြင်နိုင်ခြင်းဖြစ်နိုင်သည်။မြင်သာမှုမရှိခြင်း
အချက်အလက်များကို မြင်သာမှုမရှိခြင်းကြောင့် အရေးကြီးသော သတိပေးချက်များကို အလွယ်တကူမသိရှိနိုင်၍ စီးပွားရေးလုပ်ငန်းများတွင် negative impact ဖြစ်ပေါ်နိုင်သည်။အချိန်ပိုကုန်ခြင်း
မသေချာသော ဒေတာများကို လေ့လာဖို့ အချိန်ပိုကုန်တတ်ပြီး လုပ်ငန်းများ negative impact များ ကြုံရနိုင်သည်။
Data ပုံဖော်မှုကို အသုံးပြုခြင်းဖြင့် ဥပမာ –
အရောင်းတိုးတက်မှုများ၊ ဆုံးရှုံးမှုများကို ဖော်ပြသော Line Chart သို့ Pie Chart များက စီးပွားရေးလုပ်ငန်းရှင်များကို အမြန်ဆုံး နားလည်စေပြီး လိုအပ်သည့် အစီအစဉ်များကို အတိအကျ ချမှတ်နိုင်သည်။
Marketing Campaign အောင်မြင်မှုကို Bar Chart ဖြင့် ကြည့်ရှုနိုင်ပြီး ထိရောက်မှုနည်းသည့် campaign များကို ရှင်းလင်းစွာတွေ့မြင်နိုင်သည်။
Data ပုံဖော်မှု အတွက် Excel အသုံးပြုမှု နည်းလမ်းများ
Excel သည် အလုပ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် Data ကို ရှင်းလင်းမြင်သာစေဖို့ ပုံစံအမျိုးမျိုးကို လွယ်ကူစွာ ဖန်တီးနိုင်သော Tool တစ်ခုဖြစ်သည်။ Excel တွင် Data ပုံဖော်မှုလုပ်ရာတွင် အသုံးများသော နည်းလမ်းများမှာ –
Chart များ ဖန်တီးခြင်း
Excel မှာ Column Chart, Line Chart, Pie Chart, Bar Chart, Scatter Plot စတဲ့ ပုံစံများ ရွေးချယ်နိုင်ပြီး အချက်အလက် အမျိုးအစားနှင့် ရည်ရွယ်ချက်အလိုက် အကောင်းဆုံး Chart ကို ဖန်တီးနိုင်သည်။ ဥပမာ – ရောင်းအားများ အချိန်အလိုက် တိုးတက်မှုကို Line Chart ဖြင့်ဖော်ပြနိုင်သည်။Pivot Table အသုံးပြုခြင်း
Excel ၏ Pivot Table feature သည် အချက်အလက် အရေအတွက်များကို အလိုအလျောက် စုစည်း သုံးသပ်ပေးပြီး Summary Reports များ ပြုလုပ်ရာတွင် အလွန်အသုံးဝင်သည်။ Pivot Table ကို Chart တွေနဲ့ ပေါင်းစပ်ပြီး Dynamic Visualization ဖန်တီးနိုင်ပါသည်။Conditional Formatting
Data တွေမှာ သတ်မှတ်ထားသော အခြေအနေများ အတိုင်း အရောင်ပေးခြင်းဖြင့် Pattern တွေ၊ Trend တွေကို ရှင်းလင်းမြင်သာစေသည်။ ဥပမာ – အရောင်းတန်ဖိုး ၅၀၀၀ ကျော်သောကိစ္စများကို အနီရောင်ဖြင့် ဖော်ပြ၍ လွယ်ကူစွာ သတိပေးနိုင်သည်။
Google Sheets တွင် Data ပုံဖော်မှုများ ကို ဘယ်လို လုပ်မလဲ?
Google Sheets သည် အင်တာနက်ပေါ်မှ အခမဲ့ အသုံးပြုနိုင်ပြီး အဖွဲ့လိုက် အချိန်နှင့်တပြေးညီ စာရင်းဇယားတွေကို edit ပြုလုပ်နိုင်သော cloud-based spreadsheet tool ဖြစ်သည်။ Google Sheets မှာ Data ပုံဖော်မှုများ အတွက် လုပ်ဆောင်နိုင်သည့် နည်းလမ်းများမှာ –
Chart Editor အသုံးပြုခြင်း
Google Sheets တွင် Chart Editor ကနေ Bar Chart, Area Chart, Histogram, Pie Chart, Geo Chart စသည်ဖြင့် Chart အမျိုးမျိုး ရွေးချယ်နိုင်သည်။ အချက်အလက်များအရ လိုအပ်သလို Chart ပုံစံများကို အလွယ်တကူပြောင်းလဲနိုင်ပြီး တိုက်ရိုက် Update လုပ်လို့ရသည်။Dynamic Data Update
Google Sheets သည် Data များကို ပြောင်းလဲသည့်အခါ Chart များကို အလိုအလျောက် ပြန်လည် Update လုပ်ပေးသောကြောင့် အချက်အလက်နောက်ဆုံးအခြေအနေကို အမြဲမြင်သာစေသည်။ ဒါက team collaboration လုပ်ရာတွင် အထူးအဆင်ပြေစေသည်။Collaboration & Sharing Features
မည်သူမဆို အချိန်တစ်ချိန်တည်းတွင် Data များပြင်ဆင်နိုင်ပြီး Visualization ကိုလည်း သေချာလေ့လာနိုင်သဖြင့် အဖွဲ့လိုက် အလုပ်လုပ်ရာတွင် ပိုမိုထိရောက်စေသည်။
စုစည်းချက်
Excel နဲ့ Google Sheets တို့မှာ Data ပုံဖော်မှုများ အတွက် edit အခြေခံ နည်းလမ်းများအပြင် လုပ်ဆောင်နိုင်သော feature များစွာ ပါဝင်ပြီး Data များကို သေချာ၊ ရှင်းလင်းဖော်ပြနိုင်စွမ်းရှိသည်။ သင်၏ လုပ်ငန်းများတွင် Data ပုံဖော်မှုများကို ထည့်သွင်းအသုံးပြုခြင်းဖြင့် Data တွေကို ပိုမိုနားလည်နိုင်ပြီး၊ ဆုံးဖြတ်ချက်များကို မှန်ကန်ထိရောက်စွာ ချမှတ်နိုင်ပါလိမ့်မယ်။
Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။
reference website : Fusion Solution
သင်ကျွန်ုပ်တို့နှင့်ဆက်သွယ်လိုပါက ဤနေရာကို နှိပ်ပါ။